အဆီပြန်သော ဦးရေပြား

ဝီကီပီးဒီးယား မှ

ဦးရေပြား အဆီပြန်ခြင်းသည် အပျိုဖော်၊လူပျိုဖော် ဝင်ကာစ အရွယ်များတွင် ဟိုမုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်သည်။ ပုံမှန်အားဖြင့် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း အဆီပြန်မှု နည်းပါသွားသည်။ ဦးရေပြားရှိ အဆီဂလင်းများ အဆီပိုထုတ်ခြင်းသည် ဦးရေပြားအဆီပြန်ခြင်းကို ဖြစ်စေသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ[ပြင်ဆင်ရန်]

  1. မျိုးရိုး
  2. အစားအသောက်
  3. ဟိုမုန်း ပမာဏ
  4. ကိုယ်ဝန်ဆောင်ခြင်း
  5. သန္ဓေတားဆေး အသုံးပြုခြင်း
  6. အလှကုန်ပစ္ဓ္စည်းနှင့် ဓာတ်မတည့်ခြင်း
  7. ရာသီဥတု


ဦးရေပြား အဆီပြန်ခြင်းမှ ကာကွယ်ရန်[ပြင်ဆင်ရန်]

  1. အဆီပြန်သော ဦးရေပြားအတွက် ထုတ်လုပ်ထားသော ခေါင်းလျှော်ရည်ကို ရွေးချယ်အသုံးပြုပါ။ ဥပမာ အမိုင်နိုအက်ဆစ် ပါဝင်သော ခေါင်းလျှော်ရည်။ နှစ်ပတ်ခန့် အသုံးပြု၍ အဆင်မပြေပါက အခြားတံဆိပ် ပြောင်းသုံးပါ။ conditioner သည် ဆံပင်ကို ပျော့ပြောင်းစေရန် ဆီပါဝင်သောကြောင့် conditioner ကိုမသုံးပါနှင့်။ ခေါင်းလျှော်ရာတွင် ဦးရေပြားကို အနည်းဆုံး ၅မိနစ်ခန့် ဆပ်ပြာရည်နှင့် ထိတွေ့စေပြီးမှ ရေဆေးပါ။ အနည်းငယ်နွေးသောရေကို အသုံးပြုပါ။ conditioner ပါဝင်သော 2 in 1 shampoo များသုံးခြင်းမှရှောင်ကြဉ်ပါ။
  2. မကြာခဏ ခေါင်းမဖြီးပါနှင့်။ ခေါင်းဖြီးလျှင် ဆံပင်ကိုသာဖြီးပါ။ ဦးရေပြားကို တတ်နိုင်သမျှ ဘီးနှင့် မထိပါစေနှင့်။ အဆီဂလင်းများ မကျယ်လာစေရန်ဖြစ်သည်။
  3. ပရိုတိန်းပါဝင်သော အစာများ၊ ဟင်းသီးဟင်းရွက်များ များများစားပေးပါ။ ဗိုက်တာမင် B2 ချို့တဲ့ခြင်းသည် အဆီကို ပိုထွက်စေသဖြင့် အနှံ၊ ပဲ စသည့် ဗိုက်တာမင် B2 ပါဝင်သော အစာများ စားပေးပါ။ ရေများများသောက်ပေးခြင်းဖြင့်လည်း အရေပြားကိုကျန်းမာစေသည်။ သကြား၊ ဆား နှင့် ဆီကြော်အစားအစာများ များစွာမစားပါနှင့်။ ဆေးလိပ်သောက်သုံးခြင်းမပြုပါနှင့်။
  4. လေ့ကျင့်ခန်းပြုလုပ်၍ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းသည်လည်း အရေပြားကို ကျန်းမာသန်စွမ်းစေသည်။