အလွန်ထိရောက်စွမ်းဆောင်နိုင်သူများ၏ အလေ့အကျင့်ကောင်း ၇-ခု

ဝီကီပီးဒီးယား မှ
၀၇:၀၅၊ ၁၃ ဇွန် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (Content in this edit is from the existing English Wikipedia article at en:The_7_Habits_of_Highly_Effective_People; see its history for attribution.) တည်းဖြတ်သည့်မူ

အလွန်ထိရောက်စွမ်းဆောင်နိုင်သူများ၏ အလေ့အကျင့်ကောင်း ၇-ခု(The 7 Habits of Highly Effective People)ကို ၁၉၈၉-ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည်။ စတီဗဲ(န်)ကားဗွီး(Steven Covey)က ရေးသားသော စီးပွားလုပ်ငန်းလမ်းပြနှင့် ကိုယ့်အားကိုယ်ကိုးတိုးတက်အောက်လုပ်ဆောင်မှုကို ပံ့ပိုးသော စာအုပ်ဖြစ်သည်။ ကားဗွီးက ဤစာအုပ်တွင် ရည်မှန်းချက်ပန်းတိုင်များသို့ရောက်ရှိရန် ထိရောက်သော လုပ်နည်းကိုင်နည်းများကို တင်ပြသည်။ အဆိုပါ လုပ်နည်းကိုင်နည်းများသည် စရိုက်တွင်အခြေခံသောကိုယ်ကျင့်သိက္ခာရှိမှု(character ethic) အပေါ်မူတည်သည့် ဓမ္မဓိဋ္ဌာန်ကျသောနိယာမများနှင့် ကိုယ့်ကိုယ်ကိုယ်ကိုချိန်ညှိလုပ်ကိုင်ခြင်းများဟု ဆိုခဲ့သည်။ မည်သည့်နေရာတွင်မဆို မည်သည့်ကာလတွင်မဆို အသုံးဝင်သော ဓမ္မဓိဋ္ဌာန်ကျသောနိယာမများဖြစ်သည်ဟုလည်း ရေးသားခဲ့သည်။

ထိရောက်စွာစွမ်းဆောင်မှုဆိုသည်မှာ မိမိပိုင်ဆိုင်လိုသော အကျိုးရလဒ်များကို ရရှိအောင် ကြိုးစားခြင်းနှင့် ထိုရလဒ်များ ဖြစ်ပေါ်စေသည့်အရာများကို ဂရုတစိုက်ရှိခြင်းနှစ်ခုကို အညီအမျှ အလေးထားခြင်း ဖြစ်သည်ဟု ကားဗွီးက အဓိပ္ပါယ်သတ်မှတ်သည်။ သူက အဆိုပါအချက်ကို ရွှေဥဥသောငန်းပုံပြင်နှင့် ဥပမာပေး သရုပ်ဖော်ယှဉ်ပြသည်။ သူကထပ်လောင်းပြောကြားသည်မှာ ထိရောက်စွာစွမ်းဆောင်မှုကို ပီ/ပီစီ အချိုး (P/PC ratio)ဖြစ် ဖေါ်ပြနိုင်သည်။ ဤသို့ ဖေါ်ပြရာတွင် ပီ ဆိုသည်မှာ မိမိပိုင်ဆိုင်လိုသော အကျိုးရလဒ်များကို ရရှိအောင် ကြိုးစားခြင်း (အင်္ဂလိပ် - Production စာလုံးမှ ဦးဆုံးအက္ခရာ P)ကို ဆိုလိုခြင်းဖြစ်ပြီး၊ ပီစီ ဆိုသည်မှာ ထိုရလဒ်များ ဖြစ်ပေါ်စေသည့်အရာများကို ဂရုတစိုက်ရှိခြင်း (အင်္ဂလိပ် - Production Capability စကားစုမှ P နှင့် C)ကို ဆိုလိုသည်။

ကားဗွီး၏ လူသိအများဆုံး ဤစာအုပ်ကို စတင်ထုတ်ဝေချိန်မှ စပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အုပ်ရေ ၂၅-သန်းထက်မနည်း ရောင်းခဲ့ရပြီးဖြစ်သည်။ ဤစာအုပ်၏ အသံထွက်စာအုပ်(audiobook) အမျိုးအစားသည် အမေရိကန်ပုံနှိပ်ထုတ်ဝေခြင်း ရာဇဝင်၌ ပထမဆုံး အုပ်ရေတစ်သန်းကျော် ရောင်းရသော သုတစာပေအမျိုးအစား အသံထွက်စာအုပ်ဖြစ်ခဲ့သည်။