အန်နီမေးရှင်း

ဝီကီပီးဒီးယား မှ

အန်နီမေးရှင်း(Animation)ဆိုသည်မှာ တစ်ပုံနှင့်တစ်ပုံ အလွန့်အလွန်အသေးစိတ်ကာ ခြားနားသော ရုပ်ငြိမ်ပုံရိပ်များကို အလွန်မြန်လွန်းသော အလျင်ဖြင့် ပြသလျက် ပုံရိပ်များ အမှန်တကယ် လှုပ်ရှားပြောင်းလဲနေသည်ဟု ထင်မှတ်မှားအောင် စွမ်းဆောင်သည့် ဖြစ်စဉ်သာ ဖြစ်သည်။ ယေဘုယျအားဖြင့် ရုပ်ရှင်များမှာတွေ့ရသည့်အတိုင်း ထင်မှတ်မှားစေခြင်းသည် မျက်စေ့မှောက်ခြင်းဖြစ်စဉ်ပေါ်တွင် မှီခိုသည်ဟု ယူဆရသည်။ အန်နီမေတာ(Animators)များသည် အန်နီမေးရှင်း ဖန်တီးရာတွင် အထူးကျွမ်းကျင်သော အနုပညာရှင်များ ဖြစ်ကြသည်။

အန်နီမေးရှင်းကို ပုံစံမျိုးစုံဖြင့် သိမ်းဆည်းမှတ်တမ်းတင်ထားနိုင်သည်။ အန္နာလော့ဂ်မီဒီယာ(Analogue media)၊ လှစ်ကနဲစာအုပ်(flip book)၊ ရုပ်ရှင်ဖလင်၊ ဗီဒီယိုတိပ်ခွေ၊ ဒစ်ဂျစ်တယ်မီဒီယာများနှင့်သာမက အန်နီမေးရှင်းလုပ်ထားသော ရုပ်ပုံဖလှယ်စီစဉ်မှုပုံစံ(animated GIF)၊ ဖလက်ရှ်အန်နီမေးရှင်း အစရှိသော စီစဉ်မှုပုံစံများအပါအဝင် ဒစ်ဂျစ်တယ်ဗီဒီယိုများနှင့်လည်း မှတ်တမ်းတင်ထားနိုင်သည်။ အန်နီမေးရှင်းကို ပြသရန်အလို့ငှာ ထုတ်လုပ်ထားသော နည်းပညာအသစ်များနှင့်တကွ ဒစ်ဂျစ်တယ်ကင်မရာ၊ ကွန်ပျူတာနှင့် ပရိုဂျက်တာများကို အသုံးပြုလျက်ရှိသည်။  

အန်နီမေးရှင်းကို ဖန်တီးရာတွင် နည်းလမ်း အသွယ်သွယ် ရှိလေသည်။ တစ်နည်းမှာ ရိုးရာမပျက်အန်နီမေးရှင်းဖန်တီးခြင်း ဖြစ်၏။ ကျန်နည်းများမှာ နှစ်ဖက်၊သို့မဟုတ် သုံးဖက်မြင်ဝတ္ထုများ၊ ဖြတ်ညှပ်ကပ်စာရွက်များ၊ ရုပ်သေးရုပ်များနှင့် ရွှံ့ရုပ်များကို တရွေ့ရွေ့အန်နီမေးရှင်းဖန်တီးခြင်းပါဝင်သော နည်းလမ်းများဖြစ်ပေသည်။ ရုပ်ပုံများကို မြန်ဆန်လွန်းလှစွာ ပြသလေ့ရှိသည်ဖြစ်ရာ ထုံးစံအားဖြင့် တစ်စက္ကန့်လျှင် ရုပ်ပုံအကွက်ပေါင်း ၂၄၊ ၂၅ကွက်၊ အကွက် ၃၀၊ သို့မဟုတ် အကွက် ၆၀ အထိ ပြသလေ့ရှိသည်။

ဘာန့်တ်မြို့တော်(Burnt CIity) တွင်တွေ့ရသောမြေအိုးတစ်လုံးပေါ်မှ ဆွဲသားချက်တစ်ခု
အက်ဒ်ဝါ့ဒ်မိုင်းဘရစ်ဂ်ျ(Eadweard Muybridge)၏ဖန္နာကစ္စတိုစကုပ်(phenakistoscope)တစ်ချပ်(၁၈၉၃ ခုနှစ်)

လှုပ်ရှားမှုနှင့် ရွေ့လျားမှုဖြစ်စဉ်များကို ရုပ်ငြိမ်ဆွဲသားချက်များအဖြစ်သို့ ဖမ်းဆုပ်ရယူရန် ကြိုးပမ်းမှုများ၏ ကနဦးဥပမာများကို ကျာက်ခေတ်ဦး ဂူတွင်းနံရံဆေးရေးပန်းချီများတွင် တွေ့ရှိနိုင်သည်။ ၎င်းပန်းချီများတွင် တိရစ္ဆာန်များကို တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားသော အနေအထားဖြင့် ခြေထောက်များကို ဖော်ပြထားလေ့ရှိသည်။ ရွေ့လျားမှုများကို တွေ့သိနားလည်ခြင်းအား ပုံဖော်ရန် ပြတ်ပြတ်သားသား အားထုတ်ထားကြခြင်းလည်း ဖြစ်သည်။

ဆက်စပ်ဆောင်းပါးများ[ပြင်ဆင်ရန်]

မှတ်ချက်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]