မာတိကာသို့ ခုန်သွားရန်

အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ

ဝီကီပီးဒီးယား မှ

အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ: အထက်မြန်မာပြည် (မြောက်ပိုင်း) တွင် ကောင်းမှုလုံစေတီတော်သည် ထင်ရှားကျော်ကြားသကဲ့သို့ အောက်မြန်မာပြည် (တောင်ပိုင်း) တွင် ရွှေတိဂုံစေတီတော်သည် ထင်ရှားကျော်ကြားသည်။

ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ အထင်ကရ စေတီတော်နှစ်ဆူ၏ ထင်ရှားကျော်ကြားမှုကို နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။ ကောင်းမှုလုံစေတီတော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် တည်ရှိပြီး ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ဤဆိုရိုးစကားသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေးဆိုင်ရာ အရေးပါမှုကို ဖော်ညွှန်းသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ဤစေတီကြီးနှင့်ပတ်သက်၍ အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံဟု ဒေသခံတို့၏ နှုတ်မှ တဖွဖွ ဂုဏ်ယူပြောကြားခဲ့ကြ၏။" []
  • "အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ … မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင် တစ်ဆူတည်းသော စေတီဖြစ်ပြီး တံတိုင်း၊ ပရိဝုဏ်၊ ဇရပ်၊ တန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပါရှိ၍ ပြည့်စုံလှသော စေတီတစ်ဆူဖြစ်ပြီးများစွာ သပ္ပာယ်လှသည်ဟု ဆိုပါသည်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၂၅] မြန်မြောက်ဖျား။ ၁၅၉။
  3. [၁၃၄၉] ရတနာမွန်၊ ၁၄၊ ၉။ ၄၂။