အဆက်တီလင်း

ဝီကီပီးဒီးယား မှ

အဆက်တီလင်း ဓာတ်ငွေ့သည် အရောင် ကင်းမဲ့၏။ မည်သည့် ပစ္စည်းနှင့်မျှ မရောစပ်ပဲ ဓာတ်ငွေ့ သန့်သန့်ချည်းဆိုလျှင် အနံ့မဆိုးလှချေ။ သို့သော် ဓာတ်ငွေ့ သန့်သန့်မဟုတ်ပဲ အခြားဓာတ်ငွေ့များနှင့် ရောစပ်နေခဲ့လျှင် ကြက်သွန်ဖြူကဲ့သို့ မနှစ်မြို့ဖွယ်သော အနံ့ရှိ၏။ ထိုဓာတ်ငွေ့ သည် သာမန်လေထက် အနည်းငယ်ပေါ့၍ ရေတွင် ပျော်ဝင် လွယ်၏။ မီးလောင်မှုကို အားမပေးသော်လည်း မီးလောင်လွယ် တတ်၏။ ဓာတ်ငွေ့သန့်သန့် မီးထွန်းကြည့်သောအခါ မှိုင်းများ သော မီးတောက်မီးလျှံဖြင့်လောင်၍ အလွန်တောက်ပ၏။ သို့သော် အထူးပြုပြင်ထားသော မီးတိုင်တွင် သာမန်လေနှင့် ရောပြီး ထွန်းကြည့်သည့်အခါ မှိုင်းများ ပျောက်သွားပြီးလျှင် အလွန်တောက်ပသော မီးရောင်ဖြင့် လောင်လေသည်။ မီးရှိန် မှာလည်း အလွန် ပြင်းထန်၏။ ထိုဓာတ်ငွေ့မှရသော မီး အလင်းရောင်သည် ကျောက်မီးသွေးဓာတ်ငွေ့၏ မီးအလင်း ရောင်ထက် တစ်ဆဲ့ ငါးဆမျှ ပို၏။ အဆက်တီလင်းဓာတ်ငွေ့၏ ဓာတု သကေ‡တမှာ ဂ္ဂ၂ံ၂ ဖြစ်၏။ အဆက်တီလင်းဓာတ်ငွေ့ကို ယခုအခါ မီးထွန်းရန် အတွက်နှင့် စက်မှုလုပ်ငန်းများတွင် အထူးပင် အသုံးပြုကြ၏။ ကယ်လဆီယမ်ကာဗိုက် ဂ္ဂေ ဂ္ဂ၂ တွင် ရေအနည်းငယ် ထည့်ပေး လိုက်ခြင်းအားဖြင့် အဆက်တီလင်းဓာတ်ငွေ့ကို ရရှိနိုင်သည်။ ပုံစံမှာ ဂ္ဂဂ္ဂေ၂ ဏ ၂ံ၂ဥ ှု ဂ္ဂ၂ ံ၂ ဏ ဂ္ဂေ (ဥံ)၂ ကယ်လဆီယမ်ကာဗိုက်×ရေ Ó အဆက်တီလင်းဓာတ်ငွေ့× ကယ်လဆီယမ်ဟိုက်ဒရော့ဆိုက် ကယ်လဆီယမ်ကာဗိုက်သည် ချော်တုံးချော်ခဲများကဲ့သို့ ညိုသောအရောင်ရှိ၏။ ထုံးနှင့်မာသော ကျောက် မီးသွေးများကိုရောပြီးလျှင် လျှပ်စစ်မီးဖိုတွင် အရည်ကျို လိုက်သောအခါ၌ ရရှိသည်။ အဆက်တီလင်းဓာတ်ငွေ့သည် မီးထွန်းရာ၌ ကျောက်မီးသွေး ဓာတ်ငွေ့ထက် အထူးပင် ပို၍ လင်းသောကြောင့် အိမ်များ၌ မီးထွန်းရန်အတွက်လည်းကောင်း၊ စက်ဘီးမီးထွန်းရန်အတွက် လည်းကောင်း အသုံးပြု လေ့ရှိကြ၏။ မီးထွန်းရန် နည်းမှာ လည်း မခဲယဉ်းလှချေ။ ကယ်လဆီယမ် ကာဗိုက်ကို လေလုံ သော သတ္တုဗူး ထဲတွင်ထည့်၍ ထိုဗူး၏ တစ်နေရာ၌ ရေစက် ကလေးများ ချပေးနိုင်အောင် အပေါက်ကလေးတစ်ခုနှင့် အခြား တစ်နေရာ၌ အပ်ပေါက်လောက် သေးငယ်သော အပေါက်ငယ် တစ်ခုကို လုပ်ထား၏။ ကာဗိုက်ပေါ်သို့ ရေစက်ကလေးများကို ဆက်ကာ ဆက်ကာ ချပေးသောအခါ အပေါက်ငယ်မှ အဆက် တီလင်း ဓာတ်ငွေ့ ထွက်လာ၏။ ထိုထွက်လာသော ဓာတ်ငွေ့ကို မီးညိ|လိုက်လျှင် အလွန်လင်းသောမီးကို ရလေသည်။ အဆက်တီလင်းဓာတ်ငွေ့ကို အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ရော ပြီး မီးရှို့လိုက်လျှင် အလွန်ပြင်းထန်သော အပူရှိန်ဖြင့် တောက် လောင်၍ မီးတောက်မှာလည်း အလွန့်အလွန်လင်း၏။ စက္ကူ ထူထူကို ကတ်ကြေးနှင့် လွယ်ကူစွာ ည|ပ်နိုင်ဘိသကဲ့သို့ အဆက်တီလင်းနှင့် အောက်ဆီဂျင်ရော၍ရသော အောက်ဆီ အဆက်တီလင်း ဓာတ်ငွေ့ မီးတောက်သည် အလွန်မာသော သံမဏိပြားများကိုပင် လွယ်ကူစွာ ဖောက်နိုင်၏။ ထိုကြောင့် သံဆက် အလုပ်ရုံများတွင် သံဆက်ခြင်း၊ သံဖောက်ခြင်းများ အတွက် အောက်ဆီအဆက်တီလင်းမီးကို အသုံးပြုကြ၏။ သံဆက် အလုပ်ရုံများတွင် အသုံးပြုသော အောက်ဆီအဆက် တီလင်းဓာတ်ငွေ့သည် ပြွန်တံနှစ်ခုမှ ဖြစ်ပေါ်လာ၏။ တစ်ခု သောပြွန်တံမှ အဆက်တီလင်းဓာတ်ငွေ့ကိုရ၍ အခြားတစ်ခုမှ အောက်ဆီဂျင်ဓာတ်ငွေ့ကို ရ၏။ ထိုဓာတ်ငွေ့နှစ်ခုကို ရောပြီးမှ မှုတ်တံဖြင့် မှုတ်ထုတ်လိုက်ရ၏။ မှုတ်တံထိပ်ကို အလွန် ပူ သော မီးအပူကို ခံနိုင်သည့်သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် မီးတောက်နေသည့်အခါ အရည်မပျော်နိုင်ချေ။ အဆက်တီလင်းကို စက်ရုံကြီးများတွင် စက်ကိရိယာများ ပြုလုပ်ပြင်ဆင်ရာတွင် များစွာ အသုံးပြု၏။ ညဉ့်အခါ မြစ်ထဲ သို့ သဘေ‡ာကြီးငယ်များ ဝင်ရောက်လာသည့်အခါ မြစ်ကြောင်း ကို မှတ်သော ဗော်ယာများကို မြင်နိုင်အောင် ဗော်ယာထိပ်များ တွင် အဆက်တီလင်းဓာတ်ငွေ့ဖြင့် မီးထွန်းထားကြ၏။ ထို ဓာတ်ငွေ့နှင့် မီးထွန်း၍ ရရှိသော မီးရောင်သည် အလွန်လင်း သောကြောင့် အဝေးကြီးကပင် ကောင်းစွာ မြင်နိုင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)