မာတိကာသို့ ခုန်သွားရန်

အဒြနက္ခတ်

ဝီကီပီးဒီးယား မှ

ရာဇမတ္တဏ်ကျမ်းတွင် “အဒ္ဒါရာဒွါသီဝေါသူလီ” အစ ချီလျက် အဒြနက္ခတ် ပရိယာယ် ၁၉-ပါး ပြပါသည်။ ပရိယာယ် ၁၉-ပုဒ်လုံးပင် သျှီဝခေါ် ပရမီသွာ နတ်မင်းဟူ၍ အဓိပ္ပာယ်ရပေသည်။

အဒ္ဒသဒ္ဒါ၏ အနက်ကို အဘိဓာန်ဋီကာ၌ “ကောဓရုဒ္ဒ သဒိသတ္တာ၊ အမျက်ထွက်ခြင်း ကြမ်းကြုတ်ခြင်းနှင့် တူသည်ဖြစ်၍။ ကဒါစိ၊ တစ်ရံတစ်ခါ။ အဒ္ဒတိဃာ သတိ၊ စားတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ အဒ္ဒါ၊ အဒ္ဒမည်၏” ဟူ၍ တွေ့ရပေသည်။ အဒ္ဒ-အဒြသဒ္ဒါ၏ အနက်မှာ “စားတတ်ခြင်း” ဟု မြန်မာလို အဓိပ္ပာယ်ရပေသည်။

အဒြနက္ခတ်၏ လုံးရေသင်္ချာ နှင့် အဆင်း သဏ္ဌာန်ကို ပေါတ္တရသါဒိ၊ ဂြဟသျှန္တိ၊ လဃုသင်္ဂြဟ၊ သိင်္ဃဗေဓ နှင့် အာကာသသျှတ္တရ ကဲ့သို့သော ကျမ်းငါးစောင်ကမူ တစ်ညီ တစ်ညွတ်တည်းပင် (၁) လုံး၊ ပတ္တမြားသဏ္ဌာန်ဟု ဆိုကြသော်လည်း ကပ္ပဝဏ္ဏနာဝတ္ထုတွင် (၁) လုံး၊ မှန်ကူသီးသဏ္ဌာန်ဟု လာ၍ ရွှေမင်ရေးပုရပိုက်ဖြူ၌သော်ကား (၈)လုံး၊ လိပ် သဏ္ဌာန်ဖြင့် တွေ့ရပေသည်။ သေနင်္ဂဗျူဟာကျမ်းတွင် (၂) လုံး၊ လိပ်သဏ္ဌန်ဟု ဖော်ပြပါရှိသည်။

အဒြနက္ခတ်ကို ပရမီသွာ နတ်မင်းကြီးက အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပါ၏။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)