Jump to content

ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ရိုဘော့က ပေါင်းထည့်နေသည် - th:ขอม)
အရေးမကြီးNo edit summary
 
=== လူမျိုးအလိုက်အနွယ် ===
မွန်ခမာအစုခွဲဝင် ဘာသာစကားများကို ပြောဆိုကြသော လူမျိုးတို့အနက်အချို့မှာ မူလတိုင်းဦးသားများ ဖြစ်ကြ၍ အချို့မှာ နောက်ကာလများမှ ရွေ့ပြောင်းဝင်ရောက်လာကြသော တောင်ပိုင်းမွန်လူမျိုးစုများ ဖြစ်ကြရာ လူမျိုးရေအရဆိုသော်လူမျိုးရေးအရဆိုသော် ခမာတို့မှာ မွန်မြန်မာတို့ကဲ့သို့ များသောအားဖြင့် တောင်ပိုင်း မွန်ဂိုလူမျိုးစုဝင်များ ဖြစ်ကြသည်။ လွပ်လပ်သော လူမျိုးအဖြစ် အချုပ်အချာအာဏာပိုင်အချုပ်အခြာအာဏာပိုင် နိုင်ငံနှင့် နေထိုလျက်ရှိသောနေထိုင်လျက်ရှိသော ယခုခေတ်ခမာတို့မှာ ကမ္ဗောဇပြည်သားများ ဖြစ်ကြပေသည်။
 
=== သမိုင်းအကျဉ်း ===
၁၃ ရာစုနှစ်များ၏ နောက်ပိုင်းလောက်တွင် မွန်ဂိုတို့ အာရှအရှေ့တောင်ပိုင်း ဒေသအချို့တို့သို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ထိုင်ရှမ်းလူမျိုးများ ရွေ့ပြောင်းနေထိုင်လာရာ ၁၃၅၀ ပြည့်နှစ်လောက်ရောက်သောအခါ အယုဒ္ဓပြည်ကို မေနမ်မြစ်ဝှမ်းအတွင်း ခိုင်မြဲစွာ တည်ထောင်မိကြလေသည်။ ထိုသို့ ပြည်သစ်တည်ထောင်ကြရာတွင် ထိုင်ရှမ်းတို့သည် ခမာတို့အား တိုက်ခိုက်နှိမ်နင်းကြ၏။ ၁၃၅၀ မှ ၁၄၆၀ ပြည်နှစ်အတွင်း ထိုင်ရှမ်းတို့သည် ခမာတို့ကို ၄ ကြိမ် ၅ ကြိမ်မျှ တိုက်ခိုက် အောင်မြင်ခဲ့ကြ၏။
 
ဤသို့အားဖြင့် ယခု ယိုးဒယား၊ လာအိုနယ်၊ ကမ္ဗောဒီးယားနယ်၊ ကိုချင်ချိုင်းနားနယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော ကမ္ဗောဇပြည်သည် ရွေ့ပြောင်းနေထိုင်လာကြ ကုန်သော ထိုင်ရှမ်းတို့၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်နှင့် မြောက်ဘက်မှ အဆက်မပြတ် ဆုတ်ခွာလာခဲ့ကြသည်။ အရှေ့ဖက်တွင်လည်း မြောက်ဘက်မှဆင်းလာသော အာနမ်လူမျို့းတို့၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ကြရာ အာနမ်တို့သည် ၁၇ ရာစုလောက်မှစ၍ ကိုချင်ချိုင်းနားနယ်တွင် အခြေစိုက်မိကြလေသည်ဟု သမိုင်းဆရာကျော် ဟင်နရီမတ်စပါရိုးက မှတ်ချက်ချထားလေသည်။ ထိုင်ရှမ်းတို့အဆက်မပြတ် တိုက်ခိုက်သည့်အပြင် မြို့တဝိုက်ကို ရေလွှမ်းမိုးသောကြောင့် ခမာတို့မှာ ၁၅ ရာစုလောက်တွင် ခမ်းနားကြီးကျယ်လှသော အင်းကောမြို့ကို စွန့်လွှတ်ထွက်ခွာရွေ့ပြောင်းခဲ့ကြသဖြင့် ကာလကြာမြင့်သော် မြို့ကြီးမှာ ထူထပ်သော သစ်ပင်တို့အတွင်း၌ ပျက်စီးခြင်းသို့တိုင်ခဲ့ရလေသည်။ ဤသည်ကား ခမာတို့၏ တန်ခိုးအာဏာ လုံးဝပျက်စီးခြင်း ဖြစ်သည်သာမက လွပ်လတ်ရေးလည်းလွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရသော အချက်ဖြစ်သည်။ နောင်နှစ်ပေါင်း ၄၀၀ မျှ ခမာတို့မှာ မဲခေါင်မြစ်ဝတွင် ပြည်ငယ်ပြည်သိမ် အဖြစ်ဖြင့် အာနမ်နှင့် ယိုးဒယားသို့ တလှည့်စီ အခွန်ပဏ္ဏာ ဆက်၍ နောလာခဲ့ရသည်။နေလာခဲ့ရသည်။ ၁၈၄၄ မှ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၁၈၆၇ ခုမှစ၍ ပြင်သစ်တို့၏ အုပ်ထိန်းခံ နယ်အဖြစ်ဖြင့် တည်တံ့ခဲ့၏။ သမိုင်းတစ်လျောက်လုံးပင် မိမိတို့ ဘုရင်နှင့် နေလာခဲ့သော်လည်း အုပ်ချုပ်မှု အာဏာမှာမူ ကာကွယ်ပေးသည်ဆိုသော ယိုးဒယားနှင့် ပြင်သစ်ကိုယ်စားလှယ် အရာရှိတို့၏ လက်တွင်း၌ ရှိခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ၁၉၅၄ ခုနှစ်ရောက်မှ ခမာတို့သည် လွတ်လပ်ရေးကို ရရှိကာ ကမ္ဗောဇနိုင်ငံမှာလည်း တကယ်လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။
 
=== ခမာယဉ်ကျေးမှု ===
၂၈၇၇

တည်းဖြတ်မှုများ