အထက်သံလွင်ဆည်

ဝီကီပီးဒီးယား မှ
သံလွင် ဆည်များ

အထက်သံလွင်ဆည်[ပြင်ဆင်ရန်]

အထက်သံလွင်ဆည်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသည့် ဆည် ၅ ခုအနက် မှ တခုဖြစ်သည်။ ၂၀ဝ၇ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၂ ခုနှင့် မြန်မာအစိုးရတို့က ရှမ်းပြည်နယ်မြောက်ပိုင်း တွင် အထက်သံလွင်ဆည်တည်ဆောက်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ[ပြင်ဆင်ရန်]

  • အမြင့်=မသိရ။
  • တပ်ဆင်ထားသည့် စွမ်းအား= ၂,၄၀ဝ မဂ္ဂါဝပ် (MW)
  • နှစ်စဉ်ထုတ်လုပ်နိုင်မှု= မသိရ။

ဤစီမံကိန်းကို အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ပထမအဆင့်အနေနှင့် သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည် ဖြစ်ပြီး ကွမ်းလုံမြို့နယ်၊ တာပတံတားအထက်ဖက် ၁ မိုင်အကွာနေရာတွင် ၁,၁၆၀ MW ထုတ်ပေးနိုင်မည့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံကို တည်ဆောက်မည် ဖြစ်သည်။ ဒုတိယအဆင့်တွင် နာနင်းချောင်းနှင့် သံလွင်မြစ်အဆုံ၌ တည်ဆောက်မှုပြုမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၁,၂၄၀ မဂ္ဂါဝပ် (MW) ကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

ပတ်သက်နေသည့် ကုမ္ပဏီများ[ပြင်ဆင်ရန်]

ဖား ဆိုက်တက် အင်ဗက်စ်မင့် ကုမ္ပဏီအုပ်စု Farsighted Investment Group Company (ယခုအခါ ဟန်နာဂျီ ဦးပိုင် ကုမ္ပဏီအုပ်စု Hanergy Holding Group Company အဖြစ် အမည်ပြောင်းမှည့်ခေါ်ထားသည်။) နှင့် ဂိုးလ်ဒ်ဝါတာ အရင်းအမြစ် ကုမ္ပဏီ Gold Water Resources Company တို့က သံလွင်မြစ် အထက်ပိုင်းဆည်ကို တည်ဆောက်ရေး အတွက် သဘောတူညီမှု ရရှိပြီးဟု ၂၀ဝ၇ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀ဝ၈ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၃ ခုက မြန်မာနိုင်ငံ သံလွင်မြစ်မှနေ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီ ချက် စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ခြင်း မရှိပါ။

တရုတ်နိုင်ငံမှ ကုမ္ပဏီများ[ပြင်ဆင်ရန်]

ဟန်နာဂျီ ဦးပိုင် ကုမ္ပဏီအုပ်စု - Hanergy Holding Group Company (ယခင်က ဖား ဆိုက်တက် အင်ဗက်စ်မင့် ကုမ္ပဏီအုပ်စု Farsighted Investment Group Company ဟု ခေါ်သည်။) ဂိုးလ်ဒ်ဝါတာ အရင်းအမြစ် ကုမ္ပဏီ - Gold Water Resources Company ယူနန် ပါဝါဂရစ် ကုမ္ပဏီ - Yunnan Power Grid Company Mid-South Design and Research Institute (CHECC) တရုတ်နိုင်ငံမှ (ဖြစ်နိုင်ခြေရှိသည့်) ကုမ္ပဏီများ ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း - Sinohydro Corporation) တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် - China Southern Power Grid Co., Ltd. (CSG) တရုတ်နိုင်ငံ ကျောက် ၃လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း - China Three Gorges Project Development Corporation

ဘဏ္ဍာငွေကြေး[ပြင်ဆင်ရန်]

ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ သို့မဟုတ် ၂၀ဝ၇ ခုနှစ် သဘောတူညီချက်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

လျှပ်စစ်ရောင်းချမှုမှ ရရှိမည့် ဝင်ငွေများသည် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ဝယ်ယူသည့် ဈေးနှုန်းအပေါ် မူတည် လိမ့်မည် ဖြစ်သည်။ လျှပ်စစ်ဝယ်ယူမည့် သဘောတူညီချက်ကို ယခုအချိန်တိုင် လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။ လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည် ဆိုသည်ကို ယခုအချိန်တိုင် ဖွင့်ဟပြောကြားခြင်း မရှိသေးပါ။

စီမံချက် လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

တရုတ်ပညာရှင်များက ဆည်တည်ဆောက်မှုအတွက် ဖြစ်နိုင်ခြေ အခြေအနေများကို လေ့လာစမ်းသပ်နေကြပြီး ၂၀ဝ၈ ခုနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းရသည်။ ဤအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။ သံလွင်မြစ် အထက်ပိုင်း ၁၄၇ ကီလိုမီတာရှိ မြစ်ပိုင်းကို ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာလတွင် ယူနန် ပါဝါဂရစ် ကုမ္ပဏီ Yunnan Power Grid Company နှင့် Mid-South Design and Research Institute (CHECC) က ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ဆိုးကျိုးသက်ရောက်နိုင်မှုများ[ပြင်ဆင်ရန်]

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ဆည်များအားလုံးသည် မြစ်ကြောင်း၏ ဂေဟစနစ်ကို အကြီး အကျယ် ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ထို့အပြင် မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ပျက်စီးစေပါလိမ့်မည်။ မြစ်တလျှောက်ရှိ မြေနေရာ များစွာတွင် မိရိုးဖလာ အရ တိုင်းရင်းသားလူမျိုးများ နေထိုင်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် တိုင်းရင်းဆေးဝါးများ ရှာဖွေရေးအတွက် အသုံးပြုနေခဲ့ ကြသည်။ ဤနေရာများမှာ ရေလွှမ်းမိုးခံရမည် ဖြစ်ပြီး၊ မြစ်ကြောင်းတလျှောက် နေထိုင်ကြသူများသည်လည်း လျှော်ကြေး များ ရရှိခြင်း မရှိဘဲ အဓမ္မ ရွှေ့ပြောင်းနေရာချထား ခံရဖွယ် ရှိနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံရှိ အကြီးစားဖွံ့ဖြိုးရေးစီမံ ကိန်းများကြောင့် စစ်တပ်တိုးချဲ့ချထားမှုနှင့်အတူ အဓမ္မလုပ်အားခိုင်းစေမှုများလည်း ဖြစ်ပေါ်လာစေလိမ့်မည်။ မြစ်အကြေ ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း အခက်အခဲများ တွေ့ရဖွယ် ရှိသည်။ မြစ်ရေစီးကြောင်း ပြောင်းလဲ သွားမှုကြောင့် မြစ်အောက်ပိုင်းရှိ မြစ်လက်တက်များကို ထိခိုက်စေမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသကို မှီခိုနေကြရသည့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေပါလိမ့်မည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 2 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2014 တွင် ပြန်စစ်ပြီး။