အစ္စလာမ်မစ် စီးပွားရေး

ဝီကီပီးဒီးယား မှ

အစ္စလာမ်မစ် စီးပွားရေးတွင်အလုံးစုံသောပြဋ္ဌာန်းချက်များကိုသတ်မှတ်ထားပြီးဖြစ်သည်။ အစ္စလာမ် သာသနာ၌ စီးပွားရေးလည်ပတ်မှုဆိုင်ရာထိန်းသိမ်းပုံများ ၊စီးပွားရေးပြဿနာများကိုဖြေရှင်းနည်း ၊လူ့အသိုင်းအဝိုင်းအကြား တရားမျှတမှုရှိပြီးကောင်းမွန်သင့်တင့်သောအနေအထားများရှိရေး ၊ မွန်မြတ်သည့်လူ့အဖွဲ့အစည်းများဖြစ်ပေါ် လာရေး တို့အတွက်ရှိရှိသမျှသော တမန်တော်များ နှင့် အေမာမ် များသည်အထူးကြိုးပမ်းခဲ့ကြသည်။

စီးပွားရေးဆိုင်ရာကိစ္စရပ်သည် လူ့ဘဝရပ်တည်ရေးအတွက် အလွန်အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သည်။ အစ္စလာမ် သည်လည်း၎င်းနှင့်ပတ်သက်ပြီးအထူးအလေးပေးထားသည်။ အစ္စလာမ်မစ် စီးပွားရေးဟုဆိုရာတွင် (အစ္စလာမ်မစ် စီးပွားရေးဆိုင်ရာပညာရပ်)(အစ္စလာမ်မစ် စီးပွားရေးဆိုင်ရာအတွေးအခေါ်) (အစ္စလာမ်မစ် စီးပွား ရေးဆိုင်ရာဗဟုသုတ)စသည့်ရှု့ထောင့်တိုင်းတွင်အလေးပေးထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။(အစ္စလာမ်မစ် စီးပွားရေးဆိုင်ရာပညာရပ်) ဆိုသည်နှင့်ပတ်သက်ပြီးအလွန်ပါးလွှာသည့်အချက်ကိုဂရုပြုရမည်ဖြစ်သည်၊အခြေ ခံကျသောအချက်အလက်များကို ဂရုမပြုသော်လည်းကောင်းအသုံးအနှုန်းသည် အချီးအနှီးသာဖြစ်ပေမည်။ ပညာဟုဆို ရာတွင်မည်သည့်ပညာကိုဆိုလိုသနည်း ၊ အတွေ့အကြုံများစမ်းသပ်မှုများ ပွင့်လင်းမြင်သာသည့်နည်းလမ်း များနှင့်တိုးတက်လာသည့် ဥရောပ တို့၏နည်းပညာကိုဆိုလိုသည်လား စသည်တို့ကိုသုံးသပ်ရမည်ဖြစ်၏။ စီး ပွားရေးပညာ ၌နိုင်ငံရေးနှင့်ရောထွေးနေသည့် စီးပွားရေးကဏ္ဍများတွင်ပြဋ္ဌာန်းချက်များနှင့်အတူသာလွန်ကောင်း မွန်နေမည်တော့မဟုတ်ပေ။ အစ္စလာမ်မစ် စီးပွားရေးနှင့် အခြားသာသနာတို့၏စီးပွားရေးအမြင်(သို့) အတွေ့အ ကြုံထင်မြင်ယူစချက်တို့အကြား စာရိတ္တ နှင့်ကုန်ပစ္စည်းတို့၏တန်ဖိုးများသည်မည်ကဲ့သို့အနေအထားရှိသနည်း ဆိုသည့် မေးခွန်း၏အဖြေကိုညှိယူရလိမ့်မည် ၊ (ငွေမျက်နှာတစ်ခုတည်းသာကြည့်နေကြသလော လူသားဆန် သည့်တန်ဖိုးများရော ရှိမရှိ မေးခွန်းထုတ်ရပေမည်။)အကယ်၍စီးပွားရေးပညာရှင်တစ်ဦး သို့မဟုတ် အတွေးအ ခေါ်ပညာရှင်တစ်ဦးသည် စီးပွားရေးပညာရပ်နှင့်နိုင်ငံရေးသက်ရောက်မှုရှိသည့်စီးပွားရေးတို့တွင် ထို့ကဲ့သို့တန် ဖိုးများကိုရှာတွေ့မည်ဆိုလျှင်သူ၏ Logic သည်အစ္စလာမ်မစ် စီးပွားရေး ဒဿန များကိုလက်ခံနိုင်လိမ့်မည်ဖြစ် သည်။ အကယ်၍အခြားတစ်ဦးတစ်ယောက်သည် ထိုကဲ့သို့သောတန်ဖိုးများကိုရှာမတွေ့ပါကသူ၏အတွေးအ ခေါ်တွင် အစ္စလာမ်မစ် စီးပွားရေးဆိုသည်ကားစိုးစဉ်းမျှအဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်။ ထိုကဲ့သို့ကွဲပြားမှုများအ ပေါ်အခြေခံပြီး အစ္စလာမ်မစ် စီးပွားရေးနှင့်ပတ်သက်၍အမြင်အမျိုးမျိုးရှိလာသည်။ အချို့ကလည်း အစ္စလာမ့်စီး ပွားရေးဆိုင်ရာပညာရပ်တွင် ၊ အချို့ကလည်း အစ္စလာမ့်စီးပွားရေးဆိုင်ရာအတွေးအခေါ်တွင် အချို့ကလည်း အစ္စလာမ့်စီးပွားရေးဆိုင်ရာယန ္တရား၌ စသည်ဖြင့်သီးခြားအမြင်များရှိလာသည်။ ၎င်းတို့၏အမြင်တွင် အစ္စလာမ့် စီးပွားရေးဆိုင်ရာယန ္တရား (သို့) နည်းစနစ်များသည် အစ္စလာမ့် စီးပွားရေးဆိုင်ရာအတွေးအခေါ်သင်တန်း ကျောင်းကြီးမှ နည်းပညာများဖြင့် အမှန်တကယ်စီးဆင်းနေသည်ဟုလက်ခံကြသည်။ တစ်နည်းရှင်းလင်းတင် ပြရလျှင် - အစ္စလာမ် သာသနာ၌ စီးပွားရေးလည်ပတ်မှုဆိုင်ရာထိန်းသိမ်းပုံများ ၊စီးပွားရေးပြဿနာများကိုဖြေရှင်းနည်း ၊လူ့အသိုင်းအဝိုင်းအကြား တရားမျှတမှုရှိပြီးကောင်းမွန်သင့်တင့်သောအနေအထားများရှိရေး ၊ မွန်မြတ်သည့်လူ့အဖွဲ့အစည်းများဖြစ်ပေါ် လာရေး တို့အတွက်ရှိရှိသမျှသော တမန်တော်များ နှင့် အေမာမ် များသည်အထူးကြိုးပမ်းခဲ့ကြသည်။ .

စီးပွားရေးနှင့်ပတ်သက်ပြီး အစ္စလာမ့် အမြင်[ပြင်ဆင်ရန်]

အစ္စလာမ့် စီးပွားရေးအမြင်သည် အနောက်နိုင်ငံများနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ အစ္စလာမ် သည်ရောင့်ရဲခြင်း ရှိရန်နှင့် ဖြုံးတီးခြင်းကိုတားမြစ်ထားသည် ၊ အနောက်တိုင်းစီးပွားရေးအမြင်၌ လူတို့၏လိုအပ်ချက်ကိုအတိုင်းအ တာမရှိဟုယုံကြည်ကာ လောကကြီးကပေစွမ်းနိုင်မှုများသည် အတိုင်းအတာရှိသည်ဟူသည့် ဒဿနပေါ်တွင် အခြေခံနေကြသည်။ အမှန်တကယ်တော့ အစ္စလာမ် သည်လောကကြီး၏အရင်းအမြစ်များနှင့် ပေးစွမ်းနိုင်မှု များတွင်အတိုင်းအတာမရှိကြောင်းဖော်ပြထားသည် - { وَإِن تَعُدُّواْ نِعْمَتَ اللّهِ لاَ تُحْصُوهَا }(အသင်တို့သည် အရှင် မြတ်၏ကျေးဇူးတော်များကိုရေတွက်ကြသော် ရေတွက်နိုင်မည်မဟုတ်ကြချေ။) (စူရာ အိဗ်ရာဟိမ် - ၃၄)

အစ္စလာမ် သည်စီးပွားရေးကိစ္စရပ်ကို (လူသားတို့သန့်ရှင်းမွန်မြတ်သည့်အပေါ်) အခြေခံပြီးလူသားတို့ရှင် သန်ရပ်တည်ရေးအတွက် တစ်စိတ်တစ်ဒေသအနေနှင့် သတ်မှတ်ပြဋ္ဌာန်းချက်များဖြင့် စနစ်တစ်ခုကို တည် ဆောက်ပေးထားခြင်းဖြစ်သည်။ ဂရုပြုရမည့်အချက်လည်းဖြစ်သည် ၊ အစ္စလာမ့် စီးပွားရေးဆိုင်ရာသင်တန်း ကျောင်းကြီးမှ စီးပွားရေးဆိုင်ရာပြဿနာများပြေလည်ရန်မှာ လူတို့၏ ယုံကြည်မှုပိုင်းဆိုင်ရာနှင့် စာရိတ္တများအ ပေါ်တွင်သာမူတည်ကြောင်း သင်ပြနေသည်။.

(به عربی: وَ لَوْ أَنَّ أَهْلَ الْقُری آمَنُوا وَ اتَّقَوْا لَفَتَحْنا عَلَيْهِمْ بَرَكاتٍ مِنَ السَّماءِ وَ الأْرْضِ) အာယသ်တော်မှဆိုလိုသည်ကား - ( လူသားတို့သည်သက်ဝင်ယုံကြည်မှုရှိကြပြီး သီလသမာဓိရှိကြ ကုန်သော် ငါအရှင်မြတ်သည် မိုးကောင်းကင်နှင့် မြေပထဝီ၏ ဘရကသ်-မင်္ဂလာရှိသည့်- တံခါးများကိုဖွင့်လှစ် ပေးတော်မူအံ့။) အစ္စလာမ် သည်စီးပွားရေးကိုလူသား၏မွန်မြတ်သည့်ရည်ရွယ်ချက်တစ်ခုအဖြစ်လမ်းညွှန်ထား သည်။ သို့ပါ၍ ဆိုရှယ်လစ်ဇင်မ် - သမဝါယမ စုပေါင်းအင်အားစိုက်ထုတ်ခြင်း - နှင့် ရင်းနှီးမြုတ်နှံမှုကိုသာအ ခြေခံခြင်းအားငြင်းဆိုထားသည်။


အစ္စလာမ့် စီးပွားရေးအဆင့်အတန်း[ပြင်ဆင်ရန်]

စီးပွားရေးတိုးတက်မြင့်မားရေး ၊ စီးပွားရေးစနစ်၏နည်းပညာများနှင့် ပတ်သက်ပြီးသီးခြားစီအမြင်များကို တင်ပြ ယုံကြည်ထားကြသည်။ လွတ်လပ်သည့်စီးပွားရေးဈေးကွက်များတွင် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် ချီကာကို ၏နည်းလမ်းများတွင် ဖှီးဇ်ယိုကရာစီ - စိုက်ပျိုးရေးပညာရှင် ဒေါက်တာကပ်္စနာ ၏အမြင်များကိုကျင့်သုံးခြင်း - နည်းစနစ်များကိုအထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ၊စီးပွားရေးလုပ်ငန်းရှင်ကဏ္ဍ နှင့်ပြည်ပပို့ကုန်ကဏ္ဍများတွင်အ လွန်အကျိုးထူးကြောင်းတင်ပြထားကြသည်။ အစ္စလာမ် သည်လည်းလူသားများအကြားဆက်နွယ်နေသည့်စီး ပွားရေးစနစ်ကို လူ့အသိုင်းအဝိုင်း၏တရားမျှတမှုအပေါ်မူတည်နေကြောင်းခြုံငုံတင်ပြထားသည်။ အစ္စလာမ့် စီး ပွားရေးဆိုင် ဖှစ်ကာ အပိုင်းတွင်အသေးစိတ်ရှင်းလင်းတင်ပြပေးထားသည်။


ကြွယ်ဝခြင်းဆိုင်ရာ အစ္စလာမ် ၏စနစ်ထုံးတမ်းများ[ပြင်ဆင်ရန်]

စီးပွားရေးနှင့်ပတ်သက်၍ အဆင်ပြေကြွယ်ဝစေမည့် အစ္စလာမ့် စနစ်ထုံးတမ်းများမှာ ပထမဆုံးအနေနှင့်အရေး အပါဆုံးမှာ - လူ့အဖွဲ့အစည်း၏တရားမျှတမှု လူသားတို့၏ရပိုင်ခွင့်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း ပိုင်ဆိုင်မှု များကိုသုံးပိုင်းခွဲခြင်း ( ပြည်သူပိုင် ၊ ပုဂ္ဂလိကပိုင် ၊ အစိုးရပိုင် ) ဟူ၍ဖြစ်သည်။ စီးပွားရေးလမ်းကြောင်းတွင် ဟရာမ် အဖြစ်တားမြစ်ထားသော အတိုး စားခြင်းများလည်းရှိနေပြီး စီးပွားရေးပြဿနာကိုဖြေရှင်းရန်မှာတ ကယ်တော့ အစ္စလာမ့်စီးဘောင်များတွင်သာရှိနေပြီး၎င်းနှင့်သက်ဆိုင်သည့် ကဏ္ဍများကို မိုသွာရေဗဲ ၊ မဇာရေ အဲ ၊ မိုစာကားသ် ၊ ဘိုင်းအ် ၊ အေဂျာရဲ ၊ ဂျိုအာလဲ ၊ ဇကားသ် ၊ ခွမ်စ် စသည်တို့တွင်ဖော်ပြထားသည်။ .

အီရန် ၏အစ္စလာမ်မစ် စီးပွားရေး[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ်တွင် အီရန်၏စီးပွားရေးကိုအခြားသောနိုင်ငံများကချုပ်ကိုင်ခြယ်လှယ်ထားကြောင်း အာယသွလ္လာ ခိုမိုင်နီ(ရ ဟ) ကကြွေးကျော်ခဲ့သည်။ မိုဟမ္မဒ်ရေဇာရှား သည်ပြည်ပနိုင်ငံများနှင့်ပူးပေါင်းပြီးကိုယ်ကျိုးအမြတ် ထုတ်နေခြင်းကြောင့် အီရန် ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ မှာချွတ်ချုံကျနေသည်။ စီးပွားရေးကဏ္ဍနှင့်ပတ် သက်ပြီးအနောက်နိုင်ငံများနှင့် ဆက်နွယ်မှုကိုလျော့ချမည်ဖြစ်ကြောင်းလည်း အာယသွလ္လာ မှကြွေးကျော်ခဲ့ သည် ၊ သို့မှသာလည်း အစ္စလာမ်မစ် ဆန်သည့်စီးပွားရေးကိုအခြချနိုင်မည်ဖြစ်သည်။ အစ္စလာမ်မစ် တော်လှန် ရေးမပြီးဆုံးမီကာလက ရှဟီးဒ်မိုဟမ္မဒ်ဘာကဲရ်ဆဒ်ရ် သည် အစ္စလာမ်မစ် စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ ကြိုးပမ်းမှုများရှိခဲ့သည်။ အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက် အစ္စလာမ် ဥပဒေများနှင့်ကိုက်ညီသည့် ဘဏ် များပြုစုပျိုးထောင်ခြင်းအားဖြင့် အစ္စလာမ်မစ် စီးပွားရေးနယ်ပယ်ကိုဖြန့်ကျက်ခဲ့သည်။ ထိုကဲ့သို့ဆောင်ရွက်ရာ၌ ဘဏ် များကိုအတိုးနှုန်းကင်းစွာဖြင့်လည်ပတ်စေနိုင်ခဲ့သည်။ အစ္စလာမ်မစ် စီးပွားရေးအကောင်အထည်ဖော်ရာ တွင်နောက်ထပ်အရေးပါသည့်အချက်မှာ ဂနီမသ် နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ ပိုင်ဆိုင်မှုများဖြစ်သည် ၊ ၎င်းနှင့်သက်ဆိုင်သည့် ဥပဒေများကို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ စည်းမျဉ်းတွင်အတည်ပြုရေးဆွဲနိုင်ခဲ့ သည်။ အစ္စလာမ်မစ် တော်လှန်ရေးပြီးဆုံးပြီးနောက် အခြားသောစီးပွားရေးဆိုင်ရာ အရေးပါသည့်ပြုပြင်ပြောင်း လဲရေးမှာ မိမိကိုယ်မိမိအားကိုးရပ်တည်ပြီး လုံလောက်စွာရပ်တည်လည်ပတ်နိုင်မည့် အချက်ဖြစ်သည်။ မည်မျှ ပင်စီးပွားရေးကဏ္ဍ၌ ထိုအချက်နှင့်ပတ်သက်၍ အမြင်များ ခေတ်ရေစီးကြောင်းများကြောင့် ထင်သလောက်အ ကျိုးသက်ရောက်မှုမရှိသည်ဖြစ်စေ ၊ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်းသုံးသပ်ပြီး ယ ခင်ကာလမှာရော ယခုလက်ရှိအခြေအနေမှာပါ ထိုအချက်သည်ရှိနေသည်ဖြစ်ပြီး ဖစ်နိုင်သည့်အခြေအနေ အတိုင်းအတာအထိကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံအသီးသီး မိမိတို့၏စက်မှုဆိုင်ရာများကိုထိန်းသိမ်းကြမည် ၊ သွင်းကုန်ထုတ်ကုန်နှင့်ဈေးကွက်လွတ်လပ်မှုများမရှိတော့လျှင် ၊ ငွေကြေးတန်ဖိုးဆိုင်ရာများလျော့ကျလာမည် ဆိုလျှင် မိမိကိုယ်မိမိရပ်တည်ပြီးကိုယ်ထူကိုယ်ထ အနေအထားဖြင့်စီးပွားရေးရပ်တည်မှုသည် ဖော်ပြခဲ့သည့်အ ခြေအနေမျိုးတို့၌ ပို၍အဓိပ္ပာယ်ရှိလာမည်ဖြစ်သည်။ .

အဆိုးမြင်ဝါဒ နှင့် အကောင်းအဆိုးခွဲခြားခြင်း[ပြင်ဆင်ရန်]

အစ္စလာမ်မစ် စီးပွားရေးသည်အောက်ဖော်ပြပါအချက်များကြောင့်တန်ဖိုးမပေါ်ဘဲ အဆိုးမြင်ခံရသည့်အနေအ ထားတွင်ရှိနေသည်။ (အကောင်းအဆိုးခွဲခြားမြင်ခြင်း)

  • "-လွယ်ကူချောမွေ့မှုမရှိခြင်း ၊ မပြီးဆုံးနိုင်ခြင်း ၊ အမှန်တကယ်မဟုတ်ခြင်း ၊ ဆက်နွယ်မှုမရှိခြင်း"[یادداشت ၁] ဆိုသည့်စွပ်စွဲ ချက်များရှိနေသည် ၊ ဤပြဿနာများကို စစ်မှန်သောယဉ်ကျေးမှုနှင့်သာဖြေရှင်းနိုင်မည်ဖြစ်သည်။ (Timur Kuran, John Foster)؛
  • - အတွေ့အကြုံနည်းပါးခြင်း ၊ လူတို့၏ ဗျုတ်စဗျင်းတောင်း ကသောင်းကမျောင်း ဟိုမရောက်သည်မရောက် အတွေးအခေါ်များ အယုံလွယ်ခြင်း ဆိုရှယ်လစ်ဇင် ကျမှု ၊[یادداشت ၂] နှင့်လက်တွေ့၌ အစိုးရ၏ထိန်းချုပ်မှုများနှင့် နိုင်ငံ ရေးရောယှက်နေသည့်စီးပွားရေးအပြင်အခြားမရှိခြင်း။(فرد هالیدی)؛

နိုင်ငံရေးနှင့်အတွေးအခေါ် နယ်ပယ်တွင် အစ္စလာမ့် ဒဿနလက်ကိုင်ထားကြသူများ ပညာရှင်များကပြောဆို

ကြသည်မှာ - အရာရာတိုင်းအတွက်အမြင်များ (အတွေးအအခေါ်) များရှိကြသည် ၊ လူသားတို့၏အရေးပါလှ သောထိုကိစ္စရပ်အတွက် ရင်းနှီးမြုပ်နှံမှုဆိုသည့်စကားလုံး ၊ ဆိုရှယ်လစ်ဇင်မ် ဆိုသည့်စကားလုံးထက်ပင်ပို၍ ပြောဆိုဆွေးနွေးစရာများရှိနေသော်လည်း ၎င်းတို့၌စဉ်းစားတွေးခေါ်ဆွေးနွေးစရာများအလွန်နည်းပါးနေ၏။

.

  • -ဖော်ပြခဲ့သည်များထက်ပို၍ ( စီးပွားရေးဆိုင်ရာအချက်အလက်များ ) မရှိတော့၍လား ၊ ကုရ်အာန် နှင့် စွန်နသ် ၏သွန်သင်မှုများမှ လက်တွေ့စီးပွားရေး၌ အလှပဆုံးအကောင်အထည်ဖော်နိုင်ခြင်း ၊ (Muhammad Ahram Khan)؛
  • -အစ္စလာမ် ၏ထုံးတမ်းများသို့ပြန်လည်ဦးလှည့်မည် ဆိုသည့်ကြွေးကျော်ခြင်းများ - တကယ်တော့ဤ စွန်နသ် တော်များနှင့်အစပျိုးရုံမျှသာရှိသေးသည်။"[یادداشت ၃]  (Timur Kuran)؛[یادداشت ၄]
  • -ရည်ရွယ်ချက်များအတိုင်းအကောင်အထည်ဖော်ပြီးဆုံးရှုံးရခြင်းများ - ထိုရည်ရွယ်ချက်များမှာ ~ ငွေပေါ်မှငွေ ရှာခြင်း ၊ အကောင်းအဆိုးခွဲခြားလုပ်ဆောင်ခြင်းက အလုံးစုံတူညီသည့်ပုံမျိုးနှင့်စီးပွားရေးလုပ်ဆောင်ခြင်းထက် သာလွန်ပါသော်လည်း ပညာမဲ့ခြင်း ၊ မှားယွင်းသောအယူအစသွန်သင်မှုများကြောင့် ပီပြင်တိကျသောလုပ်ရပ် များမှကင်းဝေးရလေ၏။ ဤမကောင်းသောရည်ရွယ်ချက် (တစ်နပ်စားဉာဏ်များကြောင့်) ဆုံးရှုံးရခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ရည်ရွယ်ချက်များ၌ အမှန်တကယ်ဖြစ်နိုင်ချေရှိသည်ထက်ပို၍ စီးပွားရေးအ မြတ်ထုတ်လိုခြင်း ခေါင်းမော့အမောက်ထောင်လိုခြင်း များရှိနေခြင်းကြောင့်ဖြစ်သည်။  (Timur Kuran).

ငွေကြေးဓနဆိုင်ရာပညာရပ်နှင့် အစ္စလာမ်မီး ဘဏ် ~

ဂရုပြုလောက်သည့်ရလဒ်မှာ - ( တစ်နည်း - အကောင်းအဆိုးဦးတည်ချက် ) အစ္စလာမ်မစ် စီးပွားရေး၌ စက်မှု ဆိုင်ရာအကောင်အထည်ဖော်နိုင်ခြင်း ၊ ငွေကြေးဓနဆိုင်ရာပညာရပ်များ ၊အစ္စလာမ်မစ် ဘဏ်များအကောင်အ ထည်ဖော်လည်ပတ်နိုင်ခြင်းတို့ဖြစ်သည်။


မှတ်စု[ပြင်ဆင်ရန်]

  1. "incoherence, incompleteness, impracticality, and irrelevance"
  2. "a hodgepodge of populist and socialist ideas"
  3. Invented tradition
  4. به نظر وی: اقتصاد اسلامی خودش نمونه امری است که "سنت اختراع‌شده" خوانده شده.

ကိုးကား[ပြင်ဆင်ရန်]