အဒေါ့ဖ် အိုက်ခမန်း

ဝီကီပီးဒီးယား မှ

အဒေါ့ဖ် အိုက်ခမန်း[ပြင်ဆင်ရန်]

ကမ္ဘာကျော် နာဇီဇာတ်ကောင် တစ်ဦး၊ ဂျူးသုတ်သင်ရေးအခန်းကဏ္ဍတွင် အကြီးကျယ်ဆုံးပါဝင်သူ တစ်ဦးဖြစ်သည့် အဒေါ့ဖ် အိုက်ခမန်းအား တွင် ဖွာမြင်သည်။ ၁၉၃၄ခုနှစ်တွင် SSအဖွဲ့ဟု နာမည်ကျော်သည့် ရှတ်စတဖင်းအဖွဲ့သို့ ဝင်ရောက်ပြီးနောက် အချိန်တိုအတွင်းပင် အဖွဲ့၏ ဒု-ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ သူ့၏ရာထူးတာဝန်နှင့် ပက်သက်၍ ဂျူးလူမျိုးများ အခြေချနေထိုင်မှု ကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး (The Director of Jewish Emigration Office) ဟူ၍ဖြစ်သော်လည်း အမှန်တကယ်တွင်သူ၏ အလုပ်တာဝန်မှာ ဂျူးလူမျိုးများ အား စနစ်တကျပန်းဆီးနှိပ်စက် သတ်ဖြတ်ရေးသာ ဖြစ်သည်။ အဆိုပါဌာနအနေဖြင့် နာဇီတို့၏ စစ်အောင်နိုင်ရာနယ်မြေများအတွင်းနေထိုင်သည့် ဂျူးလူမျိုးများအား ထွက်ခွာရန် အတင်းအကျပ်နှင်ထုတ်ဖယ်ရှားရှင်းလင်းပစ်သည့် တာဝန်ကိုဆောင်ရွက်ရသည်။၁၉၄၂ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ရက်နေ့တွင် ကျင်းပသည့် ဝမ်းဆီးညီလာခံတွင် အဒေါ့ဖ်အိုက်ခမန်းနှင့် အခြားထိပ်သီးအရာရှိများသည် ဂျူးလူမျိုးများအား ဖျက်ဆီးရေးအတွက် အပြီးသတ်ဆုံးဖြတ်ချက်များကို အသေးစိတ်ချမှတ်ဆောင်ရွက်ခဲ့သည်။ နာဇီတို့၏ ပင်မလုံခြုံရေးဌာနတွင် အိုက်ခမန်းတံာဝန်ထမ်းဆောင်နေစဉ်ကာလများအတွင်း အရေအတွက် သုံးသန်းကျော်မျှရှိသည့် ဂျူးလူမျိုး အရွယ်စုံတို့သည် အော့ဇ်ဝစ်ဇ်အစရှိသော အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရပြီး မပြန်လမ်းသို့ မြန်းကြရရှာသည်။ သို့ရာတွင် အိုက်ခမန်းသည် စစ်အတွင်းတွင် သိုသိုသိပ်သိပ်နေထိုင်ပြီး လူမြင်ကွင်းသို့ ထွက်လေ့မရှိလှသည့် အပြင် စစ်ပြီးကာလတွင်လည်း ဥရောပမြေမှ လျှို့ဝှက်တိမ်းရှောင်ကာ နေနိုင်ခဲ့သည်။ ထိုနောက် ၁၉၄၅ခုနှစ်တွင် မိသားစုဝင်များဖြစ်သည့် ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ ဂျာမန်-အာဂျင်တီးနား မာစီးတီးဘင့်ဇ် ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေခဲ့သည်။ ထိုအချိန်များအတွင်းတွင် တစ်ဖက်လှည့်ဖြင့် သူ၏သတင်းများကို နေရာအနှံ့မှ ကောလာဟလများ ထွတ်ပေါ်စေခဲ့ပြီး လျှို့ဝှက်စွာ နေထိုင်နေခဲ့သည်။ သို့သော် ၁၉၆၁ခုနှစ်တွင် နာမည်ကျော် အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ ခြေရာခံမိကာ အာဂျင်တီးနားနိုင်ငံမှ အစ္စရေးနိုင်ငံသို့ လျှို့ဝှက်စွာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး အစ္စရေးနိုင်ငံတွင်းတွင် ရုံးတင်စစ်ဆေးခံရသည်။ ဂျေရူစလမ် တရားရုံး၏ ဆုံးဖြတ်ချက်အရ ပြစ်မှုထင်ရှားသဖြင့် နာဇီ အက်စ်အက်စ် ဒုဗိုလ်မှူးကြီး အဒေါ့ဖ် အိုက်ခမန်းအား ၁၉၆၂ခုနှစ်၊ မေလ၊ ၂၉ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခံခဲ့သည်။