အစ်ခန်ဒါ မာခ့်မူဒေါ့ဗ်
အစ်ခန်ဒါ မာ့ခ်မူဒေါ့ဗ် | |
---|---|
![]() |
|
မွေးသက္ကရာဇ် | ၁၉၆၃ |
လူမျိုး | ဥဇဘက်ကစ်စတန်၊ ရှရှား။ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလျံ |
သားသမီး | တစ်ဦး |
အစ်ခန်ဒါ မာ့ခ်မူဒေါ့ဗ် ကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရုရှားပြည်အခြေစိုက် ဥဇ္ဇဘက်ကစ္စတန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
အကျဉ်းချုပ်[ပြင်ဆင်ရန်]
သူသည် ထူးခြားလျှို့ဝှက်သော ဥဇ္ဇဘက်စီးပွားရေးသမားများထဲမှ တစ်ယောက်ဖြစ်သည်။ Bukhara တွင်မွေးဖွားခဲ့ပြီး Tashkent တွင်နေထိုင်၍ အရှေ့တိုင်းလေ့လာမှုပညာဖြင့် ဒေသခံတက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိခဲ့သည်။ထို့နောက် သူ၏ အာရေဗျဘာသာကျွမ်းကျင်မှုကို အသုံးချနိုင်သော လစ်ဗျားနှင့်အီရတ်ရှိ ဆိုဗီယက်စစ်တပ်ဆိုင်ရာ အဖွဲ့အစည်းများစွာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ပထမဆုံးသော စီးပွားရေး ခြေလှမ်းအစသည် ရုရှားနိုင်ငံတွင် အကြီးဆုံး သတ္တုရောင်းဝယ်ရေးများ ဖြစ်ခဲ့ကြသည့် Chernoys နှင့် Reuben ညီအစ်ကိုများ၏ Trans-World အဖွဲ့နှင့်အတူ ဖြစ်သည်။ ယခုအခါ Makhmudov သည် Uralskaya Gorno-Metallurgicheskaya Kompaniya (UGMK)၏ အဓိကပိုင်ရှင်ဖြစ်သည်။ထိုကုမ္ပဏီသည် ရုရှားတွင် စတုတ္ထအကြီးဆုံးသော သံဓာတ်မပါသည့် သတ္တုဗေဒဆိုင်ရာကုမ္ပဏီဖြစ်သောကြောင့် ရုရှား၏ ဒုတိယအကြီးဆုံးသော ကြေးနီထုတ်လုပ်ပေးနိုင်သူဖြစ်သည်။
သူ၏ တွဲဖက်လုပ်ကိုင်သူနှင့်အတူ Makhmudov သည် ရုရှားဘာသာဖြင့် Business Week ကိုထုတ်ဝေသည့် Izdatelskiy Dom Rodionova (Rodionov ထုတ်ဝေရေးလုပ်ငန်း)တွင်လည်း ၅၀% ပိုင်ဆိုင်မှုများရှိသည်။ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်များအရ Iskander Makhmudov သည် ရုရှားနိုင်ငံ၏ ၁၅ ယောက်မြောက် အချမ်းသာဆုံး စီးပွားရေးသမားဖြစ်ပြီး ၈၆ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သည်။
ပုဂ္ဂိုလ်ရေးမှတ်တမ်း[ပြင်ဆင်ရန်]
သူသည် လျှို့ဝှက်စွာနေထိုင်တတ်ပြီး သူ၏ အဓိကရင်းနှီးမြှုပ်နှံမှုများရှိသော Kuzbassrazrezugol မိုင်းတွင်းကဲ့သို့ပင် သူ့အကြောင်းများကို အမှောင်ချကာ ပိတ်ဆို့ထားသူဖြစ်သည်။ သူ၏ အဓိက ဝင်ငွေရလုပ်ငန်းများမှာ Urals မိုင်းတွင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်ပါသည်။