ဂစ်တ်ဟပ်ဘ်
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) မှ ၄ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
စီးပွားရေးအမျိုးအစား | ကုမ္ပဏီခွဲ |
---|---|
ဝဘ်ဆိုဒ် အမျိုးအစား | ပူးပေါင်းဆောင်ရွက်သော ရင်းမြစ်ထိန်းချုပ်မှုစနစ် |
ဖတ်ရှုရရှိနိုင်မှု | အင်္ဂလိပ် |
တည်ထောင် | ဖေဖော်ဝါရီ ၈၊ ၂၀၀၈ | (as Logical Awesome LLC)
ဌာနချုပ် | ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
ဝန်ဆောင်မှု ဧရိယာ | တစ်ကမ္ဘာလုံး |
တည်ထောင်သူများ |
|
စီအီးအို | Nat Friedman |
အရေးပါ ပုဂ္ဂိုလ်များ |
|
လုပ်ငန်း | ဆော့ဖ်ဝဲ |
ဝန်ထမ်း | ၁၀၇၉[၁] |
မိခင်ကုမ္ပဏီ | မိုက်ခရိုဆော့ဖ် |
ဝဘ်ဆိုဒ် | https://github.com/ |
Alexa အဆင့် | 80 (January 2020[update])[၂] |
မှတ်ပုံတင်ခြင်း | ပရောဂျက်တစ်ခုကို စတင်ရန်နှင့် ပူးပေါင်းပါဝင်ရန်ဆိုမှသာ လိုအပ်သည်။ ရင်းမြစ်ကြည့်ရန်သာဆိုလျှင် မလိုအပ်ပါ။ |
အသုံးပြုသူ | ၄၀ မီလီယံ (ဩဂုတ်၊ ၂၀၁၉) |
လွှင့်တင်ခြင်း | ဧပြီ ၁၀၊ ၂၀၀၈ |
လက်ရှိ အခြေအနေ | အလုပ်လုပ်နေဆဲ |
အသုံးပြုထားသည့် ပရိုဂရမ်းမင်း | Ruby |
ဂစ်တ်ဟပ်ဘ်(GitHub, Inc.) သည်အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာကုမ္ပဏီတစ်ခု ဖြစ်ပြီး ဆော့ဖ်ဝဲတည်ဆောက်ရေး၏ ရင်းမြစ်ထိန်းချုပ်မှုအတွက် လိုအပ်သောဂစ်တ်ရီပိုစစ်တရီများ ကို ထိန်းသိမ်းပေးပြီး အင်တာနက်ကို အသုံးပြု၍ ဝက်ဘ်မှတစ်ဆင့် ဖြန့်ချီပေးနိုင်ရန် နေရာနှင့်လိပ်စာ ထောက်ပံ့ပေးသည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းသည် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံဖြင့် မိုက်ခရိုဆော့ဖ်(Microsoft) ပိုင် ကုမ္ပဏီခွဲတစ်ခု ဖြစ်လာခဲ့သည်။ [၃] ၎င်းသည် ဖြန့်ဝေထားသော ရင်းမြစ်ထိန်းချုပ်မှုစနစ် နှင့် ရင်းမြစ်စီမံခန့်ခွဲမှုဆိုင်ရာအလုပ်များ(source code management -SCM)ကို ဂစ်တ်ကိုသုံး၍ ထောက်ပံ့ပေးပြီး အဆိုပါ စနစ်များနှင့် ဆက်စပ်ရာ အခြားလိုအပ်ချက်များကိုလည်း ထပ်ပိုးပေးသည်။ ၎င်းသည် ဆော့ဖ်ဝဲတည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော မည်သူက မည်သည့်နေရာကို ဝင်ရောက်သုံးစွဲနိုင်သည်ကို ထိန်းသိမ်းခြင်း(Access Control)လုပ်ငန်းနှင့် ဆော့ဖ်ဝဲတည်ဆောက်သူအချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကူညီပေးခြင်းတို့ကိုလည်း ပြုလုပ်သည်။ ထိုသို့ ကူညီရာတွင် ပရောဂျက်တိုင်းအတွက် ဆော့ဖ်ဝဲအမှားပြင်မှုရာဇဝင်မှတ်ခြင်း(bug tracking)၊ ဆော့ဖ်ဝဲလုပ်နိုင်စွမ်းအသစ် တောင်းဆိုခြင်း(feature requests)၊ ဆော့ဖ်ဝဲအလုပ်ငယ်များကို စီမံခန့်ခွဲခြင်း(task management) နှင့် ဝီကီသုတစာမျက်နှာဖွင့်ပေးခြင်း တို့ကိုထောက်ပံ့ပေးသည်။[၄]
ကိုးကား
- ↑ GitHub Diversity။
- ↑ github.com Competitive Analysis, Marketing Mix and Traffic - Alexa။ 13 January 2020 တွင် ပြန်စစ်ပြီး။
- ↑ Microsoft has acquired GitHub for $7.5B in stock (in en-US)။ June 4, 2018 တွင် ပြန်စစ်ပြီး။
- ↑ "GitHub Pours Energies into Enterprise – Raises $100 Million From Power VC Andreessen Horowitz"၊ TechCrunch၊ July 9, 2012။ "Andreessen Horowitz is investing an eye-popping $100 million into GitHub"