အဘိုး (နတ်)

ဝီကီပီးဒီးယား မှ

အဘိုးသည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ [၁]

သမိုင်း[ပြင်ဆင်ရန်]

အဘိုးနှင့် ပတ်သက်သည့် ခုနှစ်သက္ကရာဇ်နှင့် မြို့ရွာကို မသိရှိရပေ။ အဘိုးသည် တံငါ၊ မုဆိုးအလုပ်ဖြင့် အသက်မွေးပြီး မွန်လူမျိုး ဘိုးတော်ကရင်၊ အချို့ကမူ ဗမာကရင်လူမျိုး “အပိုး” ဟု ပြောကြသည်။

အဘိုးအား နတ်ဘဝမရောက်မီ လူ့ဘဝ၌ပင် ရပ်ရွာများတွင် နတ်ကန္နားပေးသည့်အခါတွင် ၎င်းအတွက် တစ်ပွဲတင်ဆက်ပသကြရသည့်အတွက် “တစ်ပွဲစားကြီး” ဟုလည်း ခေါ်ကြသည်။ တစ်နေ့သောအခါတွင် အဖိုးသည် နောက်ပါများနှင့် တောထဲသို့ အမဲပစ်ထွက်သွားရာ လူအများရှေ့တွင်ပင် ပျောက်ကွယ်သွားပြီး နတ်ဘဝသို့ ရောက်သွားသည်ဟု ဆိုကြသည်။[၁]

ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

အဘိုးသည် ပင်လယ်ပိုင်းတွင် အထူးထင်ရှားသဖြင့် ရေခရီးဖြင့် သွားလာသူများသည် ရိုသေစွာ ပင့်မြှောက်ကြရသည်။ ထို့ပြင် ရေငန်ပိုင်ဦးရှင်ကြီးကို တင်မြှောက်သည့်အခါတွင်လည်း အဘိုးအတွက် အောင်ပွဲတစ်ပွဲ တင်ဆက်ကြရသည်။

အဘိုးသည် နားလေးသဖြင့် အဘိုးအား တင်မြှောက်သည့်အခါတွင် “အဘိုး အဘိုး အဘိုး”ဟု သုံးကြိမ် ကျယ်လောင်စွာအော်ခေါ်ပြီးမှ တင်မြှောက်ကြရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။