အန်ဇိုအီယာမြစ်

ဝီကီပီးဒီးယား မှ
အန်ဇိုအီယာမြစ် (ဘယ်ဘက်ထိပ်)

အန်ဇိုအီယာမြစ် သည် ၂၅၇ ကီလိုမီတာ (၁၆၀ မိုင်)ရှည်လျားပြီး ချီရန်ဂါနေးတောင်ကုန်း များမှစီဆင်းလာသော ကင်ညာနိုင်ငံ၏ မြစ်တစ်စင်းဖြစ်သည်။ ကပ်ဆာရာ၊ စပရင်ဂါ၊ မော်အီတံတားကိုဖြတ်ပြီး ကာကာမန်ဂါခရိုင်ကိုဖြတ်သန်း စီးဆင်းသွားသည်။ တောင်ဘက်မှ အနောက်ဘက်သို့ စီးဆင်းပြီး နောက်ဆုံးတွင် ဝိတိုရိယဆိပ်ကမ်းမြို့ အနီးရှိ ဝိတိုရိယရေအိုင်သို့ စီးဝင်သည်။

နှစ်စဉ် မြစ်ရေသည် ၁၈၈ m 3 /s သို့မဟုတ် ကုဗမီတာ ၃,၇၂၁ သန်းခန့် စီးဆင်းစေပြီး ဒါသည် စီးဆင်းမှုနှုန်းအရ နိုင်ငံအတွင်း ဒုတိယအကြီးဆုံးမြစ်ဖြစ်လာစေခဲ့သည်။

လူဦရေ ၃.၅ သန်းကျော်နေထိုင်သော ဒေသကို ဖြတ်သန်းစီးဆင်းသွားရာ အနောက်ဘက် ကင်ညာဒေသတွင် အရေးပါသော မြစ်တစ်စင်းဖြစ်သည်။ တစ်နှစ်ပတ်လုံး မြစ်ရေသွင်းနိုင်ပြီး နှစ်စဉ်ရေလွှမ်းမိုးမှုကြောင့် အနိမ့်ပိုင်းဒေသဖြစ်သော ဘူဒါလန်ဂီဒေသတစ်ဝိုက်တွင် နှုန်းတင်မြေနုများသည် စိုက်ပျိုးရေးအထွက်နှုန်းတိုးစေဖို့ အထောက်အကူဖြစ်စေသည်။

စက်မှုဇုန်ဒေသဖြစ်သော ဝေဘူရဲမြို့ဝန်းကျင်ရှိ စက္ကူနှင့် သကြားစက်ရုံများမှထွက်သော အညစ်အကြေးများစွာသည် မြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။ မြစ်ကြောင်းတစ်လျှောက်တွင် ကြီးမားသော ရေတံခွန်များစွာရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာကောင်းများ ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။ ဝိတိုရိယရေကန်ကြီး၏ နောက်ပြန်စီးဆင်းမှုကြောင့် စိမ့်မြေဆန်သော အောက်ဘက်မြေပြန့်ဒေသတွင် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသည်။ ဤသည်မှာ ဘူဒါလန်ဂီ ‌ရေလွှမ်းလွင်ပြင်တွင် ရှည်ကြာသော လူသားချင်းစာနာမှုအကျပ်အတည်းကို ဦးတည်စေသည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]