အဘိဓာန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အင်္ဂလိပ်-အင်္ဂလိပ် နှင့် အင်္ဂလိပ်-ပါဆီယန်း အဘိဓာန်များ

အဘိဓာန်ဆိုသည်မှာ ဘာသာရပ်တစ်ခု၏ ဝေါဟာရ စကားလုံးများကို အက္ခရာဝလိအရ စီစဉ်၍ အနက် အဓိပ္ပါယ်နှင့် အခြား သိအပ်သော အချက်အလက်တို့ကို ထိုဘာသာရပ်ဖြင့်ဖြစ်စေ၊ အခြား ဘာသာရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသော စာအုပ်ဖြစ်သည်။[၁] အဘိဓာန် အမျိုးမျိုး ရှိလေသည်။

အဘိဓာန်ဟူသည်မှာ ဘာသာစကားတွင် ရှိနှင့်ပြီးဖြစ်သော စကားလုံးများကို အနက်အဓိပ္ပာယ်၊ အထောက်အထား၊ အကိုးအကားများနှင့်တကွ အက္ခရာစဉ်အတိုင်း ဖော်ပြမှတ်တမ်းတင်ထားသော ကျမ်းဖြစ်၏။ အဘိဓာန်သည် မည်သည့်အခါမျှ စကားလုံးအဆန်းမထွင်။ အဘိဓာန်ကို အသုံးပြုရာ၌လည်း အောက်ပါအကြောင်းလေးရပ်အနက် အကြောင်းတရပ်ရပ်ကို သိလို သောကြောင့်သာ အသုံးပြုသည်ဖြစ်ရာ၏။ ယင်းအကြောင်းလေးရပ်မှာ -

  1. စာလုံးပေါင်း (သတ်ပုံသတ်ညွှန်း၊ ရစ်ပင့်ခွဲထားစသည်)ကို သိလိုခြင်း။
  2. အသံထွက်ကိုသိလိုခြင်း
  3. အနက်အဓိပ္ပါယ်ကို သိလိုခြင်း
  4. စကားလုံး၏ ဇစ်မြစ်ကိုသိလိုခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် အဘိဓာန်ကျမ်းတိုင်း အထက်ပါ သိလိုချက်အား လုံး ပါဝင်လိမ့်မည်ဟု မယူဆအပ်ပေ။ အောက်စဖို့အဘိဓာန်ကဲ့သို့သော ကမ္ဘာကျော် အင်္ဂလိပ် အဘိဓာန်ကြီးမှာမူကား အထက်ပါ အင်္ဂါရပ်များအပြင် စကားလုံးကို စတင်အသုံးပြုသော ခေတ်ကိုပင် ဖော်ပြထားလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Webster's New World College Dictionary, Fourth Edition, 2002