အစ္စမေး ဆာဘရီ ဘင် ဟာကော့

ဝီကီပီးဒီးယား မှ

သတိုးသီရိ အစ္စမေး ဆာဘရီ ဘင် ဟာကော့ (၁၉၆၀ ဇန်နဝါရီ ၁၈ ဘွား) သည် မလေးရှားနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး ၂၀၂၁ ခု၊ ဩဂုတ်လမှစ၍ မလေးရှားနိုင်ငံ၏ (၉) ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည်။ [၁] ဘီရာဒိစတြိတ်မှ ရွေးကောက်ခံအမတ်အဖြစ် ပါလီမန်တွင် ၂၀၀၄ ခုကပင် နေရာရခဲ့၏။ ဒိစတြိတ်အဆင့် ပါတီ ၂ ခုကို ပေါင်းထားသည့် စည်းလုံးသောမလေးသားများအမျိုးသားအဖွဲ့ (United Malays National Organization) ပါတီ၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၂၁ ခု၊ ဇူလိုင်လမှ ၂၀၂၁ ခု၊ ဩဂုတ်လအထိ (၁၃) ယောက်မြောက် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ရက် ၄၀ အကြာတွင် ယခုသို့ ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Ismail Sabri appointed 9th prime minister". Malaysiakini. 20 August 2021.