အန်ဇို ဖရာရီ
ပုံပန်းသွင်ပြင်
| ထုတ်လုပ်သည့်ခုနှစ် | ၂၀၀၂–၂၀၀၄ 400 produced |
|---|---|
| ယခင်မော်ဒယ်လ် | ဖရာရီ F50 |
| နောက်မော်ဒယ်လ် | ဖရာရီ F70 |
| ကလပ်စ် | စပေါ့တ်ကား၊ ပြိုင်ကား၊ စူပါကား |
| ဘော်ဒီစတိုင်လ် | ၂ယောက်စီး ဘာလီနက်တာ |
| ပုံသဏ္ဌန် | အနောက်အလယ်ပိုင်း အင်ဂျင် နောက်ယက် |
| အင်ဂျင် | 6.0 L V12 |
| ဂီယာ | ၆ချက် ဆီမီးအော်တို |
| ဘီးအခြေ | ၂၆၅၀ မီလီမီတာ |
| အရှည် | ၄၇၀၂ မီလီမီတာ |
| အကျယ် | ၂၀၃၅ မီလီမီတာ |
| အမြင့် | ၁၁၄၇ မီလီမီတာ |
| အလေးချိန် | ၁၃၆၅ ကီလိုဂရမ် |
| ဒီဇိုင်းနာ | Pininfarina |
အန်ဇို ဖရာရီသည် ဆလင်ဒါ ၁၂ လုံးနှင့် အင်ဂျင်အလယ်ပိုင်း တပ်ဆပ်ထားသော ဘာလီနက်တာ အမျိုးအစား ကားဖြစ်ပြီး ကုမ္ပဏီကို တည်ထောင်သူ အန်ဇို ဖရာရီ၏ အမည်ကိုယူ၍ နာမည်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဖော်မြူလာဝမ်း နည်းပညာများကို အသုံးပြုထားသည်။
အန်ဇို ဖရာရီသည် တစ်နာရီလျှင် မိုင် ၆၀ (၉၇ ကီလိုမီတာ) နှုန်း အရှိန်မြှင့်ရန် ၃.၁၄ စက္ကန့်မျှ ကြာပြီး တစ်နာရီလျှင် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) နှုန်းသို့ ၆.၆ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။