အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန်

ဝီကီပီးဒီးယား မှ

အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန် ("အင်းစိန်ဆေးရုံ" ဟုလည်း ခေါ်ကြ) သည် ခုတင် ၅၀၀ ဆံ့ သင်ကြားရေးနှင့် ပြည်သူ့ဆေးရုံတစ်ခု ဖြစ်သည်။ ဤဆေးရုံသည် ရန်ကုန်မြို့ မြောက်ပိုင်းတွင် တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံတွင် ဆေးကုသရာဌာန ၉ ခုရှိပြီး အထူးကုသရေးဌာန ၆ ခုရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၃၀ ခုနှစ် ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် လူသိများသည့် သူဌေးတစ်ဦးဖြစ်သည့် ဆာဖိုးသာသည် ရှေးခေတ်ကိုလိုနီပုံစံ အဆောက်အဦဖြင့်ခုတင် ၅၀ ဆေးရုံတစ်ခုကို လှူဒါန်းခဲ့သည်။ ထိုအချိန်အချိန်က ဆေးရုံကို "ဆာဖိုးသာဆေးရုံ" ဟု သိခဲ့ကြသည်။ ဆေးရုံကို ၁၉၅၂ ခုနှစ်တွင် ခုတင် ၁၀၀ ဆေးရုံအဖြစ်သို့လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် သွားဌာန၊ အရိုးဌာန၊ ဓာတ်ခွဲခန်းဌာနှင့် ဓာတ်မှန်ဌာနစသည်တို့ပါဝင်သည့် ခုတင် ၁၅၀ ဆေးရုံအဖြစ်လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ခုတင် ၃၀၀ ဆေးရုံအဖြစ်လည်းကောင်း တိုးချဲ့ခဲ့ကြသည်။ ထိုကဲ့သို့ တိုးတက်လာမှုနှင့်အတူ ဤဆေးရုံသည်လည်း ၁၉၉၅ ခုနှစ်ဇူလိုင်လတွင် ဗဟိုအဆင့်ရှိအစိုးရဆေးရုံတစ်ခု ဖြစ်လာခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အထပ်သုံးထပ်ပါဝင်သည့် အဆောက်အဦတစ်ခုနှင့် ထောင်သားလူနာများအတွက် ခုတင် ၂၀ ရှိ ကုသခန်းတစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။ အင်းစိန်ထောင်မှ ထောင်သားလူနာများကို ထိုကုသခန်းတွင် ကုသထားရှိရန် ခွင့်ပြုထားသည်။ အင်းစိန်ထောင်သည် ဆေးရုံ၏ အနီးအနားတွင် တည်ရှိသည်။

ကုသရေးဌာနများ[ပြင်ဆင်ရန်]

  • General Medical Ward
  • General Surgical Ward
  • Obstetrics & Gynecological Ward
  • Pediatric Ward
  • Trauma & Orthopedic Ward
  • Ophthalmological Ward
  • Otorhinolaryngological Ward
  • Intensive Care Unit
  • Sanga Ward for Buddhist Monks
  • Guard Ward for Imprisoned Patients
  • Oncology Ward

အထူးကုသရေးဌာနများ[ပြင်ဆင်ရန်]

  • Elderly Clinic
  • Dentistry Clinic
  • Physical Medicine
  • Psychiatric Clinic
  • Tuberculosis Clinic
  • ART Clinic
  • Dermatology clinic
  • Sexually Transmitted Disease Clinic
  • Medical Oncology Clinic

စမ်းသပ်ရှာဖွေရေးဌာနများ[ပြင်ဆင်ရန်]

  • Radiology Department
  • Pathology Department
  • Microbiology Department

အရန်ဌာနများ[ပြင်ဆင်ရန်]

  • Medical Record Department
  • Medical Store Department
  • Kitchen
  • Laundry
  • Motor Transport

သင်ကြားရေးအစီအစဉ်များ[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ်တွင် ဆေးရုံသည် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ သင်ကြားရေးဆေးရုံ ဖြစ်ခဲ့သည်။ ဤတက္ကသိုလ်သည် ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)ဆေးဝါးတက္ကသိုလ် (ရန်ကုန်)သူနာပြုတက္ကသိုလ် (ရန်ကုန်) စသည်တို့နှင့် ပူးပေါင်းဆက်နွယ်မှုများ ရှိသည်။[၁]

ဘွဲ့ကြို[ပြင်ဆင်ရန်]

  • MBBS degree
    • Third MB
    • Final part II
    • House surgeon
  • Postgraduate
    • M Med Sc (Internal Medicine)
    • Dip Med Sc (Hospital Administration)
  • Others
    • Nursing training
    • Pharmacist training
    • Paramedical sciences (Radiology, physiotherapy and lab technicians)

ကိုးကား[ပြင်ဆင်ရန်]

  1. Affiliated Teaching Hospitals။ University of Nursing, Yangon။ 6 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-10-02 တွင် ပြန်စစ်ပြီး။