အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ

ဝီကီပီးဒီးယား မှ
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
MZ logo


စတင်ထည်ထောင်သည့်နေ့ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်
တည်နေရာ မန္တလေးမြို့
ဆက်သွယ်ရန်လိပ်စာ www.ubst.co.nr , ubst.upper@gmail.com


သမဂ္ဂ၏သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၈ ခု ၊ အထွေထွေဒီမိုကရေစီ အုံကြွလှုပ်ရှားမှုကြီးသည် အမျိုးသားရေးပြဿနာမှ မြစ်ဖျားခံလာသော လှုပ်ရှားမှုကြီး တခုဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်မှစပြီး မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားရေး ပြဿနာကို ဖဆပလ အစိုးရမှ မှန်မှန်ကန်ကန် ဖြေရှင်းပေးခဲ့မည် ဆိုလျင် ပြည်တွင်းစစ်ကြီး ဖြစ်ပေါ် လာမည် မဟုတ်ပါ။

တိုင်းရင်းသားများ၏ ဒီမိုကရေစီနည်းဖြင့် တင်ပြတောင်းဆိုမှုကို အကြမ်းဖက် နှိပ်ကွတ်ခဲ့ သဖြင့် ပြည်တွင်း စစ်ကြီးဖြစ်ပေါ်ခဲ့ရသည်။ အုပ်စိုးသူအဆက်ဆက်သည် တိုင်းပြည်၏ ဘဏ္ဍာငွေ (၆၅%) ကျော်အသုံးပြုပြီး ပြည်တွင်းစစ်အရှိန်ကို တိုးမြှင့်ခဲ့သည်။မဆလ စစ်အုပ်စု အုပ်ချုပ်စဉ် ကာလအတွင်း သယံဇာတ ပေါကြွယ်ဝ သော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းဝင် အဖြစ်၎င်း၊ ကမ္ဘာ့ အဖွံ့ဖြိုးမှု အနိမ့်ဆုံး (LDC) နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ်သည် မဆလ စစ်အုပ်စု၏ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းဆုံး အခြေအနေသို့ရောက်ရှိလာ သဖြင့် ပြည်သူလူထုမှ မခံမရပ်နိုင်ဖြစ်ကာ အထွေထွေဒီမိုကရေစီ လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ထို အထွေထွေဒီမိုကရေစီ လှုပ်ရှားမှုကြီး တွင် ပြည်သူလူထုနှင့်အတူ ပါဝင်ရန် သခင်ထွန်း ဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်များ နှင့် ကျောင်းသား/သူ များ စုပေါင်းပြီး “ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ” ကို မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်ဓမ္မာရုံတွင် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။


ပေါင်းစပ်ရည်မှန်းချက်[ပြင်ဆင်ရန်]

ကျွန်ုပ်တို့ မျှော်မှန်းသည့် အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်အခြေအနေ ကာလသို့ အလို အလျောက် ရောက်ရှိလာမည်မဟုတ် ကမ္ဘာ့အနေအထားနှင့် မြန်မာနိုင်ငံ စစ်သမိုင်း ဖြစ်ပေါ်တို့တက်မှု ဆိုင်ရာတို့ကို သုံးသပ်ပေါင်းစပ်ပေးကာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံတို့ စုစည်းညီညွတ်မှု ၊ တိုင်းရင်းသားများ၏ စုစည်းညီညွတ်မှု ကို အဆက်စပ်ရှိစွာ ပေါင်းစပ် တိုက်ပွဲဝင်မှ့သာ ကျွန်ုပ်တို့ မျှော်မှန်းသည့် အောင်ပွဲကို ရရှိ နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် လူမျိုးအားလုံး ထာဝစဉ် ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်ချမ်းမြေ့နိုင်သော လူ့ဘောင် သစ်ကို ရရှိရန် မှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ ဖြစ်မည်ဟု ယုံကြည်သည့် အလျောက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ကမ္ဘာ့၏ ဖြစ်ပေါ်ပြောင်း လဲမှု ပကတိမျက်မှောက် မြန်မာပြည်၏ စစ်သမိုင်း ဖြစ်ပေါ်မှု ဆိုင်ရာတို့ကို သုံးသပ်ကာ အဖိနှိပ်ခံ လူမျိုး ပေါင်းစုံတို့ စုစည်းညီညွတ်သော တိုက်ပွဲဝင်မှုဖြင့်သာ ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ရမည် ဖြစ်သည်။


သမဂ္ဂတွင်ပါဝင်သောအဖွဲ့အစည်းများ[ပြင်ဆင်ရန်]

၁။ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

၂။ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

၃။ ကျောက်ဆည်ကျောင်းသားသမဂ္ဂ

၄။ မိတ္ထီလာကျောင်းသားသမဂ္ဂ

၅။ မုံရွာကျောင်းသားသမဂ္ဂ

၆။ မကွေးကျောင်းသားသမဂ္ဂ

၇။ ပင်လုံကျောင်းသားသမဂ္ဂ

၈။ တောင်ကြီးကျောင်းသားသမဂ္ဂ

၉။ မြစ်ကြီးနားကျောင်းသားသမဂ္ဂ

၁၀။ ကလေးကျောင်းသားသမဂ္ဂ

၁၁။ လားရှိုးကျောင်းသားသမဂ္ဂ

၁၂။ ရွှေဘိုကျောင်းသားသမဂ္ဂ

၁၃။ မြင်းခြံကျောင်းသားသမဂ္ဂ

၁၄။ ပခုက္ကူကျောင်းသားသမဂ္ဂ တို့ဖြစ်သည်။


အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဖိုင်:UBST3.jpg



ရည်ညွန်း (အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ' [၁])