အဗ္ဗဒူလာဇစ် ဘူတာဖလိကာ

ဝီကီပီးဒီးယား မှ

အဗ္ဗဒူလာဇစ် ဘူတာဖလိကာ (အာရပ်: عبد العزيز بوتفليقة‎‎ ၁၉၃၇ မတ် ၂ - ၂၀၂၁ စက်တင်ဘာ ၁၇) သည် အယ်ဂျီရီးယားနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး သမ္မတအဖြစ် ဆယ်စုနှစ် ၂ ခုမျှ တာဝန်ယူခဲ့သည်။

(ပြင်သစ်လက်အောက်မှ လွတ်လပ်ရေးရရန် တိုက်သည့်) အယ်ဂျီရီယန်စစ်ပွဲတွင် အမျိုးသားလွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့ဝင်အဖြစ်သည်။ လွတ်လပ်ရေးရသည်နောက် ၁၉၆၃ မှ ၁၉၇၉ အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်၏။ ၁၉၇၄-၇၅ နှစ်ပိုင်းအတွက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသည်။

၁၉၉၉ ခုတွင် သောင်ပြိုကမ်းပြိုနိုင်ကာ သမ္မတဖြစ်လာသည်။ ၂၀၀၄၊ ၂၀၀၉၊ ၂၀၁၄ ရွေးကောက်ပွဲများတွင်လည်း ထပ်ကာထပ်ကာ အရွေးခံရ၏။ သမ္မတသက်တမ်းအတွင်း ၂၀၀၂ ခုတွင် သွေးမြေမစဲဖြစ်ရသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ဤတာဝန်ကို ယခင်သမ္မတ အယ်ယမင်းဇာဝယ်ထံမှ လက်ဆင့်ကမ်းယူရခြင်း ဖြစ်၏။ ဒေသတွင်းမငြိမ်မသက်မှုရှိသော်လည်း အရေးပေါ်အုပ်ချုပ်ရေးကို ၂၀၁၁ ခု၊ ဖေဖော်ဝါရီလတွင် ရုပ်သိမ်းခဲ့သည်။

၂၀၁၃ ခုတွင် နှလုံးခုန်ရပ်သဖြင့် ဆေးရုံတက်ရသည်နောက် သူ၏ စတုတ္ထမြောက် သမ္မတသက်တမ်းကို များစွာ လူသုံးမပြဘဲ နေခဲ့၏။ နောက်ဆုံးတွေ့ရသည်မှာ ၂၀၁၇ ခုက ဖြစ်သည်။ [၁] ဆန္ဒပြမှုကြီးများ ပေါ်လာသည်နောက် ၂၀၁၉ ခု၊ ဧပြီလ ၂ ရက်တွင် ရာထူးမှ နုတ်ထွက်၏။ အယ်ဂျီးရီးယားသမိုင်းတွင် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်အဖြစ် နေရာယူသူ ဖြစ်ခဲ့၏။ [၂] ရာထူးမှနုတ်ထွက်ပြီးနောက် သတင်းပျောက်နေသည်မှာ သူ၏နာရေးသတင်းကို မကြားရခင်အထိပင် ဖြစ်တော့သည်။

ကိုးကား[ပြင်ဆင်ရန်]