ဗြဟ္မဇာလသုတ် မဟာသီလခန်း

ဝီကီပီးဒီးယား မှ
၁၇:၄၅၊ ၁ ဇူလိုင် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (ဖန်တီးခြင်း။) တည်းဖြတ်သည့်မူ

ဗြဟ္မဇာလသုတ် မဟာသီလခန်း၌ ပုထုဇဉ်တစ်ယောက်သည် ဘုရား၏ဂုဏ်ကို အထွဋ်အမြတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ချီးမွမ်းပြောဆို နိုင်သည်ကို အကျယ်ရှင်းပြထားသည်။ မြတ်စွာဘုရားသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နိမိတ် လက္ခဏာကျမ်းများဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လောကီအကျိုးစီးပွါးတိုးတက်ရန်အတွက်ပြုသော ပူဇော်ပသမှုအမျိုးမျိုးဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လောကီအကျိုးစီးပွါးဆိုင်ရာ အတတ်အမျိုးမျိုးဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ကျောက်မျက် အသုံးအဆောင် လူ တိရစ္ဆာန်အမျိုးမျိုး တို့၏ အကောင်းအဆိုးလက္ခဏာတို့ကို ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ပြည်ထောင်မင်းတို့၏ စစ်မှုရေးရာများကို ရှေ့ဖြစ်ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ နေ လ နက္ခတ်တာရာ တို့ကိုလေ့လာကာ ရှေ့ဖြစ်ဟောပြောခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ရှေ့ဖြစ်ဟောအတတ် အတွက်အချက်အတတ် ကဗျာလင်္ကာအတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ဥစ္စာဓနစုဆောင်းခြင်း အစရှိသည့် အိမ်ယာထောင်မှုဆိုင်ရာကိစ္စများကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ မန္တန်စုတ်ခြင်း နတ်မေးခြင်း နတ်ပင့်ခြင်း အစရှိသည့်အတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း၊ ဗလိနတ်စာကျွေးခြင်း လောကီအစီအရင်များစီရင်ခြင်း ဆေးဝါးကုသခြင်း အစရှိသည့်အတတ်တို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်တော်မူခြင်း အစရှိသော အထွဋ်အမြတ်ဖြစ်သော သီလစောင့်ထိန်းမှု ဆိုင်ရာ ဂုဏ်အင်္ဂါများဖြင့် ပြည့်စုံကြောင်း ကို ဤမဟာသီလခန်း၌ ဖေါ်ပြထားသည်။

ဗြဟ္မဇာလသုတ် မဟာသီလခန်း ပါဠိနှင့် မြန်မာပြန်

စဉ် ပါဠိ[၁] မြန်မာပြန်[၂]

၂၁။

ယထာ ဝါ ပနေကေ ဘောန္တော သမဏဗြာဟ္မဏာ သဒ္ဓါဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ သေယျထိဒံ၊ အင်္ဂံ နိမိတ္တံ ဥပ္ပါတံ သုပိနံ လက္ခဏံ မူသိကစ္ဆိန္နံ အဂ္ဂိဟောမံ ဒဗ္ဗိဟောမံ ထုသဟောမံ ကဏဟောမံ တဏ္ဍုလဟောမံ သပ္ပိဟောမံ တေလဟောမံ မုခဟောမံ လောဟိတဟောမံ အင်္ဂဝိဇ္ဇာ ဝတ္ထုဝိဇ္ဇာ ခတ္တဝိဇ္ဇာ[မှတ်စု ၁] သိဝဝိဇ္ဇာ ဘူတဝိဇ္ဇာ ဘူရိဝိဇ္ဇာ အဟိဝိဇ္ဇာ ဝိသဝိဇ္ဇာ ဝိစ္ဆိကဝိဇ္ဇာ မူသိကဝိဇ္ဇာ သကုဏဝိဇ္ဇာ ဝါယသဝိဇ္ဇာ ပက္ကဇ္ဈာနံ သရပရိတ္တာဏံ မိဂစက္ကံ ဣတိ ဝါ၊ ဣတိ ဧဝရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ၊ ဣတိ ဝါ ဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံ ဝဒမာနော ဝဒေယျ။

ထို့ပြင်လည်း အချို့ သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်[မှတ်စု ၂] ဖြင့် အသက်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ အင်္ဂကျမ်း နိမိတ်ကျမ်း ဥပ္ပါတကျမ်း[မှတ်စု ၃] အိပ်မက်ကျမ်း လက္ခဏာကျမ်း ကြွက်ကိုက်ကျမ်း မီးပူဇော်ခြင်း ယောက်မဖြင့်ပူဇော်ခြင်း ဖွဲဖြင့်ပူဇော်ခြင်း ဆန်ကွဲဖြင့်ပူဇော်ခြင်း ဆန်ဖြင့်ပူဇော်ခြင်း ထောပတ်ဖြင့်ပူဇော်ခြင်း ဆီဖြင့်ပူဇော်ခြင်း ခံတွင်းဖြင့်ပူဇော်ခြင်း သွေးဖြင့်ပူဇော်ခြင်း အင်္ဂဝိဇ္ဇာအတတ် မြေကြန်အတတ် မင်းမှုရေးရာအတတ် ဘေးငြိမ်းခြင်းကို ပြုတတ်သောအတတ် ဘုတ်တစ္ဆေအတတ် မြေအိမ်၌ သင်ယူရသောအတတ် မြွေအတတ် အဆိပ်အတတ် ကင်းမြီးကောက်အတတ် ကြွက်ခဲနာကုအတတ် ငှက်သံအတတ် ကျီးသံအတတ် အသက်ဟောအတတ် မြားလွှဲအတတ် သားမြည်သံအတတ် ဤသည်တို့တည်း၊ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့ သော ဖီလာအတတ် (ဖြင့် အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

... ... ...

မဟာသီလံ နိဋ္ဌိတံ။

မဟာသီလခန်း ပြီး၏။

မှတ်စု

  1. ခေတ္တဝိဇ္ဇာ (ဗဟူသု)
  2. ဤဖီလာအတတ်ဟူသည် နတ်ရွာနိဗ္ဗာန်ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် အတတ်တည်း။
  3. ဥပ္ပါတကျမ်းဟူသည် မိုးကြိုးကျခြင်း စသည်၏ အကျိုးအပြစ်ကို ဆိုသောကျမ်း။

ဆက်စပ်စာမျက်နှာများ


ကိုးကား

  1. သာသနာရေးဦးစီးဌာန (၂၀၁၀)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ဒီဃနိကာယေ၊ သီလက္ခန္ဓဝဂ္ဂပါဠိ။ p. စာ ၈-၁၁။
  2. သာသနာရေးဦးစီးဌာန (၂၀၁၁)။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် ဒီဃနိကာယ်ဝင် သုတ္တန်ပိဋကတ် သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန်။ p. စာ ၈-၁၀။