အန်တိုနီယို လုခစ်ခ်ျ

ဝီကီပီးဒီးယား မှ
အန်တိုနီယို လုခစ်ခ်ျ
ဇာတိ အမည်Антоніо Лукіч
မွေးဖွား၁၉၉၂ (အသက် ၃၁–၃၂)
အူဇိုရောဒ်၊ ဇာကာရ်ပတ်တီယာပြည်နယ်
နိုင်ငံလူမျိုးUkrainian
ပညာရေးKyiv National I. K. Karpenko-Kary Theatre, Cinema and Television University
ထင်ရှားသည့်
လုပ်ဆောင်မှု
It Was Showering In Manchester
My Thoughts Are Silent
ရရှိသည့်ဆုများယူကရိန်းထူးချွန်အနုပညာရှင်ဆု[၁]

အန်တိုနီယို လုခစ်ခ်ျ (ယူကရိန်း: Антоніо Лукіч) သည် ယူကရိန်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည်။ ယူကရိန်းနိုင်ငံ အနောက်ပိုင်းရှိ အူဇိုရောဒ်မြို့တွင် ဖွားမြင်သည်။[၂] အနုပညာသက်တမ်းအတွင်း ပြည်တွင်းပြည်ပ ရုပ်ရှင်ထူးချွန်ဆုများဖြင့် အောင်မြင်မှုများစွာ ရရှိထားသည်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းက ယူကရိန်းအစိုးရက ယူကရိန်းနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းအတွက် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သူများကို ချီးမြှင့်သည့် ထူးချွန်အနုပညာရှင်ဆုကို ရရှိခဲ့သည်။

ဘဝ[ပြင်ဆင်ရန်]

အန်တိုနီယိုကို ၁၉၉၂ ခုနှစ်တွင် အူဇိုရောဒ်မြို့၌ ဖွားမြင်သည်။[၃] ၂၀၁၁ မှ ၂၀၁၅ အထိ ကာရ်ပန်ကို ကာရီ ကီးယက် အမျိုးသားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ရိုက်ကူးမှုပညာဘွဲ့ရရှိခဲ့သည်။[၃]

အန်တိုနီယို၏ ပထမဆုံး ရုပ်ရှင်မှာ ၂၀၁၄ က ထွက်ရှိခဲ့သည့် Fish of Lake Baikal ဖြစ်ပြီး ပါရီမြို့၌ ကျင်းပသည့် CineRail ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။[၄] ဘွဲ့ယူရန်တင်သွင်းသည့် It was showering in Manchester ရုပ်ရှင်သည်လည်း ၂၀၁၆ ခုနှစ် အိုဒဲဆာ နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးဇာတ်လမ်းတိုဆုကို ဆွတ်ခူးခဲ့သည်။[၂] ၂၀၁၉ ခုနှစ်တွင် ပွဲဦးထွက် ရုပ်ရှင်ကြီးအဖြစ် My Thoughts Are Silent ကို ရိုက်ကူးခဲ့သည်။

ရိုက်ကူးမှုစာရင်း[ပြင်ဆင်ရန်]

ကျောင်းသားဘဝက ရိုက်ကူးခဲ့သည်များ[ပြင်ဆင်ရန်]

  • Is it easy to be young? (6 min, documentary, 2011)
  • Hello, sister! (16 min, gaming, 2012)
  • Fish of Lake Baikal (22 min, documentary, 2013)
  • Who cheated Kim Cousin? (26 min, mok., 2014)
  • It Was Showering in Manchester (2016) — Best Short Film at the 2016 Odessa International Film Festival[၂]

ရုပ်သံ[ပြင်ဆင်ရန်]

  • Kings of the Chambers (2019)

Web series[ပြင်ဆင်ရန်]

  • Sex, insta and ZNO (2020)

ရုပ်ရှင်[ပြင်ဆင်ရန်]

ဆုများ[ပြင်ဆင်ရန်]

  • 2020 - ရွှေဒီဂါရုပ်ရှင်ဆု:[၇][၈]
    • အကောင်းဆုံး ရုပ်ရှင်ဆု
    • အကောင်းဆုံး ဇာတ်ညွှန်းဆု (ဗာလယ်ရီးယား ကာလ်ချန်ကိုနှင့်အတူ)
    • တစ်နှစ်တာအဖွင့်ဆု
  • 2020 - Ukrainian Pravda Award - Artist of the Year[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. УКАЗ ПРЕЗИДЕНТА УКРАЇНИ №254/2020။ 3 March 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Viennale။ 3 March 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ "Я дивлюся на те, як люди мовчать"။ Газета «День»။
  4. Десятерик၊ Дмитро။ ""Я дивлюся на те, як люди мовчать""။ 
  5. Strange and beautiful: 4 new Ukrainian films you won't want to miss
  6. Raindance Film Festival announces 2020 winners
  7. Переможцем у номінації "Відкриття року" Кінопремії "Золота Дзиґа" став режисер Антоніо Лукіч | Новини (in uk)။ 2020-12-22 တွင် ပြန်စစ်ပြီး။
  8. Замок၊ Високий (2020-05-04)။ Український "Оскар" отримав фільм "Мої думки тихі" — Високий Замок (in uk-ua)။ 14 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-12-22 တွင် ပြန်စစ်ပြီး။
  9. Люди 2020-го. "Українська правда" нагороджує журналістів, волонтерів і митців року (in uk) (22 December 2020)။