အနုရာဓနက္ခတ်
ပုံပန်းသွင်ပြင်
အနုရာဓနက္ခတ် မှာ နဂါးလည်ဆစ်သဏ္ဌာန် (၁၅) လုံး ရှိသည်။ ထိုနက္ခတ်ကို မိတ္တမည်သောနတ် အစိုးရကြောင်းဆိုသည်။ ဤနက္ခတ်သည် တံငါတာရာနှင့် ယှဉ်၍ သွား၏။[၁]
၁၇။ အနုရာဓ = အနုရာဓနက္ခတ်
[ပြင်ဆင်ရန်]အနုရာဓော၊ မေတြော၊ ဝိသာခဿာနုဇော-ဟူ၍ အရာခ နက္ခတ် ပရိယာယ် သုံးပုဒ်ကို ရာဇမတ္တဏ်ကျမ်း၌ တွေ့ရသည်။ အဘိဓာန်ဋီကာတွင် “ဧတာယ၊ ဤအနုရာဓနက္ခတ်ဖြင့်။ သုဘာသုဘဖလံ၊ ကောင်းကျိုး မကောင်းကျိုးသည်။ အနုရာဓယတိသံသိဇ္ဈတိ၊ ကောင်းစွာပြီးစီး၏။ ဣတိ၊ ထို့ကြောင့်။ အနုရာဓာ၊ အနုရာဓနက္ခတ်မည်၏” ဟူ၍ ပြဆိုထားသည်။
အနုရာဓနက္ခတ်သည် ကောင်းကျိုး မကောင်းကျိုးတို့ကို ပြီးစေတတ်သည့် အနက်အဓိပ္ပာယ် ရပေသည်။ ရာဇမတ္တဏ်ကျမ်းအလို မိတ္တနတ် အစိုးရသော အနုရာဓ နက္ခတ်၏ လုံးရေသင်္ချာ အဆင်းသဏ္ဌာန်တို့ကို ကျမ်းအချို့တွင် အောက်ပါအတိုင်း တွေ့ရသည်။
- ပါတ္တရသာဒိကျမ်း၊ လုံးရေမပါ၊ ထန်းပင်သဏ္ဌာန်
- ဂြာဟသျှန္တီကျမ်း (၆) လုံး၊ ကောက်သော ပုတီးသဏ္ဌာန်
- လဃုသင်္ဂြဟကျမ်း (၄) လုံး၊ ပတ္တမြား သဏ္ဌာန်
- အာကာသျှတ္တရကျမ်း (၁၅) လုံး၊ သဏ္ဌာန်မပါ
- သိင်္ဃဗောဓကျမ်း (၃) လုံး၊ သဏ္ဌာန် မပါ
- ကပ္ပဝဏ္ဏနာကျမ်း (၄) လုံး၊ နဂါးလည်ဆစ် သဏ္ဌာန်
- ရွှေမင်ရေးပုရပိုက်ဖြူ (၁၅) လုံး၊ ဥဒေါင်းငှက် သဏ္ဌာန်
- နက္ခတ်လင်္ကာ (၁၅) လုံး၊ နဂါးလည်ဆစ် သဏ္ဌာန်
- သေနင်္ဂဗျူဟာကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://martikar.pikay.org/2012/10/blog-post_5851.html
- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)