အပူပိုင်းဒေသ ရောဂါများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများမှာ အပူပိုုင်းဒေသနှင့် အပူပိုင်းဒေသနှင့်နီးသော ဒေသများတွင် ဖြစ်ပွားပျံ့နှံ့သော သို့မဟုတ် တစ်ဦးတည်းပြိုင်ဘက်ကင်းသော ရောဂါများဖြစ်ပါသည်။ ရောဂါပိုးများသည် မပူလွန်းမအေးလွန်းသော ရာသီဥတုများတွင် ပျံ့နှံ့မှုပိုနည်းပါသည်မှာ အင်းဆက်ပိုးကောင်ရေကို ဆောင်းခိုစေခြင်းဖြင့် ထိန်းချုပ်နိုင်သောအေးသောရာသီဖြစ်ပေါ်သောကြောင့်လည်း ဖြစ်ပါသည်။ခြင်နှင့် ယင်တို့ကဲ့သို့ အင်းဆက်များသည် ယခုအချိန်အခါအထိ လူသိအများဆုံးသော ရောဂါပိုးသယ်ဆောင်သူများ သို့မဟုတ် ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သူ ဖြစ်ပါသည်။

ဤအင်းဆက်များသည် လူသားများနှင့် တိရစ္ဆာန်များကို ကူးစက်ပြန့်ပွားစေသော ကပ်ပါးကောင်၊ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်နိုင်ပါသည်။ အများအားဖြင့် ရောဂါပိုးသည် အင်းဆက်ပိုး “ကိုက်ခြင်း”ကြောင့် ကူးစက်ပါသည်။ ကူးစက်စေတတ်သော အရာများကို အရေပြားအောက်တွင် သွေးလဲလှယ်မှု ပြုလုပ်ခြင်းမှတဆင့် ကူးစက်စေပါသည်။ ဤနေရာတွင် ဖော်ပြထားသော ရောဂါတစ်စုံတစ်ရာ အတွက်ကိုမျှ ကာကွယ်ဆေးများ မရနိုင်သေးပါ။ အများအပြားမှာ ကုသရန်နည်းလမ်းမရှိပါချေ။အပူပိုင်းဒေသ မိုးရာသီသစ်တောများအားလူသားများသွားရောက်စူးစမ်း လေ့လာကြခြင်း၊ သစ်တောပြုန်းတီးခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းအခြေချနေထိုင်မှု မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးသွားများ တိုးမြင့်လာခြင်းနှင့် အပူပိုင်းဒေသများသို့ အခြား ကမ္ဘာလှည့် ခရီးသွားလာခြင်းတို့သည် ထိုသို့သော ရောဂါများ ဖြစ်ပွားခြင်းကို မြင့်တက်လာစေပါသည်။

အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR)[ပြင်​ဆင်​ရန်​]

အာဖရိက၊ အာရှ၊ အမေရိကအလယ်ပိုင်းနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးတိုးတက်ဆဲဒေသများရှိ ဆင်းရဲနွမ်းပါးပြီး ဘေးဖယ်ထားခြင်း ခံရသောသူအပေါင်းတို့အပေါ် အချိုးအစားမညီမျှစွာ ထိခိုက်စေသော၊ ဥပေက္ခာပြုထားသော ကူးစက်တတ်သည့် ရောဂါများကို အာရုံစိုက်ရန်အတွက် အပူပိုင်းဒေသတွင် ဖြစ်ပွားသော ရောဂါများအား သုတေသနပြုခြင်းနှင့် သင်တန်းပို့ချခြင်း အထူးအစီအစဉ် (TDR)ကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ စီမံဆောင်ရွက်ပိုင်ခွင့်ရှိသော အေဂျင်စီဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တည်ထောင်ထားပြီး၊ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တို့က ပူးတွဲကမကထ ပြုကြပါသည်။

TDR၏ ရည်မှန်းချက် အမြင်မှာ ရောဂါ ဖြစ်ပွားလေ့ရှိသော တိုင်းပြည်များ၏ ဗဟိုကျသောနေရာမှ ပါဝင်ကြသော ဆင်းရဲမှု၏ ကူးစက်တတ်သော ရောဂါများနှင့်ပတ်သက်ပြီး ထိရောက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ သုတေသန ကြိုးပမ်းချက်များကို ကြီးပွားဖြစ်ထွန်းအောင် လုပ်ရန်ဟူ၍ ဖြစ်ပါသည်။ ၎င်းတွင် ဤရောဂါများအားနှိမ်နင်းရန် ပစ္စည်းကိရိယာနှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့်၊ ရောဂါများဖြစ်ပွားသော တိုင်းပြည်များတွင် သုတေသနနှင့် ခေါင်းဆောင်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ဟူသော ရည်ရွယ်ချက်ပန်းတိုင်နှစ်ခု ရှိပါသည်။ TDR ၏ အတွင်းရေးမှူးရုံးမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေပြုထားပါသည်။ သို့သော် စပ်တူလုပ်ကိုင်သူများနှင့် ငွေကြေးထောက်ပံ့မှု အများအပြားတို့ဖြင့် တစ်ကမ္ဘာလုံးအနှံ့ အလုပ်ကိုလုပ်ဆောင်ပါသည်။

နမူနာအဖြစ် ယင်း၏အလုပ်အချို့တွင် အွန်ကိုဆိုက်ကားယာစစ်စ် (မြစ်ရေထဲတွင် ပေါက်ဖွားသော အမဲရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်း)အတွက် အိုင်ဗာမက်တင်ဆေး ကဲ့သို့ ရောဂါများအား ကုသနည်းအသစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငှက်ဖျားရောဂါအတွက် အာတီမက်စင်နင်ပေါင်းစပ်ပါဝင်သော ဆေးကုသခြင်း (ACT)ကို အသုံးပြုရာ၌ တိုးတက် ကောင်းမွန်စေရန် ထုပ်ပိုးပုံ ထုပ်ပိုးနည်းက မည်သို့ကူညီပုံကို ပြသခြင်း၊ ခြင်ကိုက်ခြင်းနှင့် ငှက်ဖျားရောဂါကို တားဆီးကာကွယ်ရာတွင် ခြင်ထောင်များကြောင့် ထိရောက်မှုရှိပုံကို လက်တွေ့ပြသခြင်းနှင့်၊ ရပ်ကွက်လူထုကို အခြေခံပြီး ရပ်ကွက်လူထုက ဦးဆောင်သော အစီအစဉ်များက ဆေးကုသမှု မျိုးစုံ ဖြန့်ဝေခြင်းကို တိုးမြှင့်စေသည့် အကြောင်း မှတ်တမ်းတင်ခြင်းတို့ ပါဝင်ပါသည်။ TDR ၏သမိုင်းကြောင်း လက်ရှိ TDR ၏ရောဂါပိုး အတန်းအစားများတွင် အောက်ပါစာရင်းများ ပါဝင်ပါသည်။

  • ချားဂက်စ်ရောဂါ (အမေရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ဟုလည်းခေါ်သည်)သည် အမေရိကတိုက် အထူးသဖြင့် တောင်အမေရိကတိုက်တွင်ဖြစ်ပွားသော လူ့ကပ်ပါးကောင်ရောဂါ တစ်ခုဖြစ်သည်။ ယင်း၏ ရောဂါဖြစ်ပွားစေတတ်သော သတ္တိမှာ ထရီပဲန်နိုဆိုမာ ခရူဇီ ဟုခေါ်သော ဖလက်ဂျလိတ်ပရိုတိုဇုန် တစ်ခု ဖြစ်ပြီး သွေးစုတ်သော အဆက်စင် ပိုးကောင်ခေါ် ခြေတံရှည်သွေးစုတ် ပိုးကောင်တစ်မျိုးကြောင့် အများအားဖြင့် ကူးစက်တတ်သည်။ သို့သော် ကပ်ပါးကောင်များဖြင့် မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ သွေးသွင်းခြင်းနှင့် မိခင်မှဝမ်းပိုက်တွင်းရှိ သန္ဓေသားသို့ ကူးစက်ခြင်း ကဲ့သို့သော အခြားနည်းလမ်းများဖြင့်လည်း ကူးစက်ခြင်းဖြစ်နိုင်ပါသည်။ လက်ရှိတွင် လူဦးရေ ၁၆ သန်းမှ ၁၈ သန်းအကြား ကူးစက်ခံနေရပါသည်။
  • သွေးလွန်တုပ်ကွေးရောဂါ
  • ဟဲလ်မင့်သ်စ် ခေါ် သန်ကောင်ရောဂါ
  • အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် သို့မဟုတ် ဦးနှောက်ရောင်ပြီး ခေါင်းလေးငိုက်မျည်းသည့် ရောဂါမှာ လူ့ကပ်ပါးကောင်ရောဂါတစ်ခုဖြစ်ပြီး၊ ထရီပဲန်နဇုန်းခေါ် အသက်အိမ်ကလာပ်စည်း တစ်ခုတည်းရှိသည့် အသေးမွှားဆုံးသတ္တဝါ ကြောင့် ဖြစ်ရပါသည်။ အာဖရိကန် ထရီပဲန်နဆိုမိုင်ယာဆစ်စ် ရောဂါအတွက် တာဝန်ရှိသော အရာနှစ်ခုမှာ ထရီပဲန်နဆိုမာ ဘရူဆိုင် ဂမ်းဘီယဲန့်စ် နှင့် ထရီပဲန်နဆိုမာ ဘရူဆိုင် ရိုဒီးဆီယဲန့် တို့ဖြစ်ကြပါသည်။ ဤကပ်ပါးကောင်များသည် ဆက်ဆီယင်ကောင်မှတဆင့် ကူးစက်ပါသည်။
  • သဲခြင်ကောင်မှတဆင့်ကူးစက်သော အရေပြားအနာရောဂါသည် မျိုးနွယ်စုတူ လေ့ရှမဲန်နီးယား ပရိုတိုဇုန်ကပ်ပါးကောင်များ ကြောင့် ဖြစ်ပွားရပြီး၊ ဆဲန်းဒ်ဖလိုင်းခေါ် သဲယင်ကောင် အမျိုးအနွယ်ဝင် ကိုက်ခြင်းကြောင့် ကူးစက်ပျံ့ပွားပါသည်။
  • လက်ပရိုစီခေါ် အနာကြီးရောဂါ† (သို့မဟုတ် ဟန်ဆဲန် ရောဂါ)သည် မိုင်ကိုဘက်တီးရီးယမ် လက်ပရေးကြောင့် ဖြစ်ပွားရသော နာတာရှည် ကူးစက်တတ်သော ရောဂါတစ်ခုဖြစ်ပါသည်။ အနာကြီးရောဂါသည် အပြင်ပန်းဆိုင်ရာ အာရုံကြောများနှင့် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း၏ ချွဲသလိပ်ထုတ်ပေးသော မျူကိုဆာတို့တွင် ဖြစ်ပွားသည့် ဂရန်နျူလိုမတပ်စ် ရောဂါပိုးတစ်မျိုးကြောင့် အဓိကအားဖြင့် ဖြစ်ပွားပါသည်။ အရေပြားထိခိုက်ပျက်စီးမှုမှာ အဓိက မြင်သာသော လက္ခဏာဖြစ်ပါသည်။မကုသဘဲထားလျှင် အနာကြီးရောဂါသည် တဆင့်ပြီးတဆင့် တိုးပွားလာပြီး အရေပြား၊ အာရုံကြောများ၊ ခြေလက်များနှင့် မျက်စိတို့ကို ထာဝစဉ်ပျက်စီးစေပါသည်။ လူအများတို့ ခံယူချက်သဘောထားနှင့် ဆန့်ကျင်စွာ၊ အနာကြီးရောဂါသည် ယခင်က လက်ပရိုစီဟု အင်္ဂလိပ်လိုဘာသာပြန်ဆိုမှု ပြုထားသော ဟေဗြဲကျမ်းစာတွင် ဖော်ပြထားသည့် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းရှိသည့် ဇာရက်ဟုခေါ်သောရောဂါကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ လွယ်လွယ်နှင့် ပြတ်ကျခြင်း မဖြစ်နိုင်ပေ။
  • ဆင်ခြေထောက်ရောဂါသည် သန်လုံးကောင် ဟုခေါ်သော အပ်ချည်ကဲ့သို့ ပုံသဏ္ဍာန်ရှိသော ကူးစက်တတ်သည့် ဖီလာရီယယ်လ် သန်ကောင်များကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင် ရောဂါတစ်ခုပါသည်။ ယင်းတို့အားလုံးမှာ ခြင်များကြောင့် ကူးစက်ပြန့်ပွားရပါသည်။ လိုဝါလိုဝါ သည် ဒီးယားဖလိုင်းဟုခေါ်သော ယင်ကောင်တစ်မျိုးကြောင့် ပြန့်ပွားသော အခြား ဖီလာရီယယ်လ် ကပ်ပါးကောင်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသန်းပေါင်း ၁၂၀ သို့ ကူးစက်ပျံ့နှံ့နေပါသည်။ ရောဂါအပြင်းထန်ဆုံး ဖြစ်ပွားလေ့ရှိသော နေရာများတွင် လူဦးရေ၏ တစ်ဝက်ကျော်မှာ ထိုရောဂါကို သယ်ဆောင်ထားကြပါသည်။သိသာထင်ရှားဆုံးသော ရောဂါလက္ခဏာမှာ အရေပြားနှင့် အရေပြားအောက်ရှိတစ်ရှူးများ ထူထဲလာသည့် ဆင်ခြေထောက်ရောဂါပင်ဖြစ်ပါသည်။ ဆင်ခြေထောက် ရောဂါသည် သားနံရည်အိတ်ကလေးများထဲတွင် ဖီလာရီယယ်လ် သန်ကောင်ကြောင့် ဖြစ်ပွားသော နာတာရှည်ကူးစက်ရောဂါတစ်ခု ဖြစ်ပါသည်။ ယင်းသည် သွေးပြန်ရည် အိတ်များကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှ သွေးပြန်ရည်စီးဆင်းမှုကို နှေးကွေးစေပါသည်။
  • ငှက်ဖျားရောဂါသည် သွေးကိုအာဟာရအဖြစ် မှီဝဲသူများဖြစ်သော အနောဖိလစ် ခြင် အမများမှတစ်ဆင့် ကူးစက်ပြန့်ပွားသော ပရိုတိုဇုန် ကပ်ပါးကောင်များကြောင့် ဖြစ်ပွားရပါသည်။ မျိုးနွယ်စုတူပလပ်စ်မိုဒီယမ် အမျိုးအနွယ်များကြောင့် ထိုရောဂါဖြစ်ပွားရပါသည်။ ငှက်ဖျားရောဂါသည် ၂၀၀၈ ခုနှစ်တွင် ခန့်မှန်းချေ လူသန်းပေါင်း ၁၉၀ - ၃၁၁ သန်းသို့ကူးစက်ခဲ့ပြီး လူဦးရေ ရ၀၈,၀၀၀ - ၁,၀၀၃,၀၀၀ သေဆုံးခဲ့ရပါသည်။ ယင်တို့အနက် အများစုမှာ အာဖရိကရှိ ဆာဟာရနှင့်နီးသော ဒေသများမှ ဖြစ်ကြပါသည်။
  • အွန်ကိုဆိုက်ကားယာဆစ်စ်ရောဂါ သို့မဟုတ် မြစ်ရေထဲတွင် ပေါက်ပွားသော အမဲရောင်လှေးများ ကိုက်ခံရခြင်းကြောင့် မျက်စိကန်းခြင်းသည် ကမ္ဘာပေါ်တွင် မျက်စိကန်းရခြင်းဖြစ်ပွားစေသော အကြောင်းရင်းများအနက် ဒုုတိယနေရာမှ ဦးဆောင်လျက်ရှိသည့် ကူးစက်တတ်သော အကြောင်းရင်း ဖြစ်သည်။ ၎င်းရောဂါသည် ကပ်ပါးသံကောင်တစ်မျိုးဖြစ်သည့် အွန်ကိုဆာကာ ဗော်ဗျူလပ်စ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။အမည်းရောင်ယင်ကောင်တစ်မျိုး ကိုက်ခြင်းမှတဆင့် ကူးစက်ပါသည်။ ပိုးကောင်များသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ယင်းတို့သေဆုံးသွားသောအခါ အလွန်အမင်းယားယံခြင်း ဖြစ်ပေါ်စေပြီး၊ ပြင်းထန်သော ခန္ဓာကိုယ် ရောဂါတိုက်ဖျက်သည့်စနစ်က တုံ့ပြန်တိုက်ခိုက်သောအခါ မျက်စိကဲ့သို့ အနီးအနားရှိတစ်ရှူးများကိုပါ ပျက်စီးစေနိုင်ပါသည်။လက်ရှိတွင် လူပေါင်း ၁၈ သန်းခန့်သည် ဤကပ်ပါးကောင်ကြောင့် ရောဂါကူးစက်ခံရပါသည်။ ယင်းရောဂါကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်မှာ ထာဝစဉ် မျက်စိမမြင်တော့ပေ။
  • စကစ်စ်တို သို့မဟုတ် စနေးလ်ဖီဗာဟု လူသိများသော စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါသည် ရေရှင်နေ ခရုများရှိသော နေရာများရှိ ကပ်ပါးကောင်များကို သယ်ဆောင်နိုင်သည့် တုတ်ပြားကောင်အမျိုးအစား များစွာကြောင့် ဖြစ်ပွားရသော လူ့ကပ်ပါးကောင်ရောဂါ တစ်မျိုးဖြစ်ပါသည်။ ကူးစက်မှုအများဆုံးနည်းလမ်းမှာ ရေကန်များ၊ ရေအိုင်များနှင့် ခရုများနှင့် ကပ်ပါးကောင်များရှိနေသော ရေများထဲတွင် ဖြတ်သွားခြင်း သို့မဟုတ် ရေကူးခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် လူသန်းပေါင်း ၂၀၀ ကျော်မှာ စကစ်စ်တိုဆိုမိုင်ယာဆစ်စ်ရောဂါ ကူးစက်မှု ခံနေရပါသည်။
  1. လိင်မှတဆင့်ကူးစက်သော ရောဂါများ
  2. တီဘီ/အိပ်ချ်အိုင်ဗီ ပူးတွဲကူးစက်ခြင်း
  3. အဆုတ်နာရောဂါ(အတိုကောက် တီဘီ) ကုသခြင်းမပြုပါက သေဆုံးသည့်နှုန်းမှာ ၅၀% ကျော်ဖြင့် ကမ္ဘာပေါ်တွင် အလွန်အမင်းပျံ့နှံ့လျက်ရှိသော အဆုတ်သို့မဟုတ် အခြားတစ်ရှူးများ၌ ဘက်တီးရီးယားပိုး ကူးစက်ခြင်းဖြစ်သည်။ ယင်းသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နမ်းခြင်း သို့မဟုတ် တံတွေးထွေးခြင်းတို့မှ ထုတ်လွှတ်လိုက်သော အမှုန်အမွှားလေးများမှတဆင့် ကူးစက်သော ကူးစက်နိုင်သည့်ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာ တီဘီဘက်တီးရီးယားပိုး ကူးစက်ခံနေရပါသည်။
  4. အနာကြီးရောဂါနှင့် အဆုတ်နာရောဂါမှာ အပူပိုင်းဒေသရောဂါ သက်သက်မဟုတ်ပါချေ။ အပူပိုင်းဒေသတွင် ထိုရောဂါများဖြစ်ပွားခြင်းမှာ မြင့်မားမှုကြောင့် ယင်းတို့ကို ထည့်သွင်းထားခြင်းဖြစ်သည်။

အချို့သော အပူပိုင်းဒေသရောဂါများမှာ ဖြစ်ခဲသော်လည်း အီဘိုလာ သွေးယိုစီးခြင်း အဖျားရောဂါ၊ လတ်ဆာအဖျား ရောဂါနှင့် မားဘတ်ဂ်ဗိုင်းရပ်စ် တို့ကဲ့သို့ ရုတ်တရက်ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ပါသည်။ လူသိနည်းသော သို့မဟုတ် ဖြစ်ပွားမှုနည်းပါးသော အပူပိုင်းဒေသရောဂါအမျိုးမျိုး ရာနှင့်ချီ၍ ရှိပါသည်။ ထိုသို့အဖြစ်နည်းသော်လည်း လူထုကျန်းမာရေးအတွက်မူ အရေးကြီးပါသည်။

ရာသီဥတုနှင့် အပူပိုင်းဒေသ ရောဂါများ ပတ်သက်မှု[ပြင်​ဆင်​ရန်​]

အပူပိုင်းဒေသရှိ “နိုင်ငံခြားမှ ယူဆောင်ခဲ့သည့်” ရောဂါများကို ခရီးသွားများ၊ စူးစမ်းလေ့လာသူများ၊ စသည်တို့အပြင် ဆရာဝန်များလည်း ပါဝင်သယ်ဆောင်ကြသည်ကို ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့ပါသည်။ သိသာထင်ရှားသော အကြောင်းရင်းတစ်ခုမှာ ပူပြင်းသောရာသီဥတုမှာ တစ်နှစ်ပတ်လုံးရှိနေပြီး မိုးများစွာ ရွာသွန်းမှုကြောင့် ပေါက်ပွားရာနယ်မြေများအဖြစ် ဖွဲ့စည်းခြင်း၊ အမျိုးအစားစုံသော သဘာဝရေလှောင်ကန်များနှင့် လူသားများသို့ ပျံ့နှံ့ကူးစက်နိုင်သော တိရစ္ဆာန်တို့၏ ရောဂါများ (ဇူဝါနောဆစ်စ်) အရေအတွက်ပိုမိုများပြားခြင်း၊ ဖြစ်နိုင်ချေရှိသော ဗက်တာခေါ် ကူးစက်ရောဂါပိုး သယ်ဆောင်သော အင်းဆက်များ အများဆုံးရှိခြင်း တို့အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေပါသည်။ ပိုမိုမြင့်မားသော အပူချိန်သည် ဇီဝဗေဒနှင့်ဆိုင်သော သက်ရှိဇီဝရုပ်များ၏ အတွင်းနှင့်အပြင်ရှိ ရောဂါဖြစ်ပွားစေသော သတ္တိများ ပုံတူပွားများခြင်းကိုလည်း လွယ်ကူစေပါသည်။ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံအများစုမှာ အပူပိုင်းဒေသများတွင်ရှိနေသောကြောင့် လူမှုစီးပွားရေးဆိုင်ရာ အကြောင်းရင်းများ မှာလည်း အကျိုးသက်ရောက်မှု ရှိနေနိုင်ပါသည်။ လူမှုစီးပွားရေး အခြေအနေများကို တိုးတက်အောင် ဆောင်ရွက်ထားသော ဘရာဇီးနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံများသည် တကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လူထုကျန်းမာရေးတို့တွင် ရင်းနှီးမြှုပ်နှံထားပြီး၊ အပူပိုင်းဒေသတွင်သာ ဖြစ်တတ်သော ရောဂါအများအပြားတို့ကို ဖယ်ရှားသုတ်သင်ခြင်း သို့မဟုတ် လျော့နည်းအောင် ပြုလုပ်ခြင်းတို့နှင့် ပတ်သက်ပြီး ကူးစက်ပျံ့နှံ့နိုင်သော ရောဂါများကို တိုက်ခိုက်ချေမှုန်းရာတွင်လည်း ထူးထူးခြားခြား ရလဒ်များ ရရှိအောင်မြင်ခဲ့ပါသည်။

ရာသီဥတုပြောင်းလဲခြင်း၊ဂရင်းဟောက်စ်သက်ရောက်မှု(ကမ္ဘာမြေကြီး၏လေထုလွှာပါးလာသောကြောင့်နေရောင်၏ပူနွေးမှုကိုကမ္ဘာ့လေထုကစုပ်ယူထားပြီး အရပ်မျက်နှာအနှံ့ပြန်လွှတ်ထုတ်ပေးခြင်း) ကြောင့် ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းနှင့် ရလဒ်အဖြစ် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း တို့သည် အပူပိုင်းဒေသ ရောဂါများဖြစ်ပွားစေခြင်းနှင့် ပိုးမွှားကောင်လေးများကို ပိုမိုမြင့်သော တောင်တန်းထူထပ်သည့် အရပ်ဒေသများနှင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်း၊ မြေထဲပင်လယ်ဒေသ၊ စသည်တို့ကဲ့သို့ ယခင်ကရောဂါဖြစ်ခဲ့ခြင်း မရှိသေးသောနေရာများအထိ ပိုမိုကျယ်ပြန့်သော အရင်ဒေသများသို့ပါ ပျံ့နှံ့စေခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ဥပမာပေးရလျှင်၊ ကော်စတာရီကာနိုင်ငံရှိ မွန်တီဗာဒီး မိုးတိမ်သစ်တောတွင် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ခိုင်ထရီဒီယိုမိုင်ကိုးဆစ်စ် ခေါ် အပူပိုင်းဒေသ ရောဂါတစ်ခုကို ကြီးပွားစေသောကြောင့် မွန်တီဗာဒီး ဟာလီကွင်ဖားများ၏ ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါဦးရေကို အတင်းအကျပ် ကျဆင်းစေပါသည်။ဤနေရာတွင် တောင်များပေါ်တွင် မိုးတိမ်ဖွဲ့စည်းခြင်း၏ အမြင့်ပမာဏကို ပိုမိုမြင့်လာ စေသောကြောင့်၊ ငြိတွယ်ပတ်ရစ်နေသော ပသိုဂျင်ခေါ် ရောဂါဖြစ်စေသောပိုး ဘီ ဒဲန်ဒရိုဘက်တစ်ဒစ်စ်ကို အကောင်းဆုံးအနေအထားဖြင့် ကြီးထွားအောင် ပံ့ပိုးပေးသော မိုးတိမ်ကို ထုတ်လုပ် ပေးပါသည်။

အပူပိုင်းဒေသတွင်ဖြစ်ပွားသော ရောဂါများကို တားဆီးကာကွယ်ခြင်းနှင့် ကုသခြင်း[ပြင်​ဆင်​ရန်​]

အပူပိုင်းဒေသ ရောဂါပိုးများကို ထိန်းချုပ်ရန်အတွက် မဟာဗျူဟာအချို့တွင် အောက်ပါတို့ ပါဝင်ပါသည် -

  • အင်းဆက်များနှင့် အခြား ရောဂါ ပိုးမွှားများ ကောင်ရေကျဆင်းစေရန် ရွှံ့ဗွက်တော စိမ့်မြေများကို ရေထုတ်မြောင်းများ ဖောက်ပေးခြင်း။
  • စစ်ဆင်ရေးလုပ်မည့် မျက်နှာပြင်များဖြစ်သည့် အဝတ်အစား၊ အရေပြား၊ အဆောက်အဦးများ၊ အင်းဆက်များ ဝင်ရောက်နေထိုင်သော နေရာများနှင့် အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ ခေါ် ခြင်ထောင်များတွင် အင်းဆက်သတ်ဆေးများ နှင့်/သို့မဟုတ် အင်းဆက်ကာကွယ် လိမ်းဆေးများကို အသုံးပြုခြင်း။
  • အချို့သော အပူပိုင်းဒေသ ခြင်မျိုးများသည် ညဘက်တွင်အဓိက အစာရှာထွက်သောကြောင့် ညအချိန် ကူးစက်ခြင်းကို လျှော့ချရန်အတွက် အိပ်ရာပေါ်တွင် ခြင်ထောင်(“အိပ်ရာပေါ်ရှိခြင်ကာကွယ်သောပိုက်များ” ဟုလည်း လူသိများသည်)ထောင်ခြင်း။
  • ရေတွင်းများနှင့်/သို့မဟုတ် ရေစစ်ခြင်း၊ ရေစစ်များ ကိုအသုံးပြုခြင်း သို့မဟုတ် ကပ်ပါးကောင်များ ကင်းစင်သော သောက်ရေထုတ်လုပ်ရန်အတွက် ရေသန့်စင် ဆေးပြားများဖြင့် ရေသန့်စင်အောင်လုပ်ခြင်း။
  • ရောဂါ ခုခံစွမ်းအားမြင့်တက်လာစေရန်ကာကွယ်ဆေးများ ပေါ်ပေါက်မှုနှင့် ယင်းတို့ကို အသုံးပြုခြင်း၊
  • ဆေးဝါးဗေဒနှင့်ဆိုင်သော မထိတွေ့ခင် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ်(ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများနှင့် မထိတွေ့မီ ရောဂါကာကွယ်တားဆီးရန်)
  • ဆေးဝါးဗေဒနှင့်ဆိုင်သော ထိတွေ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်မှု ခေါ် ပရိုဖီလက်ဆစ်စ် (ပတ်ဝန်းကျင် နှင့်/သို့မဟုတ် ဗက်တာခေါ် ရောဂါပိုးမွှားများ ူနှင့် ထိတွေ့ပြီးနောက် ရောဂါကာကွယ် တားဆီးရန်)
  • ဆေးဝါးဗေဒနှင့်ဆိုင်သော ကုသမှု (ကူးစက်ခြင်း သို့မဟုတ် အများအပြား လာရောက်နှောင့်ယှက် ခံရပြီးသည့်နောက် ရောဂါကို ကုသရန်)
  • ရောဂါဖြစ်ပေါ်သော သီးခြားဒေသများတွင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အကူအညီပေးခြင်း။ ဥပမာ ပိုမိုထိရောက်သောနှင့် အထွက်နှုန်းကောင်းသော စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အသေးစားချေးငွေများကို ထောက်ပံ့ပေးခြင်း။ အမြတ်အစွန်းပိုမိုရရှိရန် အသက်မွေးမှုအတွက် ဖူလုံသောလယ်ယာလုပ်ငန်းကို အကူအညီပေးနိုင်ရန်အတွက် ဤချေးငွေက အလှည့်ကျကူညီနိုင်ပါသည်။ ဆင်းရဲမှုနှုန်းကို ကျဆင်းစေသည့် ထပ်ဆင့် အကျိုးအမြတ်နှင့်အတူ ဒေသတွင်းရှိ ပြည်သူများအား ရောဂါကာကွယ်ရေးနှင့် ကုသရေးတို့တွင် ဤအမြတ်ငွေများကို သုံးစွဲနိုင်ပါမည်။

ကိုးကား[ပြင်​ဆင်​ရန်​]