မျိုးပေါင်းစု

ဝီကီပီးဒီးယား မှ
၁၀:၀၀၊ ၂၇ စက်တင်ဘာ ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is translated from the existing Wikipedia article at en:Phylum; see its history for attribution.) တည်းဖြတ်သည့်မူ
သက်ရှိနယ်ပယ် (ဇီဝဗေဒ)လောက (ဇီဝဗေဒ)မျိုးပေါင်းစုမျိုးပေါင်းမျိုးစဉ်မျိုးရင်းမျိုးစုမျိုးစိတ်
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ လောက (kingdom) တစ်ခု၏အောက်တွင် မျိုးပေါင်းစု (Phylum) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် မျိုးပေါင်းစု (Phylum) သည် လောက (Kingdom) အဆင့်အောက်ဖြစ်ပြီး၊ မျိုးပေါင်း (Class) အဆင့်၏ အပေါ် တွင်ရှိသော အဆင့်တစ်ခု ဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် ဖိုင်လဲမ် (အင်္ဂလိပ်: Phylum /ˈfləm/; အများကိန်း၊ phyla)ဟု ခေါ်သည်။ အစဉ်အလာအရ ရုက္ခဗေဒဆိုင်ရာ အသုံးအနှုန်းတွင် ဒဗစ်ရှင်း သို့မဟုတ် မျိုးခွဲ (Division) ဟူသော ဝေါဟာရကို ဖိုင်လဲမ် (Phylum) အစားသုံးလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှိုနှင့်အပင်များ အမည်ပေးခြင်း စည်းမျဉ်းတွင်မူ ၎င်းအသုံးအနှုန်းနှစ်ခုကို တူညီသည်ဟု လက်ခံထားသည်။[၁][၂][၃]


ကိုးကား

  1. McNeill၊ J.; et al., eds. (2012)။ International Code of Nomenclature for algae, fungi, and plants (Melbourne Code), Adopted by the Eighteenth International Botanical Congress Melbourne, Australia, July 2011 (electronic ed.)။ International Association for Plant Taxonomy2017-05-14 တွင် ပြန်စစ်ပြီး
  2. "Life sciences"The American Heritage New Dictionary of Cultural Literacy (third ed.)။ Houghton Mifflin Company။ 20052008-10-04 တွင် ပြန်စစ်ပြီးPhyla in the plant kingdom are frequently called divisions.
  3. Berg၊ Linda R. (2 March 2007)။ Introductory Botany: Plants, People, and the Environment (2 ed.)။ Cengage Learning။ p. 15။ ISBN 97805344666952012-07-23 တွင် ပြန်စစ်ပြီး