အဇေလီယာပင်

ဝီကီပီးဒီးယား မှ

Azilia
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
Eudicots
(unranked):
Asterids
မျိုးစဉ်:
Apiales
မျိုးရင်း:
Apiaceae
မျိုးစု:
Azilia

Hedge & Lamond
မျိုးစိတ်:
A. eryngioides
ဒွိနာမ
Azilia eryngioides
Hedge & Lamond

အဇေလီယာပင်သည် လှပသော ပန်းပွင့် များပွင့်သည့် ချုံပင်မျိုးဖြစ်၍ အီရီကေးစီအီး မျိုးရင်းတွင် ပါဝင်သည်။ ယင်းအပင်မျိုးသည် ဥရောပတိုက်၊ အာရှတိုက်နှင့် မြောက် အမေရိကတိုက် တို့တွင် အနှံ့အပြား ပေါက်ရောက်၍ ဟိမဝန္တာ တောင်တန်းနှင့် တရုတ်နိုင်ငံ အနောက်ပိုင်းတို့တွင် အများဆုံး ပေါက်သည်။ အခြားအမျိုးတူအပင်များကဲ့သို့ အမြဲ စိမ်းသော အပင်မျိုးမဟုတ်ဘဲ ရွက်ပြတ်ပင်ဖြစ်သည်။ အဇေလီ ယာပင်သည် အမြင့်ခုနစ်ပေအထိမြင့်၍ အချို့မှာ ထို ထက်နိမ့် သည်။ အဇေလီယာပင်အမျိုးမျိုးရှိရာ ပန်းဝါသနာ ပါသောသူ များသည် ဥယျာဉ်များတွင် စိုက်ပျိုးကြသည်။ ထိုပန်းပင်မျိုးတွင် ဂင့်အဇေလီယာပင်သည် အလှပဆုံး ဖြစ်သည်။ ထိုဂင့်အဇေ လီယာပန်းပင်မျိုးကို ဗဲလဂျီယန်လူမျိုး ဥယျာဉ်မှူးကြီးတစ်ဦးက စတင် မျိုးစစ် စိုက်ပျိုးခဲ့သည်။ ယင်း ဂင့်အဇေလီယာပန်းသည် အလွန်လှပသောကြောင့် ဗဲလဂျီယန်လူမျိုးတို့၏ အမျိုးသားပန်း ဖြစ်ခဲ့လေသည်။ အဇေလီယာပင်အမျိုးမျိုးရှိသည်နှင့်အမျှ ပန်းပွင့် များမှာလည်း ပန်းရောင်၊ အနီ၊ အဖြူ၊ အဝါနှင့် ခရမ်းရောင်ဟူ၍ အရောင်အမျိုးမျိုးရှိသည်။ အပွင့်များမှာ အဆုပ်လိုက် အခိုင်လိုက် မဟုတ်ဘဲ တစ်ပွင့်နှင့်တစ်ပွင့် ခပ်ကျဲကျဲရှိကြ၍ ပွင့်ဖတ်အုံမှာ ကတော့ပုံရှိသည်။ ဝတ်မှုန်တံများသည် ပွင့်ဖတ်များကို လွန်၍ အလွန်ရှည်စွာ ထွက်လျက်ရှိကြသည်။ အစေ့များသည် အတွင်း ရှိ ရှည်လျားလျား ခွက်ကလေးထဲ၌ အမွေးများ ဖုံးလျက် ရှိသည်။ အချို့အရွက်များသည် ရှည်မျောမျောဖြစ်၍ အချို့ အရွက်များမှာ ဘဲဥပုံရှိကြသည်။

အချို့အဇေလီယာပင်မျိုးတွင် အပွင့်သည် စေးကပ်သော အမွေးများ ဖုံးအုပ်လျက်ရှိသောကြောင့် ပုရွက်ဆိတ်များဝင်၍ ပန်းဝတ်ရည်ကို မသောက်စားနိုင်ကြချေ။ မသောက်စားနိုင်ခြင်း ကြောင့် အပင်မျိုးပွားမှု အောင်မြင်နိုင်လေသည်။ မြောက်အမေရိကတိုက်၌ အဇေလီယာပင် အမျိုးပေါင်း ၄ဝ ခန့် တွေ့ရသည်။ ပန်းများသည် မေနှင့်ဇွန်လများတွင် ပွင့်ကြ၍ ထိုအခါတွင် ရေများများ လောင်းပေးရသည်။ အဇေလီယာ ဆိုသည်မှာ ဂရိဘာသာ စကားဖြစ်၍ ခြောက်သွေ့သည်ဟု အဓိပ္ပာယ်ရသည်။ ထိုကဲ့သို့ အဓိပ္ပာယ်ရသည့်အတိုင်း ယင်း အပင်မျိုးသည် ခြောက်သွေ့သော သဲမြေများတွင်လည်းကောင်း၊ ကျောက်မြေများတွင်လည်းကောင်း ကောင်းစွာ ဖြစ်ထွန်းသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)