"ရဟတ်ယာဉ်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
Robot: Cosmetic changes
အရေးမကြီး (r2.7.1) (ရိုဘော ပေါင်းထည့်နေသည: gu:હેલિકોપ્ટર)
အရေးမကြီး (Robot: Cosmetic changes)
ရဟတ်ယာဉ်ဆိုသည်မှာ တစ်ခုသော သို့မဟုတ် တစ်ခုထက်ပိုသော ဒလက်များဖြင့် ပျံသန်းရန်နှင့် မောင်းနှင်ရန်ပြုလုပ်ထားသော လေကြောင်းသွားယာဉ်တစ်မျိုးဖြစ်သည်။ အမျိုးအစားခွဲရာတွင် ရဟတ်ယာဉ်ကို တောင်ပံအသေတပ်ဆင်ထားသော လေယာဉ်များမှ ခွဲခြားနိုင်ရန် ဒလက်ယာဉ် (rotorcraft) သို့မဟုတ် လည်ပတ်နေသောအတောင်ပံများရှိသည့် လေကြောင်းသွားယာဉ် (rotary-wing aircraft) ဟုခွဲခြားသတ်မှတ်လေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရဟတ်ယာဉ်သည် မတင် ပျံသန်းနိုင်သည့် ပင့်အားကို အလယ်အူတိုင်ရှိ လည်ပတ်နေသော Rotor ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်နိုင်၊ ဆင်းနိုင်ကြသည်။
 
== အခေါ်အဝေါ် ==
အင်္ဂလိပ်ဘာသာ 'helicopter' ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာ hélicoptère မှဆင်းသက်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် Gustave de Ponton d'Amecourt မှ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဂရိဘာသာ helix/helik- (ἕλικ-) လည်ပတ်နေသော pteron (πτερόν) = အတောင်ပံ <ref>[http://www.etymonline.com/index.php?term=helicopter "helicopter"]. Online Etymology Dictionary. Retrieved: [[28 November]] [[2007]] </ref><ref>Cottez 1980, p. 181.</ref>ဟူသော စကားလုံးမှတဆင့် လာခြင်းဖြစ်သည်။
 
၁၇၅၄ တွင် ရုရှတို့က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ ပျံတက်နိုင်သော ယာဉ်ပုံစံကို ရေးဆွဲခဲ့ကြသည်။ ၁၈၆ဝ မှ ၁၈၈ဝ ကာလအတွင်း ရဟတ်ယာဉ် ပုံစံ မျိုးစုံကို တီထွင် ခဲ့ကြသည်။ ၁၈၈ဝတွင် သောမတ် အက်ဒီဆင်က ရဟတ်ယာဉ် ပုံစံငယ် တစ်ခုကို တည်ဆောက်ခဲ့သည်။
 
=== ပထမအကြိမ်ပျံသန်းခြင်းနှင့် အစောပိုင်းတည်ဆောက်မှုများ ===
 
၁၉၀၆ တွင် ပြင်သစ် ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီထွင်ရန် ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အမြင့် (၂) ပေခန့် မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြား ပြင်သစ် ပညာရှင်တစ်ဦးက ပေ (၂၀) အမြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင် နိုင်ခဲ့သည်.။ ၁၉၅၁ တွင် အမေရိကန် ရေတပ်က တာဘိုင်အင်ဂျင်သုံး ရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉) ရာစု နှောင်းပိုင်း ရောက်လာသောအခါ ပိုမို၍ ပေါ့ပါး လှျင်မြန်ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
Leonardo Da Vinci သည်လည်း လေထဲသို့ ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန် လွန်သွားကဲ့သို့ပန်ကာဒလက်ပါဝင်သောပုံကို ရေးဆွဲစိတ်ကူးခဲ့ ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟု သူ့ခေတ်အခါက လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့ စကီး သည်အောင်မြင်မှုရအောင် တီထွင်နိုင်ခဲ့သည်။
 
== စစ်သုံး ရဟတ်ယာဉ်များ ==
ရဟတ်ယာဉ်များ၏ လေထဲတွင် ရပ်တန့်နိုင်ခြင်း ၊ ပြေးလမ်းမလိုခြင်း စသော အားသာချက်များကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် စစ်ပွဲ၏ အဆုံးအဖြတ်ကို ပေးနိုင်သည်အထိ အသုံးဝင်လာခဲ့ကြသည်။ ထင်ရှားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှာ -
# [[AH 1 Cobra]]
# [[Mil Mi 24]]
# [[AH - 64 Apache]]
# [[Eurocopter Tiger]]
တို့ ဖြစ်ကြသည်။
 
{{reflist}}
{{DEFAULTSORT:ရ}}
{{Stub}}
 
[[Category:လေယာဉ်]]
[[Category:သယ်ယူပို့ဆောင်ရေး]]
{{Stub}}
 
[[ang:Þyrla]]
၃၂၆၀၈

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး