အဘဒူကာဝီ ယူစွတ်

ဝီကီပီးဒီးယား မှ

အဘဒူကာဝီ အာမက် ယူစွတ်
Cabdulqaawi Axmed Yuusuf
အပြည်ပြည်ဆိုင်ရာတရားရုံး ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၈ ဖေဖော်ဝါရီ ၆
ဒုတိယ သမ္မတချင်း ဟန့်ကျီ
ယခင်လူရွန်နေ အီဗရာဟင်
အပြည်ပြည်ဆိုင်ရာတရားရုံး ဒုဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၁၅ ဖေဖော်ဝါရီ ၆ – ၂၀၁၈ ဖေဖော်ဝါရီ ၆
သမ္မတရွန်နေ အီဗရာဟင်
ယခင်လူပီတာ တွမ်ကာ
ဆက်ခံသူချင်း ဟန့်ကျီ
အပြည်ပြည်ဆိုရာတရားရုံး တရားသူကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၀၉ ဖေဖော်ဝါရီ ၆
ယခင်လူရေမွန် ရန်ဂျီဗာ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-09-12) ၁၂ စက်တင်ဘာ၊ ၁၉၄၈ (အသက် ၇၅)
အေး, အီတလီပိုင် ဆိုမာလီမြေ
နိုင်ငံသားဆိုမာလီ
လူမျိုးဆိုမာလီ
မိခင်ကျောင်းSomali National University
University of Florence
Graduate Institute of International Studies
အလုပ်အကိုင်ဂျူရီလူကြီး
ကျွမ်းကျင်မှုဥပဒေ

အဘဒူကာဝီ အာမက် ယူစွတ် (ဆိုမာလီ: Cabdulqaawi Axmed Yuusuf) (၁၉၄၈-) သည် ဆိုမာလီနိုင်ငံသား ရှေ့နေနှင့် တရားသူကြီး ဖြစ်ပြီး လက်ရှိတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥက္ကဋ္ဌ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆိုမာလီနိုင်ငံ၊ အရှေ့မြောက်ရှိ အေးမြို့၌ ၁၉၄၈ ခုတွင် မွေးသည်။

ဆိုမာလီအမျိုးသားတက္ကသိုလ်မှ ဥပဒေဘာသာနှင့် ဘွဲ့ရသည်။ ဘွဲ့လွန်ကို အီတလီရှိ ဖလောရင့်တက္ကသိုလ်၌ နိုင်ငံတကာဥပဒေဖြင့် ယူသည်။ ပါရဂူဘွဲ့ကို ဂျနီဗာ၌ ယူသည်။

ဆိုမာလီ၊ အာရပ်၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် အီတလီစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

ဆိုမာလီအမျိုးသားတက္ကသိုလ်တွင် နည်းပြ (၁၉၇၄-၁၉၈၁) လုပ်စဉ် တတိယအကြိမ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာဥပဒေ ဆွေးနွေးပွဲ (၁၉၇၅-၁၉၈၀) ၌ ဆိုမာလီကိုယ်စားလှယ်အဖြစ်သည်။

ဂျနီဗာတက္ကသိုလ်တွင် နည်းပြ (၁၉၈၁-၁၉၈၃) လုပ်သည်။ ဧည့်ပါမောက္ခအဖြစ် ဆွစ်ဇာလန်၊ အီတလီ၊ ဂရိနှင့် ပြင်သစ်တို့သို့ သွားသင်ဖူးသည်။

နယူးယောက်ရှိ UNCTAD (United Nations Conference on Trade and Development) ၏ တရားဝင်မူဝါဒပံ့ပိုးရေးအဖွဲ့၏ ခေါင်းဆောင် (၁၉၈၇-၁၉၉၂)၊ ထိုအဖွဲ့၏ ကိုယ်စားလှယ် (၁၉၉၂-၁၉၉၄)၊ ဗီယင်နာရှိ UNIDO (United Nations Industrial Development Organization) ၏ အာဖရိကကိစ္စများဆိုင်ရာ ဥပဒေအကြံပေး (၁၉၉၄-၁၉၉၈)၊ ထိုအဖွဲ့၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် (၁၉၉၈-၂၀၀၁)၊ UNESCO ၏ နိုင်ငံတကာစံနှင့်တရားဝင်ကိစ္စရပ်များရုံး၏ ညွှန်ကြားရေးမှူးနှင့် ဥပဒေအကြံပေး (၂၀၀၁-၂၀၀၉) စသဖြင့် အဆင့်ဆင့် ထမ်းဆောင်သည်။

၂၀၀၉ ခု၊ ဖေဖော်ဝါရီ ၆ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားသူကြီး ဖြစ်လာပြီး ၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၆ ရက်တွင် ထိုရုံး၏ ဒုတိယဥက္ကဋ္ဌအရာ ရသည်။ ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၆ ရက် တွင် ဥက္ကဋ္ဌအရာသို့ တိုးသည်။ ၂၅ ယောက်မြောက် ဥက္ကဋ္ဌ ဖြစ်လာပြီး ပြင်သစ်မှ ရွန်နေ အီဗရာဟင်၏ အရာကို ဆက်ခံခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥက္ကဋ္ဌအဖြစ် တတိယမြောက် တာဝန်ယူရသော အာဖရိကသား ဖြစ်လာသည်။