ရသေ့ပျံဂူ: တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၃၆၇၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
'''ရသေ့ပျံဂူ''' သည် [[ကရင်ပြည်နယ်]]ရှိ သဘာဝထုံးကျောက်ဂူဖြစ်သည်။
 
==တည်နေရာ==
ရသေ့ပျံဂူသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာအနီး သံလွင်မြစ်၏ အနောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ထက် (၁၁၆) ပေခန့်အမြင့်တွင် တည်ရှိသည်။
 
==ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ==
ရသေ့ပျံဂူ၏ အရှေ့ဘက်နံရံနှင့် အတွင်းပိုင်းရှိ နံရံတို့တွင် အုတ်ခွက်ဗုဒ္ဓဆင်းတုများကို အမြင့် (၃) လက်မခန့်မှစ၍ (၅) ပေခန့်အထိ အရွယ်အစားမျိုးစုံ တွေ့မြင်ရသည်။ ရံသေ့ပျံဂူအတွင်းတွင် ကပ်လှူပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များသည် နေရောင်ဒဏ်ကို တိုက်ရိုက်မထိတွေ့ရသဖြင့် မူလလက်ရာအတိုင်း ဖူးမြော်နိုင်သည်။ ရုပ်တု၊ ဆင်းတု၊ အုတ်ခွက်ဘုရားများကို လေ့လာကြည့်ပါက အေဒီ (၁၇) ရာစုအတွင်း အနီးအနားရှိ ကုသိုလ်ရှင်များ၊ ဘုရားဖူးများ၏ ကုသိုလ်ပြုလှုဒါန်းခဲ့မှုများ အလွန်များပြားခဲ့သည်ကို လေ့လာသိရှိနိုင်သည်။ အမြင့် (၅) ပေခန့်ရှိ မတ်တပ်ရပ်နှင့် ထိုင်တော်မူ နံရံကပ် ဗုဒ္ဓရုပ်ပွားတော်ကြီး (၃) ဆူရှိပြီး ထင်ရှားသော အချက်တစ်ချက်မှာ ဗုဒ္ဓဆင်းတုတော်များတွင် မဏိတော် အထက် ဥဏှိဿမှ ထွက်ပေါ်၍ မီးလျှံသဖွယ် တက်သွားသော အမှတ်လက္ခဏာ ဖြစ်သည်။ ဂူအတွင်းတွင် တွေ့ရှိရသော ဗုဒ္ဓဆင်းတုတော်အချို့မှာ အေဒီ (၁၃) ရာစုနှစ်ခန့်က လက်ရာဖြစ်သည်။ အချို့သော နေရများရှိ အုတ်ခွက်ဆင်းတုများမှာ သဘာဝဘေးဒဏ်နှင့် နှစ်ကာလကြာမြင့်လာသည့်အတွက် ပျောက်ဆုံးလစ်ဟာနေသည်ကို တွေ့ရသည်။
 
==ထိန်းသိမ်းစောင့်ရှောက်မှု==
ရသေ့ပျံဂူကို ၁၉၇၅ ခုနှစ်မှ စတင်၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိန်းစောင့်ရှောက်ထားသည်။
 
==ကိုးကား==
{{reflist}}
 
[[Category:မြန်မာနိုင်ငံရှိ လိုဏ်ဂူများ]]
၃၃၇၉၅

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး