ကမ္ဘာ့သမိုင်း

ဝီကီပီးဒီးယား မှ
၀၂:၂၅၊ ၂၅ ဇူလိုင် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is translated from the existing Wikipedia article at en:Human history; see its history for attribution.) တည်းဖြတ်သည့်မူ

လူသားတို့၏သမိုင်း သို့မဟုတ် ကမ္ဘာ့သမိုင်းသည် လူသားထု၏အတိတ်ကို သေသေချာချာ သုတေသနပြုကာ ဖေါ်ပြခြင်း ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာမနုဿဗေဒမျိုးရိုးဗီဇပညာဘာသာဗေဒနှင့် အခြားသော ပညာရပ်များမှ ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ ဖေါ်ပြခြင်းဖြစ်ပြီး၊ စာအရေးအသားကို စတင်တီထွင်သည့်ကာလမှ စတင်၍ သမိုင်းတင်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့ သမိုင်းတင်ဖေါ်ပြရာတွင် ရေးသားထားသော မှတ်တမ်း၊ ကျမ်းဂန်များနှင့် သမိုင်းပညာရှင်အချင်းချင်း တည်းဖြတ်အတည်ပြုစစ်ဆေးပြီးမှသာ ရေးသားထားသည့် စာအုပ်စာတမ်းများ၊ တွေ့ရှိချက်များကို အခြေခံလေ့ရှိသည်။

သမိုင်းမတင်မီခေတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမိုင်းမတင်မီခေတ်

လူသားအစ

မျိုးရိုးဗီဇတိုင်းတာမှုများက လက်ရှိလူသားမျိုးရိုး(ဟိုမို ဆေပီယန်စ် - Homo sapiens)နှင့် လူနှင့် ပုံပန်းအနီးစပ်ဆုံး ဆွေမျိုးများဟုဆိုနိုင်သော ချင်ပန်ဇီမျောက်ဝံ (chimpanzees and bonobos)မျိုးရိုးတို့ သည် မူလမျောက်ဝံမျိုးရိုးမှ လွန်ခဲ့သောနှစ်ပေါင်း ၄.၆မှ ၆.၂သန်းခန့်တွင် ခွဲထွက်လာခဲ့ကြောင်း ညွှန်ပြထားသည်။[၁]

မှတ်စုများ

စာစုစာရင်း

  1. Chen & Li 2001, pp. 444–56.