အနောက်ကျောင်းကြီး

ဝီကီပီးဒီးယား မှ

မှော်ဘီတွင် ရှေးအကျဆုံး ဘုန်းတော်ကြီးကျောင်းမှာ အနောက်ကျောင်းကြီး ဖြစ်သည်။ ယခင် ပေတောကျောင်းဟု ခေါ်သည်။ အနောက်ဘက်ကျ၍ အနောက်ကျောင်းကြီး ဟု ခေါ်ဟန် ရှိသည်။ ၁၈၇၈ ခု မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သီပေါမင်း နန်းတက်စ နန်း‌တွင်းအရှုပ်အထွေးများ ပေါ်ပေါက်လာချိန် တွင် ယင်းကျောင်းသို့ မင်းတုန်းမင်း၏ အနွယ်တော် ဦးမှူးဆိုသူ မထင်မရှား ရောက်ရှိလာကာ သာသနာ့ဘောင် ဝင်ကာ ရဟန်းဝတ်သည်။ ဦးမှူးနေရာကို ဦးခေမိန္ဒ၊ ဦးဝဏ္ဏ၊ ရှမ်းစုဆရာတော်၊ အာသံဘုန်းတော်ကြီး၊ ဆရာတော် ဦးဉာဏစသည်ဖြင့် အသီးသီး ဆက်ခံလာသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၅၄။