အဇော့ပင်လယ်

ဝီကီပီးဒီးယား မှ

အားဇော့ပင်လယ်[ပြင်ဆင်ရန်]

အားဇော့ပင်လယ်သည် ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံ(ရုရှနိုင်ငံ)တောင်ဘက်ရှိ ကုန်းတွင်းပင်လယ် ကလေးတစ်ခုဖြစ်သည်။ ပင်လယ် ဟုဆိုရ သော်လည်း စင်စစ် ပင်လယ်ကွေ့ကြီးမျှသာ ဖြစ်သည်။ ကတ်ချ ရေလက်ကြားသည် အားဇော့ပင်လယ်နှင့် ပင်လယ်နက်ကို ဆက်စပ်ထားလျက် ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၄၅၂ဝ ခန့်ရှိ၍ အရှည်ဆုံးအလျားမှာ ပေးရေးကော့ကျွန်း ဆက်မှ ဒွန်းမြစ်ဝအထိ မိုင်ပေါင်း ၂၂ဝ ဖြစ်ပြီးလျှင် အကြီးဆုံး အနံမှာ မိုင်ပေါင်း ၁၁ဝ ဖြစ်သည်။ အနက်ဆုံးနေရာမှာ ပေ ၅ဝ ရှိ၍ အချို့ နေရာများတွင် ဆယ်ပေလောက်သာ နက်သည်။ ပင်လယ်တွင် နေရာအတော်ခပ်များများ၌ သင်္ဘောကလေးများပင် သွားလာခုတ်မောင်းခြင်း မပြုနိုင်ချေ။ မကြာခဏ ဖြစ်ပေါ်သော လေမုန်တိုင်းဒဏ်ကြောင့် ရေကြောင်း အမျိုးမျိုး ပြောင်းလဲသည့်ပြင် ဒီဇင်ဘာလမှ မတ်လအထိလည်း ရေခဲလျက် ရှိလေသည်။ အားဇော့ပင်လယ်ထဲသို့ စီးဝင်သောမြစ်များတွင်ဒွန်မြစ်သည် အကြီးဆုံး ဖြစ်သည်။ အားဇော့ပင်လယ်ရေသည် အတော်အသင့် ချိုသဖြင့် ငါးများ အလွန်ပေါရကား ထိုဒေသတဝိုက်တွင် ငါး ခြောက်လှန်းသော လုပ်ငန်းသည် ကြီးကျယ်သော လုပ်ငန်း တစ်ရပ်ဖြစ်သည်။ ဤပင်လယ်ဒေသတစ်ဝိုက်တွင် မြေငလျင် ရံဖန်ရံခါ လှုပ်တတ်ရာ ခရစ် ၁၇၉၉ ခုနှစ်က လှုပ်သော မြေ ငလျင်ဒဏ်ကြောင့် ပင်လယ်တွင်းရှိ ကျွန်းတစ်ကျွန်းမှာ စုံးစုံး မြုပ်သွားလေသည်။ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် အိုဆီ ပင်ကိုမြို့၊ ဇဒါနော့မြို့၊ ရောစတော့မြို့၊ တဂန်ရော့မြို့နှင့် ယီနီ ကလီမြို့များအပါအဝင် မြို့ကြီးများရှိသည်။

အားဇော့ပင်လယ်ကမ်းခြေပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ပြင်းထန်သော ရုရှ-ဂျာမန် တိုက်ပွဲပေါင်း များစွာ ဖြစ်ခဲ့သည်။ ၁၉၄၁ ခုနှစ် အောက်တို ဘာလ၌ ဂျာမန်စစ်တပ်ကြီး တစ်တပ်သည် အရှေ့ဘက် ရော့စ တော့မြို့ဆီသို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ အခြား တပ် တစ်တပ်ကမူ ကရိုင်းမီးယားကျွန်းဆွယ်ကို ချင်းနင်း ဝင်ရောက် တိုက်ခိုက်ခဲ့လေသည်။ ရုရှလူမျိုးတို့သည် ထိုထိုး စစ်ဒဏ်ကို မခံနိုင်၍ ဆုတ်ခွာသွားရသဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဂျာမန်တို့က ရော့စတော့မြို့ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာခဲ့လေသည်။ သို့သော် ရက်သတ္တတပတ် အတွင်းမှာပင် ရုရှတို့က ဂျာမန်တို့ကို တိုက်ထုတ် လိုက်လေသည်။ ၁၉၄၃ ခုနှစ် ဖေ‌ေဖာ်ဝါရီလတွင် ထိုမြို့ကို ဂျာမန် တို့ကတစ်ဖန် သိမ်းပိုက် လိုက်ကြပြန်သည်။ သို့သော် ထိုနှစ် ဒီဇင်ဘာလတွင် ရုရှတို့က ဂျာမန်တို့ကို ထိုဒေသများမှ နောက်ဆုံးအပြီးအပိုင် တိုက်ထုတ် လိုက်ကြလေသည်။

အားဇော့မြို့သည် ဒွန်းမြစ်ပေါ်၌ရှိ၍ အားဇော့ပင်လယ်ထဲသို့ စီးဆင်းရာမြစ်ဝမှ ဆယ်မိုင်ခန့်ဝေးသောနေရာတွင် တည်ရှိ သည်။ ငါးဖမ်းလုပ်ငန်းသည် ထိုမြို့၏ကြီးကျယ်သော လုပ်ငန်း ဖြစ်သော်လည်း သင်္ဘောဆိပ်တွင် နုံးနုနုံးမြေများ တင်ခြင်း ကြောင့် မြို့သည် တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့လေသည်။ ရုရှ လူမျိုးတို့သည် အားဇော့မြို့ကို ၁၆၉၆ ခုနှစ်က တူရကီလူမျိုး တို့လက်မှ တိုက်ခိုက်သိမ်းယူပြီးနောက် ၁၇၁၁ ခုနှစ်တွင် ပြန် ပေးခဲ့လေသည်။ သို့သော် ၁၇၃၉ ခုနှစ်တွင် ယင်းမြို့သည် နောက်ဆုံး ရုရှတို့၏ အပြီးသတ် ပိုင်ဆိုင်သော မြို့ ဖြစ်ခဲ့လေ သည်။ မြို့၏လူဦးရေမျာ ၁၇ဝဝဝ ခန့်ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)