အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝဲသိုက်၊ မျက်ဖြူဆိုက်

ဝီကီပီးဒီးယား မှ

အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝဲသိုက်၊ မျက်ဖြူဆိုက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းတွင် ပေဝဲ၊ အောက်ပိုင်းတွင် ရွှေစာရေးဝဲ၊ အလယ်တွင် ဝဲသိုက်ဝဲတို့သည် လှေသမားများကို မျက်ဖြူဆိုက်လောက်အောင် ဒုက္ခပေးတတ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။