အပီယာမြို့
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
အပီယာမြို့ Apia | |
---|---|
မြို့တော် | |
![]() | |
နိုင်ငံ | ![]() |
အပီယာမြို့ သည် ဆမိုးအားနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ၁၉၀၀ ခုနှစ်မှ ၁၉၁၉ ခုနှစ် အထိ ဂျာမန်ဆမိုးအား၏ မြို့တော် ဖြစ်ခဲ့သည်။ မြို့တော်သည် ဆမိုးအားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကျွန်းဖြစ်သော ယူးပိုလူးကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်း အလယ်ပိုင်းတွင် တည်ရှိသည်။ အပီယာသည် ဆမိုးအားနိုင်ငံရှိ တစ်ခုတည်းသော မြို့တော်ဖြစ်ပြီး တွာမားဆားဂါ နိုင်ငံရေးခရိုင် အတွင်း တည်ရှိသည်။
အပီယာ၏ မြို့ပြဒေသတွင် လူဦးရေ ၃၆,၇၃၅ ဦး (၂၀၁၁ လူဦးရေစာရင်းအရ) ရှိပြီး ယေဘုယျအားဖြင့် အပီယာမြို့တော်ဟု ခေါ်လေ့ရှိကြသည်။ အပီယာ မြို့ပြဒေသသည် လက်တဂိုကျေးရွာမှ စက်မှုဇုံဒေသ အသစ်ဖြစ်သော ဗီတလီ အထိ ဖြစ်သည်။