အစ္စလာမ် ယဉ်ကျေးမှု
ပုံပန်းသွင်ပြင်
အစ္စလာမ့် ယဉ်ကျေးမှုသည် အစ္စလာမ့် သမိုင်းတစ်လျှောက်တူညီမှုရှိခဲ့သည့် ယဉ်ကျေးမှုများကို သုံးနှုန်းခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ အစ္စလာမ် ၏ပထမပိုင်း ယဉ်ကျေးမှုပုံစံများမှာ အာရပ်ယဉ်ကျေးမှုဆန်ခဲ့သည်။ အစ္စလာမ်သည် အင်ပါယာ အသီးသီးသို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီးနောက် ထိုယဉ်ကျေးမှုသည် ဖာရစီ၊ ကော့ကေးဆပ်၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ မွန်ဂို၊ အိန္ဒိယ၊ မလေး၊ ဆိုဘာလီ၊ ဘာဘာ၊ အီဂျစ်၊ အင်ဒိုနီးရှားနှင့် မရ်ဝ် တို့၏ယဉ်ကျေးမှုများအပေါ် လွှမ်းမိုးခဲ့သည်။
အစ္စလာမ့် ယဉ်ကျေးမှုဆိုသည်မှာ (အမှန်တကယ်တော့) အစ္စလာမ်တွင် ရှိနေသည့် အမလ် - လုပ်ဆောင်မှုကျင့်ကြံမှုအားလုံး အကျုံးဝင်သည်။ တစ်နည်းဆိုရသော် တမန်တော်မြတ် (ဆွ) ၏ စွန်နသ် တော်များသာ အစ္စလာမ့် ယဉ်ကျေးမှုဖြစ်သည်။ ကုရ်အာန် ၏ မိန့်ရပ်များအားလုံး အကျုံးဝင်သည် ၊ ဥပမာ - နမါးဇ် ၊ ရိုဇာ တို့ ဖြစ်သည်။[၁]