အတပတ္တုဝလောဝ

ဝီကီပီးဒီးယား မှ

အတပတ္တုဝလောဝ သည် သီရိလင်္ကာနိုင်ငံ၊ Galle, Walwawatta, အောက်ဒစ်ဆန်လမ်း, ၃၅ တွင် တည်ရှိသည့် ကိုလိုနီခေတ် ကြီးမားသည့် အိမ်တစ်လုံးဖြစ်သည်။[၁]

ဝလောဝကို ၁၇၄၂ ခုနှစ်တွင် Mudaliyar Don Bastian Gooneratne က တည်ဆောက်ခဲ့သည်။[၂] အထပ်နှစ်ခုပါရှိပြီး ၇၄၃ စတုရန်းမီတာ (၈၀၀၀ စတုရန်းပေ) ရှိသည့် အဆောက်အဦ ဖြစ်သည်။ အကျယ် ၀.၆ ဟက်တာ (၁.၅ ဧက) ကျယ်သည့် ဥယျာဉ်ထဲတွင် တည်ရှိသည်။ ခန့်မှန်းခြေအားဖြင့် Galle မြို့လယ်မှ ၀.၅ ကီလိုမီတာ (၀.၃၁ မိုင်) အကွာတွင် တည်ရှိသည်။ ဝလောဝ သည် Gooneratne မိသားစု၏ ဘိုးဘွားပိုင်အိမ်တစ်လုံးဖြစ်သည်။ Gooneratne မိသားစုသည် ဗြိတိသျှနှင့် ဒတ်ချ်ကိုလိုနီခေတ်ကာလက အုပ်ချုပ်သူလူတန်းစားများ ဖြစ်ကြသည်။ ထင်ရှားသည့် ယခင်က နေထိုင်သွားသူများတွင် Mudaliyar Edmund Rowland Gooneratne နှင့် ၎င်း၏ သားဖြစ်သူ Mark Gooneratne တို့ ပါဝင်သည်။[၃] ယခုအခါ ထိုအိမ်ကို အခန်းငယ် ခုနစ်ခန်းပါဝင်သည့် ဖက်ရှင်ဟိုတယ်တစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အစိုးရက ထိန်းသိမ်းစောင့်ရှောက်ရမည့် အဆောက်အဦတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။[၄]

ပိုမိုဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Goonetileke၊ Janaka (2012)။ Atapattu Walawwa, Residence of the Gooneratne and Dias Abeysinghe families of GalleISBN 978-9555401302

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "‘Enthusiast’s guide’ to unique Sri Lankan real estate"၊ 28 October 2012။ 23 November 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 29 November 2014။ 
  2. Situge၊ Hemantha။ "Tracing families"၊ 21 November 2012။ 23 June 2020 တွင် ပြန်စစ်ပြီး 
  3. "Atapattu Walawwa: A Southern Ancestral Home" . The Architect - Journal of the Sri Lankan Institute of Architects. Retrieved on 23 November 2013.  မော်ကွန်းတင်ပြီးမိတ္တူ။ 25 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2021 တွင် ပြန်စစ်ပြီး။
  4. "Gazette" (13 November 1998). The Gazette of the Democratic Socialist Republic of Sri Lanka 1054.