အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ

ဝီကီပီးဒီးယား မှ

အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံသည် မြန်မာစကားပုံတစ်ခုဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

အပေါ်ယံ၌ ရွှေမှုန်ကြဲထားသဖြင့် ရွှေရောင်ဝင်းဝါးနေသော်လည်း အတွင်းသားမှမူ နွားချေးအတိသာ ဖြစ်သကဲ့သို့ အပေါ်ယံ မျက်နှာပန်းအားဖြင့် အမြင်လှသော်လည်း အတွင်းအနှစ်သာရအားဖြင့် အလွန်ညံ့ဖျင်းသည်။ မှန်စီရွှေချလုပ်ငန်းတွင် အပေါ်ယံရွှေမှုန်ကြဲပြီး အထဲ၌ နွားချေးခံ၍ ပြုလုပ်ရသည်ကို ရည်ညွှန်း၍ ဤစကားပုံ ဖြစ်ပေါ်လာသည်။

ကိုးကား[ပြင်ဆင်ရန်]