အဇာဘိုင်ဂျန် ပြည်နယ် (အီရန်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဇာဘိုင်ဂျန်ပြည်နယ်သည် အီရန်နိုင်ငံ၏ အနောက်မြောက် ပိုင်းတွင် တည်ရှိသည်။ ရှေးအခါက အက်ထရိုးပတီးနီဟု ခေါ်သည်။ ထိုနယ်၏မြောက်ဘက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ အနောက်ဘက်တွင် တူရကီနှင့် အီရတ်နိုင်ငံ၊ တောင်ဘက်တွင် ကာဒက်စတန်ပြည်နယ်၊ အရှေ့ဘက်တွင် ခမ်မဆဲနှင့်ဂျီလန် ပြည်နယ်တို့ အသီးအသီး တည်ရှိ၏။ စတုရန်းမိုင် ၄၁၁၅ဝ ကျယ်ဝန်း၍ တောင်ထူထပ်သော ပြည်နယ်ဖြစ်သည်။ မိုးလည်း ပါးသည်။ သို့သော် မြစ်ချောင်းများမှာ ဆီးနှင်းများမပြတ် အရည်ပျော်လာတတ်သောကြောင့် တစ်နှစ်လုံး ရေပြတ်သည် မရှိပေ။ အီရန်နိုင်ငံ မြေဩဇာအထက်သန်ဆုံးသော ဒေသ များတွင် အပါအဝင် ဖြစ်သည်။

အဇာဘိုင်ဂျန်ပြည်နယ်တွင် ခဲ၊ သံ၊ ကြေးနီနှင့် အခြားဓာတ် သတ္တုများ ထွက်သည်။ သိုးမွေးချည်လည်း ထွက်သည်။ မြစ်ဝှမ်းများတွင် ဂျုံ၊ စပါး၊ မုယောစပါး၊ ဖူးပြောင်း၊ ဘီသွာ လျှော် စသည်တို့ကို စိုက်ပျိုး လုပ်ကိုင်သည်။ ကုလားအုပ်၊ မြင်းနှင့်နွားကိုလည်း အပါအဝင်ဖြစ်သည်။ အဇာဘိုင်ဂျန်ပြည်နယ်ကို အုပ်ချုပ်ရေးအလို့ငှာ အရှေ့အဇာ ဘိုင်ဂျန်ပြည်နယ်နှင့် အနောက်အဇာဘိုင်ဂျန် ပြည်နယ်ဟု ခွဲခြား ထား၏။ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်၏ လူဦးရေမှာ ၂.၆ သန်း (၁၉၆၆)ဖြစ်၍ အနောက် အဇာဘိုင်ဂျန်ပြည်နယ်၏ လူဦးရေမှာ ၁သန်း (၁၉၆၆)ဖြစ်သည်။တာဗရစ်မြို့သည် အရှေ့ အဇာဘိုင်ဂျန်ပြည်နယ်၏ မြို့တော်ဖြစ်၍ ရီဇာယဲမြို့သည် အနောက် အဇာဘိုင်ဂျန် ပြည်နယ်၏ မြို့တော်ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)