အဇါန်

ဝီကီပီးဒီးယား မှ

အဇါန် သည်အဘိဓာန်တွင် (အသိပေးခြင်း) (သိအောင်လုပ်ပေးခြင်း) (သတင်းပေးခြင်း) ဆိုသည့်အဓိပ္ပာယ် များရသည်။ အစ္စလာမ်သာသနာတွင် အထူးသဖြင့် နမားဇ် အချိန်ကျရောက်ပြီဖြစ်ကြောင်းအသံပေးဖိတ်ခေါ် ခြင်းဖြစ်သည်။[၁]အစ္စလာမ် သာသနာမထွန်းကားမီအချိန်ကသတင်းနှင့်အရေးကြီးအလုပ်ကိစ္စတစ်ခုခုအတွက် လူများစုဝေးစေရန် အဇါန် ရွတ်ဆိုခဲ့ကြသည်။ မွတ်စလင်မ် တို့နေ့စဉ် နမားဇ် ဝတ်ပြုရန်အတွက်သတ်မှတ် ချိန်ရှိပြီး ၎င်းအချိန်များကို အောင်ကာသေရှရ်အီး ဟုခေါ်သည်။ နမားဇ် အချိန်ကျရောက်ခြင်းကိုတိတိကျကျ သတ်မှတ်သိရှိရသည့်အလုပ်မှာ ထင်သလောက်လွယ်ကူသည့်ကိစ္စတော့မဟုတ်ပါ၊ နေရာဒေသအသီးသီး ၊ မြို့ရွာများ၊ မပ်္စဂျစ်္ဒ များ၌ အဇါန် ကိုအသံကျယ်ကျယ်ဖြင့်ရွတ်ဆိုလေ့ရှိကြသည်။ မိုအ်ဇင်န် သည် အဇါန် ရွတ် ဆိုရာတွင်အမြင့်တစ်နေရာရာမှ ဥပမာ- မင်နာရာ အပေါ်မှရွတ်ဆိုလေ့ရှိသည်။ အဇါန် ရွတ်ဆိုရခြင်းသည် ဝါဂျိဘ် မဟုတ်ပါ မွတ်စ်သဟဘ် ဖြစ်ပြီး နမားဇ် မတိုင်မီဦးစွာ အဇါန် ပြီးနောက် အကာမာ ရွတ်ဆိုရမည်ဖြစ် သည်။ အစ္စလာမ် ခေတ်ဦးပိုင်းကာလတွင် တမန်တော်မြတ်ကြီး (ဆွ) သည် သတင်းပေးကြေညာစရာကိစ္စအ ချို့တွင်(ဥပမာ- ဂျန်ဂေဘဒ်ရ် အတွက်ဖိတ်ခေါ်ရာတွင်) အဇါန်ကိုအသုံးပြုခဲ့သည်။

မွတ်ဂျ်သဘာဆဒ်ရေယာ သည် ( ခရစ်ယန်တစ်ဦး၏အမြင်မှ ခရစ်ယန်တို့တောင်းဆုခြွေသံစဉ် နှင့် အဇါန် ၏သံစဉ်ဆင်တူယိုးမှားဖြစ်ခြင်း) နှင့် ( ပညာရှင်များ၏သုတေသနပြုချက်အရ အဇါန် ၏သံစဉ်တွင် ဂီတပိုင်း ဆိုင်ရာသံစဉ်မျိုးမရှိခြင်း) အကြောင်းအရာတို့ကိုရေးသားခဲ့သည်။[၂]

အဇါန် ၏စာသားများ[ပြင်ဆင်ရန်]

تکرار متن عربی အဓိပ္ပာယ် مذهب

ကြိမ်

الله اکبر အလ္လာဟ် အရှင်မြတ်သည်ကြီးကျယ်မြင့်မြတ်ပါသည်ဆိုသည့်ဂုဏ်ပုဒ်ထက်

ပင်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်၏

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان لا اله الا الله အလ္လာဟ်အရှင်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်းသက်သေခံပါ

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان محمداً رسول‌الله မိုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောရစူလ်တမန်တော်

ဖြစ်ကြောင်းသက်သေခံပါ၏

ရှီအာ၊

စွန်နီ

ကြိမ်

اشهد ان علیاً ولی‌الله အလီသခင်သည်အလ္လာဟ်အရှင်မြတ်၏ ဝလီ ဖြစ်ကြောင်းသက်သေခံပါ၏တမ်းပလိတ်:Refun ရှီအာများသာ[၃]

ကြိမ်

حی علی الصلاة နမားဇ် ဘက်သို့အပြေးအလွှားလာကြလေကုန် ရှီအာ၊

စွန်နီ

ကြိမ်

حی علی الفلاح အောင်မြင်လွတ်မြောက်ခြင်းဘက်သို့အပြေးအလွှားလာကြလေကုန် ရှီအာ၊

စွန်နီ

ကြိမ်

الصلاة خیر من النوم နမားဇ် သည်အိပ်စက်ခြင်းထက်သာ၏ ဖှဂျရ် အဇါန်တွင်

စွန်နီများသာ

ကြိမ်

حی علی خیر العمل အကောင်းဆုံးလုပ်ရပ်အတွက်အပြေးအလွှားလာကြလေကုန်တမ်းပလိတ်:Refun ရှီအာများသာ

ကြိမ်

الله اکبر အလ္လာဟ် အရှင်မြတ်သည်ကြီးကျယ်မြင့်မြတ်ပါသည်ဆိုသည့်ဂုဏ်ပုဒ်ထက်

ပင်ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်၏

ရှီအာ၊

စွန်နီ

ကြိမ်

لا اله الّا الله အလ္လာဟ် အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍မရှိတမ်းပလိတ်:Refun ရှီအာ၂ကြိမ်စွန်နီ၁ကြိမ်

^   မာလစ်ကီ မဇ်ဟဘ် သည် အဇါန် ၏အစပိုင်းတွင်လည်း الله اکبر ၄ ကြိမ်ပြောရမည့်နေရာတွင် ၂ ကြိမ်သာ ရွတ်ဆိုကြသည်။

^ «اشهد انّ علیّا ولی‌الله» ဆိုသည့်စာသားကိုရှီအာများကသာရွတ်ဆိုကြပြီး ထိုစာကြောင်းသည် အဇါန် နှင့် အကာ မာ ၏အစိတ်အပိုင်းမှမဟုတ်ကြောင်းယုံကြည်ထားသည်၊ ၎င်းကိုရွတ်ဆိုရမည်မှာ ဝါဂျိဘ် လည်းမဟုတ်ပေ ၊ ထို့အပြင် မွတ်စ်သဟဘ် ၊ မွတ်စ်သဟ်စင်န် ဖြစ်သည်။ [၄] အချို့သော ရှီအာ များကဤကဲ့သို့အရှည်ရွတ်ဆိုမှု လည်းရှိသည် ၊ «اشهد انّ مولانا امیرالمؤمنین علیّاً و ابناؤه المعصومین حجج الله» ( မို့အ်မင်န် အပေါင်း၏ထိပ်ခေါင် ဥသျှောင် အလီ နှင့် သခင်၏ မာ့အ်စူမ် ဖြစ်သောသားများသည် အလ္လာဟ် အရှင်မြတ်၏ ဟွတ်ဂျသ်-သာဓက- တော်များဖြစ်သည်။)

^ «الصلوة خیرمن النّوم» (နမားဇ် သည်အိပ်စက်ခြင်းထက်သာလွန်၏) ဆိုသည့်စာသားကို အဲဟ်လေစွန်နသ် များသာ ဖှဂျရ် ၏ အဇါန်တွင်ရွတ်ဆိုကြသည်။ ပထမဆုံးအကြိမ်ထိုစာသားကိုထည့်သွင်းလိုက်သူမှာ အွမ်မရ် ဖြစ်သည်။ «حی علی خیرالعمل» ဆိုသည့်စာသားကို ရှီအာများသာရွတ်ဆိုမှုရှိပြီး ဘေဟာရွလ်အန်ဝါးရ် ၏ဖော် ပြချက်အရတမန်တော်မြတ်ကြီး (ဆွ) လက်ထက်ကထိုစာသားကိုရွတ်ဆိုမှုပြုခဲ့သော်လည်း အွမ်မရ် (သို့မ ဟုတ်သမိုင်းတစ်ခုအရ အွတ်စ်မာန်) သည်ထိုစာကြောင်းကိုဖြုတ်လိုက်သည် ၊ ထို့နောက်ဤသို့ပြော၏”မွတ်စလင်မ် တို့သည် နမားဇ် ကိုအကောင်းဆုံး အမလ် ဟုတွေးထင်နေသော် ဂျေဟာဒ် အားမေ့လျှော့(ပေါ့ဆ) သွားမည်ကိုစိုးရိမ်သည်။” 

^   ရှီအာ တို့သည်နောက်ဆုံးစာကြောင်းဖြစ်သော (لا اله الا الله) ကိုနှစ်ကြိမ်ရွတ်ဆိုသည်။

အဲဟ်လေစွန်နသ် ၏အမြင်[ပြင်ဆင်ရန်]

အဲဟ်လေစွန်နသ်များက အဇါန် ကိုပထမဦးဆုံးအကြိမ် မဒီနာ တွင်ရွတ်ဆိုခဲ့သည်ဟုယုံကြည်ထားကြသည်။ အဗ်ဒွလ်မွတ်သွလိဗ် ၏သား ဟမ်ဇာ က(အခြားသူများသည်လူတို့အားဖိတ်ခေါ်ရန်အတွက် ဗုံ၊ နှဲ၊ လင်းကွင်း များကိုအသုံးချနေချိန်၌) ဤကဲ့သို့ မိုဟမ္မဒ် (ဆွ) သခင်အားအကြံပေခဲ့သည်ဟုဆိုကြသည်။

ရှီအာ တို့၏အမြင်[ပြင်ဆင်ရန်]

ရှီအာ တို့သည် အဇါန်ကို အေဗါဒသ် အဖြစ်သိရှိထားကြပြီး အလ္လာဟ် အရှင်မြတ်ဘက်မှသတ်မှတ်တော်မူ၏ ဟုကြည်ကြသည်။ အဇါန် ၏စာကြောင်းများအားအပြောင်းအလဲလုပ်ခြင်းကိုလည်း ဘေဒအသ် အဖြစ်လက် ခံထားသည်။ ထိုနည်းတူစွာပထမဆုံးအဇါန်ကို ဘေလားလ်ဟဗရှီ က မဒီနာ တွင်ရွတ်ဆိုခဲ့သည်ဟုယုံကြည် ကြသည်၊ ထို့အပြင် တမန်တော်မြတ် (ဆွ) သည် မဒီနာ သို့ ဟိဂျ်ရသ် မပြုမီမိမိ၏ နမားဇ် များအတွက်မိမိ ကိုယ်တိုင် အဇါန် ရွတ်ဆိုခဲ့သည်။[၅]

အဇါန် ရွတ်ဆိုပုံ[ပြင်ဆင်ရန်]

အဇါန် သည် နမားဇ် အချိန်ဆိုက်ရောက်လာပါမှရွတ်ဆိုရခြင်းမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် မို့အ်ဇင်န် သည်အ မြင့်တစ်နေရာ၌နေရာယူ၍ အဇါန် ရွတ်ဆိုသည်။ မွတ်စလင်မ် တို့သည် အဇါန် ရွတ်ဆိုချိန်တွင်လက်များကို နားတွင်ထားပြီးအသံကျယ်ကျယ်ဖြင့်ရွတ်ဆိုကြသည် ၊ အဇါန် ၏စာကြောင်းများအကြားအနည်ငယ်အချိန် ကွာဟမှုထားပြီးသာယာသောအသံဖြင့်ဆွဲငင်ရွတ်ဆိုကြ၏။ မို့အ်ဇင်န် သည် အဇါန် ကိုရွတ်ဆိုရာတွင်အတွန့် အချိတ်များနှင့်ရွတ်ဆိုပါမူ ဂေနာ အဖြစ်သို့ပြောင်းလဲသွားပါက ဟရာမ် ဖြစ်သည်။

အဇါန် ပြီးဆုံးသွားချိန်တွင် မွတ်စလင်မ် တို့သည် ဒိုအာ ဖတ်ရွတ်လေ့ရှိသည်၊ ရှီအာ များက အဇါန် ပြီးဆုံး သွားချိန်တွင်၌ «وصلّی الله علی سیّدنا محمّدٍ و آله و سلَّم» (ကျွှနု်ပ်တို့၏ခေါင်းဆောင် ဥသျှောင် မိုဟမ္မဒ် သခင် နှင့် အနွယ်တော်မွန်များအပေါ် အလ္လာဟ် အရှင်မြတ်ဘက်မှ ဒရူးဒ် စလာမ်ကျရောက်ပါစေ) ကိုဖတ်ရွတ်လေ့ရှိ ကြသည်။ စွန်နီ များက၎င်းဒိုအာ «اللهم رب هذه الدعوة التامة والصلاة القائمة آت محمداً الوسیلة و الفضیلةو ابعثه مقاماً محموداً الذی وعدته» (အို! အလ္လဟ် အရှင်မြတ် ကျွှနု်ပ်တို့၏ဤဖိတ်ခေါ်မှုနှင့် နမားဇ် အား မိုဟမ္မဒ် အပေါ်အမြဲထာဝရ ရှေဖှာအသ် နှင့်မြင့်မြတ်မှုတို့ကိုချီးမြှင့်ပေးသနားတော်မူပါ ၊ သခင့်အားအရှင်ဂုဏ်တင်ခဲ့သည့်ကတိ တော်အတိုင်းချီးမြှင့်မြှောက်စားတော်မူပါ။)

အဇါန် သည် အီရန် တို့၏ယဉ်ကျေးမှုတွင်[ပြင်ဆင်ရန်]

အီရန် တွင် အဇါန်ကိုများသောအားဖြင့်သာယာချိုမြိန်သောအသံဖြင့်ရွတ်ဆိုလေ့ရှိကြသည်။ အထူးသ ဖြင့် မို့အ်ဇင်န်ဇါဒဲအရ်ဒဘီလီ ၏မိသားစုအသိုင်းအဝိုင်းတွင်ထိုအရည်အချင်းကိုအမွေဆက်ခံထားဘိအလား ရှိနေ၏။ အီရန် ၏အကျော်အမော်အဆိုတော်များတွင်လည်းထိုအရည်အချင်းရှိကြသည်၊သာအ်ဇီယာ ပွဲများ ၌ အဇါန် ရွတ်ဆိုကြပါက ကွရ်ဒီ အသံဖြင့်ရွတ်ဆိုကြသည်။ .[၆] အဇါန် ကိုအသံနေအသံထားဖြင့်ရွတ်ဆိုမှုသည် ယခင်အီရန်အဆိုကျော်များကစတင်ခဲ့သည်၊သို့ပါ၍ အဘွလ်ဟစန်ဒမာဝန်ဒီ သည် ကာဂျာရ် ၏နောက်ပိုင်း ပဲဟ်လဝီ ၏ခေတ်အစပိုင်းကနာမည်ကျော်အဆိုတော် မို့အ်ဇင်န် တစ်ဦးဟုဆိုရပေမည်။ သူ၏ အဇါန် သည် အလွန်သာယာချိုမြိန်သောအသံဖြစ်ပြီး ၁၃၀၈ ခုနှစ်တွင် ပထမဆုံးအသံသွင်းခဲ့သည်။ သူသည်အဆိုတော် တစ်ဦးဖြစ်သည့်အပြင် မွတ်ဇဖှရွဒ်ဒီးန် ရှားဟ် ၏ မို့အ်ဇင်န် လည်းဖြစ်သည်။

နှစ်ပေါင်းများစွာအရင်ကတည်းက အဇါန် ကိုအသံနေအသံထားဖြင့်သာယာစွာရွတ်ဆိုနိုင်သူများရှိခဲ့သည်။ ၎င်းတို့အထဲမှအချို့မှာ စိုင်ယိဒ်ဟိုစိုင်န်အန်ဒလီးဗ်အစ်္စဖှဟာနီ ဖြစ်ပြီးသူသည် မပ်္စဂျိဒ်ဒေစေဖှဟ်စာလားရ်(မို သွဟရီ) ၏ မို့အ်ဇင်န် ဖြစ်သည်၊ ဟာဂျ်မို့အ်ဇင်န်သဖှ်ရရှီး သူသည်ဟိုစိုင်န်ကလီခါးန်နကီစာ ၏ဖခင်ဖြစ်ပြီး မို ဟမ္မဒ်အလီရှား ၏ခေတ်ကာလ၌ နာမည်ကျော် မို့အ်ဇင်န် တစ်ဦးဖြစ်သည်၊ အဘွလ်ဟစန်ဒမာဝန်ဒီ သည် မို ဇဖှရွဒ်ဒီးန်ရှား ၏မို့အ်ဇင်န် ဖြစ်သည်၊ ဒမာဝန်ဒီ ၏ဆရာဖြစ်သူ စိုင်ယိဒ်အဗ်ဒွရ်ရဟီးမ်အစ်္စဖှဟာနီ ၊ ကွရ်ဘာ ခါန်ကဇ်ဝီနီး (ကျော်ကြားသည့်အမည် ရှာဟီး) ၊ နှင့် သားဂျ်အစ္စဖှဟာနီ တို့ဖြစ်သည်။ ဒမာဝန်ဒီ နောက်ပိုင်း ၁၅ နှစ်တာခန့်ကြာပြီးနောက် သားဂျ်အစ္စဖှဟာနီ သည် အစ္စဖှဟာန် ၏အသာယာဆုံးအသံဖြင့် အဇါန် ရွတ် ဆိုသူအဖြစ်ရှိနေခဲ့သည်။


အသွာအွလ္လာဟ်အွမ်မီးဒ်ဝါးရ်မိုအမ်မားရ် ၊ ရှဟ်ရ်စားဇ်၊ နပ်ကားရှ်၊ မူစီကီဒါးန်တို့သည်လည်းအခြားသောအီ ရာန် အဆိုကျော်များကဲ့သို့ စတူရီယိုများတွင်အဇါန် ရွတ်ဆိုအသံသွင်းမှုများရှိခဲ့သည်။ အွမ်မီးဒ်ဝါးရ် သည်အ ခြားသူများနှင့်မတူ ဘယားသ်သေသရ်က် သံစဉ်ဖြင့်သာရွတ်ဆိုခဲ့သည် ၊ နဝါ ၊ ဟမာယူးန် ၊ ချာရ်ဂါးဟ် ဆို သည့်သံစဉ်များကိုလည်းအထိအတွေ့ရှိခဲ့သူဟုဆိုကြသည်။ ဒေသခံတို့၏ပြောဆိုမှုအရ အွမ်မီးဒ်ဝါးရ် ၏အ ကောင်းဆုံးနှင့်အောင်မြင်မှုအရှိဆုံးသံစဉ်မှာ ချာရ်ဂါးဟ် ဖြစ်သည်ဟုဆိုကြသည်။ ရဟီးမ်မို့အ်ဇင်န်ဇါဒဲအရ်ဒ ဘီလီ သည်အသက် ၃၀ အရွယ် ၁၃၃၄ တွင်အကောင်းဆုံး အဇါန် ကိုရွတ်ဆိုနိုင်ခဲ့သည်။ လက်ရှိတွင်လည်း အီရန် ၌မရိုးနိုင်သောသံစဉ်တစ်ခုအဖြစ်ရပ်တည်လျက် ရှိသည်။ မို့အ်ဇင်ဇါဒဲ ၏အသံကိုပထမဆုံးအီရန် ၏ သာသနာဆိုင်ရာ ဓမ္မတေးသံစဉ်အဖြစ်အသိအမှတ်ပြုထားသည်။ မိုဟမ္မဒ်ရေဇာရှဂျ်ရီယားန် သည် သေလာ ဝသ်သေကုရ်အာန် နှင့် မိုနာဂျားသ် များဖတ်ရွတ်ရာ၌ အီရန်တွင်ဆရာတစ်ဆူဖြစ်ပြီးထိုသူကပင် မို့အ်ဇင်ဇါ ဒဲ ၏ အဇါန် ကိုသမိုင်းတွင်စေသည့် အဇါန် ဟုဆိုခဲ့သည်။ သူ၏ပြောပြချက်အရ မို့အ်ဇင်ဇါဒဲ သည် ဘယား သေသပ်ရ်က် ဆိုသည့်အလွန်ခက်ခဲသောသံစဉ်ကို ၅ မိနစ်အတွင်းစွမ်းဆောင်နိုင်သူဖြစ်သည်။ ရဟီးမ်မို့အ်ဇင်န်ဇါဒဲ ၏ဖခင်သည်ဆယ်စုနှစ် ၂ စုအတွင်း အရ်ဒဘီးလ် ၌အဇါန် ရွတ်ဆိုခဲ့သည်။ ထို့နောက်သူ ၏သားဖြစ်သူ ရဟီးမ် ကဖခင်၏အမွေကိုဆက်ခံခဲ့သည်။ သူ၏ညီအစ်ကိုများဖြစ်ကြသော စလီးမ် နှင့် ဒါဝူးဒ် သည်လည်း အဇါန်ရွတ်ဆိုကြသည်။ စလီးမ် သည်ယခုထိ မဇ်ဟဘ်အတွင်းမိမိ၏သံစဉ်များနှင့် နောင်ဟာ ၊ မဲရ်စီယာ ရွတ်ဖတ်ခြင်းများဖြင့်အောင်မြင်စွာ ခိဒ်မသ် လုပ်လျက် ရှိပြီး သူ၏ အဇါန် ကိုလည်းစတူရီယိုအသံ သွင်းမှုများလည်းရှိသည်။ ဟိုစိုင်န်ဆွဗ်ဟ်ဒိလ် သည်လည်းအီရန် ၏တေးသွားသံစဉ်များကိုကျွမ်းကျင်ပိုင် နိုင်သူတစ်ဦးဖြစ်သည်။ မို့အ်ဇင်န်ဇါဒဲ ကဲ့သို့ဖြစ်ပြီး သံစဉ်အရကွာဟမှုပုံစံနှစ်မျိုးဖြင့်ရွတ်ဆိုမှုများလည်းရှိ သည်။ ဆွဗ်ဟ်ဒိလ် ၏အဇါန်သည်ဆယ်စုနှစ် ၃ စုအရင်ကဖြစ်ပြီးအကောင်းဆုံး အဇါန် များထဲမှနောက်ဆုံး ဖြစ်သည်။ ထင်မြင်ချက်ပေးသူအားလုံး၏အမြင်တွင် မို့အ်ဇင်န်ဇါဒဲ နှင့် ဆွဗ်ဟ်ဒိလ် ၏အဇါန် တို့တွင်မည်သူ ကပို၍သာသည်ဟုပင်ပြောမရနိုင်ကြောင်း မှတ်ချက်ပေးခဲ့ကြသည်။[၇]

ဆက်နွယ်သည့်အကြောင်းအရာ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. فرهنگ دهخدا
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 18 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။
  3. چرا شيعيان در اذان و اقامه خود جمله «اشهد ان علي ولي الله » را ميگويند؟။ 30 August 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2018 တွင် ပြန်စစ်ပြီး။
  4. {{الخلاف ج۱، ص۲۷۸. جواهر الکلام ج۹، ص۸۱. -http://www.wikifeqh.ir/اذان- پایگاه اطلاع‌رسانی آیت‌الله مظاهری http://www.almazaheri.com/farsi/Index.aspx?TabID=0604&SectionNum=1528&ChapterNum=487&ChapterName=نماز&BookNum=43&BookName=رساله%20توضیح%20المسائل-%20احکام&CompileNum=21&CompileName=در%20زمینه%20فقه[လင့်ခ်သေ]}}
  5. شرح رساله آیت آلله سیدمحمدجوادغروی بر رساله توضیح المسائل آیت‌الله بروجردی، نشر نگارش،
  6. ستایشگر، ۶۸
  7. اذان‌های ماندگار ایرانی از دماوندی تا مؤذن زاده