အပ်​စိုက်​ကု​သ​ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အပ်စိုက်ကုသခြင်း[ပြင်​ဆင်​ရန်​]

အပ်စိုက်ကုသခြင်း တတ်ပညာသည် ေရှးနှစ်ထောင်ပေါင်းများစွာကပင် တရုတ် နိုင်ငံ၌ အသုံးပြုလာခဲ့သော ဆေးအတတ်ပညာတစ်ရပ်ဖြစ်သည်။ သို့သော် မကြာသေးခင်ကမှ အပ်စိုက်ကုသခြင်းကို လူသိများလာကာ ဝေဒနာပျောက်ကင်းစေသောနည်းအဖြစ်၎င်း၊ ခွဲစိတ်ကုသရာ၌ လူနာကို ထုန်စေသောနည်းအဖြစ်၎င်း အသုံးများလာကြသည်။ ယခုအခါ ခေတ်မီတိုးတက်သော နိုင်ငံများ၌ပင်အပ်စိုက်ကုသ ခြင်းကို လက်တွေ့အသုံးချနေကြလေသည်။ ရှေးဟောင်း ဒဏ္ဍာရီအရ လွန်ခဲ့သော နှစ် ၃၆ဝ⁠ဝခန်ဿက တရုတ်ဘုရင်ကြီး ရှီဟွမ်တီ၏ ပျိုးထောင်ပေးမှုကြောင့် အပ်စိုက်ကုသခြင်းအတတ်ပညာ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသည်။


ရှေးတရုတ် ဆေးပညာရှင် များ၏အဆိုအရ လူ့ခန္ဓာကိုယ်အတွင်း၌ အသက်စွမ်းအင်ဓာတ် စီးသည့်မမြင်နိုင်သော ဓာတ်စီးလမ်းကြောင်း ၁၂ ခုရှိသည်။ အသက်စွမ်းအင်ဓာတ်စီးပုံ မမှန်လျှင်လူကို အနာရောဂါ ရစေတတ်သည်။ ဓါတ်စီးလမ်းေကြောင်း တစ်လျှောက်၌အပ်များကို ထိုးစိုက်ပေးခြင်းဖြင့် အသက်စွမ်းအင်ဓါတ်စီးမှုကို ပြန်လည်ညီညွတ်စေပြီးကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်သည်ဟု ဆိုသည်။ အပ်များကို ထိုးစိုက်ရာတွင် ဝေဒနာဖြစ်ပေါ်သည့် နေရာ၌ ထိုး စိုက်ခြင်း မပြုပေ။ သတ်မှတ်ထား သော နေရာများ၌သာ ထိုးစိုက်ရသည်။ ထိုနေရာများမှာ များသောအားဖြင့် ဝေဒနာဖြစ်ပေါ်ရာနေရာမှ ခပ် လှမ်း⁠လှမ်းတွင် ရှိတတ်သည်။ အပ်စိုက်ကု ဆရာတို့၏ အလိုအရ ခရာကိုယ်ဆိုင်ရာ သဘာဝ ဆောင်ရွက်မှ ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ေရာဂါဝေဒနာများကို အပ်စိုက် ကုသခြင်းဖြင့် ကုသပေးနိုင်သည်။


ဥပမာ= ဖြတ်သီးနှာစေးဖျားေရာဂါ၊ ပန်းနာ၊ အူသိမ်ပြည်တည်နာ၊ အူအတက်ရောင်နာ၊ အူမရောင်နာ၊ ခေါင်း တစ်ခြမ်းကိုက်ရောဂါ စသည်တို့မှာ ခန္ဓာကိုယ်ဆိုင်ရာ သဘာဝ ဖောက်ပြန်မှု ဖြစ်ခြင်းကြောင့် ယင်းတို့ကို အပ်စိုက်ကုသခြင်းဖြင့် အောင်မြင်စွာ ကုသပေးနိုင်သည်။ သို့သော် လေ အောင့်ခြင်း၊ မျက်စိအတွင်း တိမ်စွဲ ခြင်း၊ အရိုးကျိုးခြင်း စသည်တို့မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချွတ်ယွင်းမှုများ ဖြစ်သောကြောင့် ယင်းတို့ကို အပ်စိုက်ကုသခြင်းဖြင့် မကုသနိုင်ဟု ဆိုသည်။ ဆေးသိပ္ပံပညာရှင်အချို့က အပ်စိုက်ကုသခြင်း အတတ်ပညာကို ကောင်းစွာ မယုံကြည်ကြသေးပေ။ အပ်စိုက် ကုသရာတွင် ထိုးစိုက် လိုက်သော အပ်များက ခံစားမှု အာရုံများကို ပိုပေးနိုင်သော နဗ်ကြောများကို ပိတ်ဆို့လိုက်သောကြောင့် ခန္ဓာကိုယ် တစ်နေရာသို့ အာရုံခံစား မှုမရောက်တော့သဖြင့် ထိုနေရာ၌ နာကျင်မှုမရှိ တော့ဘဲ ထုန်သွားရခြင်း ဖြစ်ပေမည်ဟု ဆေးသိပ္ပံပညာရှင်အချို့က ယူဆကြသည်။ သို့သော် ထိုယူဆချက်နှင့် စပ်လျဉ်း၍ အထောက်အထား တစ်စုံတစ်ရာ မပြနိုင်ကြသေးပေ။ အပ်စိုက်ကုသခြင်းဖြင့် မူးယစ်ဆေးဝါး စွဲသူများကိုပင် ကုသပေးသည်။ ယင်းကဲ့သို့ကုသရာ၌ လျှပ်စစ်ဓါတ်အားကိုပါ ထည့်သုံး သည်။ လူနာ၏နားဝ နံဘေးတစ်ဖက်တစ်ချက်၌ အပ်နှစ်ချောင်းကို ထိုးစိုက်ထား ပြီး ငါးဗို့မှ ခြောက်ဗို့အထိရှိသော လျှပ်စစ်စီးကြောင်းကို ထိုအပ်မှတစ်ဆင့် ခရာကိုယ်အတွင်းဖြတ်စီးစေခြင်း ဖြင့် ပျို့အန်ခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ညှိုးငယ်ခြင်း စသော မူးယစ်ဆေးဝါး မသုံးသောကြောင့် ဖြစ်ပေါ်လာသည့် လက္ခဏာများကို နှိမ်နင်းပေးသည်။ ဤသို့ကုသပေးရာ၌ တစ်ကြိမ်လျှင် မိနစ် ၃ဝ ခန့်ကြာသည်။ အစ၌ လူနာကို တစ်ရက်လျှင် တစ်ကြိမ်ကျ အထက်ပါနည်းအတိုင်း ကုသပေးသည်။ ရောဂါသက်လာသည်နှင့်အမျှ ကုသသည့်အကြိမ်ကို အဖြည်းဖြည်းလျှော့ချပေးသွားရသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၇၈