အနောက်ကိုရွေ့၊ အရှေ့ကိုမျှော် (ဝတ္ထုရှည်)

ဝီကီပီးဒီးယား မှ

အနောက်ကိုရွေ့ အရှေ့ကိုမျှော် ဝတ္ထုရှည်သည် အမျိုးသားစာပေဆုရ စာအုပ်တစ်အုပ်ဖြစ်ပြီး ဒေါက်တာရဲနိုင်၏ တအုပ်တည်းသော ဝတ္ထုရှည် စာအုပ်တစ်အုပ်ဖြစ်သည်။ အမှာစာတွင်လည်း ဒေါက်တာရဲနိုင်က သူရဲ့ တစ်အုပ်တည်းသော လုံးချင်းဝတ္ထုရှည် ဖြစ်ကောင်းဖြစ်နိုင်တယ်ဟုလည်း ရေးသားထားသည်။ ဝတ္ထုအစ စာမျက်နှာတွင် စာရေးသူ၏ အမှာစာ အတိုလေးတွေ့ရ၏ ။ "အိမ်အပြန်ခက်၍ လွမ်းရတက်ပွေသူများနှင့် ကိုယ့်အိမ်ကို ကိုယ်မခင် အိမ်ပြင်ကို မျှော်ငေးသူများအား ရည်ရွယ်ပါသည် ။" ဟုရေးသားထားသည်။ နောက်တစ်မျက်မှာတွင် စာရေးသူ ရေးထားတာက - "ကျနော်ကိုယ်တိုင်ထက်ပင် ကျနော်၏စာများကို ပို၍ တန်ဖိုးထားမြတ်နိုးသော ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ဦးဘတုတ်အား ဤစာအုပ်ဖြင့် ကန်တော့ပါသည်။ သားကြီး ရဲနိုင်" ဟုရေသားထားသည်။ ဒီစာအုပ်ဟာ ဒေါက်တာရဲနိုင်ရဲ့ အင်္ဂလန် ပညာတော်သင် အတွေ့အကြုံကို စိတ်ကူးဉာဏ်ကွန့်မြူး၍ ရေးသားထားသော စာအုပ်ဖြစ်သည်။

ပါဝင်သော ဇာတ်ဆောင်များ[ပြင်ဆင်ရန်]

  • ဒေါက်တာ စည်သူလင်း
  • ဒိုရာဝိုက်ဇ် ခေါ် ငုဝါမြင့်
  • ဟန်နီ

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အင်္ဂလန်ကို ပညာတော်သင်သွားသော မျက်စိအထူးကုဆရာဝန် ဒေါက်တာစည်သူလင်း နှင့် အင်္ဂလန်ဖွား မြန်မာ အင်္ဂလိပ်ကပြားမလေး ဒိုရာဝိုက်ဇ် ခေါ် ငုဝါမြင့်၊ မြန်မာပြည်မှာမွေး မြန်မာ့မြေပေါ် ကြီးပြင်းပြီး တိုင်းတပါးယဉ်ကျေးမှုကိုသာ အထင်ကြီးအားကျသော ဟန်နီ တို့၏ သုံးပွင့်ဆိုင် အချစ်၊အိမ်ထောင်ရေး ဇာတ်လမ်း ဖြစ်သည်။

ဟန်နီနဲ့ တွေ့ဆုံ ချစ်ကြိုက် လက်ထပ်ပြီးကာမှ ဇနီးဖြစ်သူက ကိုယ့်တိုင်းပြည်ကို လုံးဝအထင်မကြီးဘဲ နိုင်ငံခြားမှာသွားနေဖို့ပဲ စိတ်အားထက်သန်နေတာကို သိရပြီး သူမရဲ့ နိုင်ငံခြားအိပ်မက် အကောင်အထည်ပေါ်ဖို့ သားသမီးမရအောင် တားဆေးတွေ သုံးတဲ့အထိ ဖြစ်လာတဲ့အခါ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒေါက်တာ စည်သူလင်း၊ တိုင်းပြည်က ပညာတော်သင်လွှတ်ရာမှ အင်္ဂလိပ်မနဲ့ ညားပြီး မြန်မာပြည်ကို ပြန်လာလို့ မရတော့တဲ့ ဖခင် ဦးကျော်မြင့်က မွေးတဲ့ သမီး ဒိုရာဝိုက်ဇ်(ခ)ငုဝါမြင့်။ Second Citizenဆိုတဲ့ စနစ်ကြောင့် ဖခင်လုပ်ခဲ့တဲ့ အပြစ်က သမီးထိပါခံစားရပြီး မြန်မာပြည်က အဖိုးအဖွား ဆွေမျိုးသားချင်းတွေဆီ ပြန်ချင်ပေမဲ့ ပြန်မရတဲ့ ငုဝါမြင့်။ မြန်မာနိုင်ငံသားတဦးက လက်ထပ်ယူတဲ့ အင်္ဂလိပ်မအဖြစ် ခေါ်ဆောင်မှ။ တနည်းအားဖြင့် မြန်မာနိုင်ငံသားတဦးနဲ့ လက်ထပ်မှ ပြည်ဝင်ခွင့်ရမယ့် ငုဝါမြင့်၊ အဲဒီလို ဝင်ခွင့်ရရင်တောင် သူမအနေနဲ့ မြန်မာလူမျိုးအဖြစ် ခံယူခွင့်ရမှာမဟုတ်ပဲ ဒုတိယတန်းစား နိုင်ငံသားအနေနဲ့ပဲ နေထိုင်ရမှာဖြစ်ပြီး သူမမွေးတဲ့ သားသမီးထိလည်း ရမှာမဟုတ်ဘဲ သူမရဲ့ မြေးကျမှ မြန်မာနိုင်ငံသားဖြစ်ခွင့်ရမယ့် စနစ်။

တိုင်းတပါး အထင်ကြီးသူ ဇနီးဟန်နီနဲ့ ကွာရှင်းပြီး ပညာတော်သင်အဖြစ် အင်္ဂလန်ကိုလာတဲ့ ဒေါက်တာ စည်သူလင်းနဲ့ ရေမြေခြားမှာ မွေးဖွားကြီးပြင်းလာရပေမဲ့ မြန်မာလူမျိုးဖခင်ရဲ့ သွန်သင်မှုတွေနဲ့ မြန်မာပြည်ကို အမြဲပြန်ချင်နေရှာသူ ငုဝါမြင့်တို့ တွေ့ဆုံ ချစ်ကြိုက်ကြသော အချိန်တွင် ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြီး စင်ကာပူ၊ပြင်သစ် စတဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်တဲ့ ဟန်နီ သည် မိခင်ကြီး စင်ကာပူမှာ ဆုံးပါးတော့ ကြုံရတဲ့ဒုက္ခ၊ မြန်မာပြည်မှာ ကျန်ရစ်တဲ့ ဖခင် နာမကျန်းဖြစ်တဲ့အခါ အနားမှာ နေပေးမယ့် သားသမီး မရှိတဲ့ဒုက္ခစသဖြင့် တဖြည်းဖြည်းရလာတဲ့ နောင်တတွေနဲ့ သူ့အမှား သူသိလာတဲ့အခါ နောက်ဆုံး အမြင်မှန်ရပြီး မကုန်သေးတဲ့သံယောဇဉ်လက်ကျန်နဲ့ လန်ဒန်မှာရောက်နေတဲ့ ခင်ပွန်းဆီ မရောက် ရောက်အောင်သွားပြီး မြန်မာပြည်ကိုပြန်ပြီး သူမနဲ့အတူ အရင်လိုပြန်နေဖို့ ဝန်ချတောင်းပန်လေသည်။

တဖက်က သံယောဇဉ်အသစ်နဲ့ နှောင်ရစ်ပြီး ချစ်ရတဲ့ ၊ သူလက်ထပ်ပြီး ခေါ်မှ သူမအရမ်းရောက်ချင်တဲ့ နိုင်ငံ၊ ဖူးချင်တဲ့ ရွှေတိဂုံ၊ တွေ့ချင်တဲ့ ဆွေမျိုးတွေကို တွေ့ခွင့်ရမယ့် . . . သူ့အပေါ်လည်း တကယ်ချစ်နေရှာတဲ့ ငုဝါမြင့်၊ တဖက်မှာလည်း သံယောဇဉ်အဟောင်းနဲ့ စိတ်ချင်းမတူ၊ခံယူချက်ခြင်းကွဲပြားလို့ လမ်းခွဲခဲ့ရပေမဲ့ အမှားတွေကို အမှားမှန်းသိပြီး တစ်ကနေ ပြန်စဖို့ တောင်းဆိုနေတဲ့ ငယ်ချစ် ဟန်နီ၊ ဒီမိန်းကလေး နှစ်ယောက်ကြားမှာ ဝေခွဲမရတဲ့ နှလုံးသားနဲ့ ဒေါက်တာစည်သူလင်း စသည့် ဖြင့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအကြားတွင် မြန်မာပြည်၏ ယဉ်ကျေးမှု၊ မြန်မာလူ့ဘောင်အဖွဲ့အစည်း၏ အစဉ်အလာအရ လိုက်နာကြလေ့ရှိသော ဓလေ့ကောင်းကိုလည်းကောင်း ရေးဖွဲ့ထားသော ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်သည်။

ထုတ်ဝေခြင်း[ပြင်ဆင်ရန်]

ပထမအကြိမ်[ပြင်ဆင်ရန်]

  • ၁၈၇၇ ခုနှစ်၊ အုပ်ရေ ၁၇ ၀၀၀

ထုတ်ဝေသူ - စာဗေဗိမာန်အဖွဲ့၊ တွဲဖတ်ညွှန်ကြားရေးမှူး ဦးမျိုးသန့်က (ယာယီ မှတ်ပုံတင် အမှတ် ၁၁၁) ဖြင့် စာပေဗိမာန် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်၍ (မှတ်ပုံတင်အမှ ၀၁၀၂၅) ဖြင့် ထုတ်ဝေသည်။

ကိုးကား[ပြင်ဆင်ရန်]