အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

ဝီကီပီးဒီးယား မှ

ပြည်ထောင်စုလွှတ်တော်သည် အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃။) ၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် (၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်) ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟုခေါ်တွင်စေရမည်။

၂။ အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေ (၁၉၅ဝ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၉) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုးကား[ပြင်ဆင်ရန်]