အစု၊ အစို့

ဝီကီပီးဒီးယား မှ

အစု၊ အစို့[ပြင်ဆင်ရန်]

အစုနှင့် အစို့မှာ အဓိပ္ပာယ်ချင်း တူညီသော ဝေါဟာရများဖြစ်၍ အသင်းအဖွဲ့ကို ဆိုလိုသည်။ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် အမှုထမ်းပုံတူသည် လူစုကို အစု၊ သို့မဟုတ် အစို့ဟူ၍ ပိုင်းခြား ဖွဲ့စည်းလေ့ ရှိသည်။ သင်းစု၊ ပင်းစု၊ ရပ်စုကွက်စု၊ အစုအငန်း စသည်တို့မှာ အပေါင်းအစု အနက်ကို ဖော်ပြလျက်ရှိသည်။ ထိုသို့ အမှုထမ်းပုံ တူညီသူများကို အတန်းအစား တစ်မျိုးစီ ခွဲခြား၍ အစုများဖွဲ့စည်းရာတွင် အောက်ပါ အစုများပေါ်ပေါက် ခဲ့သည်။

  • ဝန်စု
  • အမြောက်အစု
  • မှူးစု
  • စိန်အစု
  • ဗိုလ်စု
  • သေနတ်အစု
  • ရုံးဆော်အစု
  • ထားစွဲ၊ လှံစွဲဲအစု
  • ပြော့အစု
  • ယွန်းကောင်ဟန်အစု
  • နေရာချအစု
  • တင်ကျည်းစွဲအစု
  • စာမြောင်အစု
  • လေးအစု
  • ဘုရင့်အစု
  • ဒိုင်းအစု
  • လွှတ်စောင့်အစု
  • ကာအစု
  • ဆင်အစု
  • သင်္ဘောအစု
  • မြင်းအစု
  • သမ္ဗာန်အစု
  • လှေအလျင်အစု
  • သရပတ်အစု
  • ရဲလှေအစု
  • စဏ္ဍာလအစု
  • ခတ်လှေအစု
  • သွေးသောက်စု
  • သဘင်အစု


ထိုအစုများမှာ ဆိုင်ရာလုပ်ငန်းတာဝန် အမျိုးအမည်အလိုက် မှည့်ခေါ်ထားခြင်းဖြစ်၍ အစုသားတို့၏ လုပ်ငန်းတာဝန်မှာ သိသာထင်ရှားပေသည်။ ထိုအစုများတွင် ရေးမှတ် ထမ်းရွက်ရ သူကို စုရေး၊ သို့မဟုတ် အစုရေးမင်းဟု ခေါ်သည်။ အစုကို လက်ကိုင်ပြုလုပ် အုပ်ထိန်းရသော အရာရှိကို စုကိုင်ဟု ခေါ် သည်။ ယင်း အစုများမှ တစ်ပါးသော မင်းမှုထမ်းငယ်များ အစုကို စုသေးစုနုဟု ခေါ်သည်။ အစုတစ်စုတွင် ပါဝင်သူကို အစုသားဟု ခေါ်သည်။ အစု အဖြစ် ကွပ်သိမ်းပေါင်းစည်းရာတွင် ပါဝင်သော အစုသား များကို စိစစ်၍ မှတ်သားရသည်။ အစုသားတို့မှာ အလုပ်တူညီ သော်လည်း အရာအထူး နိမ့်မြင့် မတူချေ။ ဝန်စု အပါအင် ဝန် ၅ဝ မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဆင်ဝန်
  2. အောင်းမဝန်
  3. ဆင်ဖြူဝန်
  4. စီးတော်မြင်းဝန်
  5. စို့လေးဆယ်ဒိုင်းဝန်
  6. ကောင်ဟန်ဝန်
  7. ရွှေပြည်ဝန်
  8. နောက်တော်ပါမြင်းဝန်
  9. ကသည်းမြင်းဝန်
  10. အက္ကပတ်မြင်းဝန်
  11. နန်းဦးမင်္ဂလာမြင်းဝန်
  12. တောင် ရွှေပြည်ရန်အောင်မြင်းဝန်
  13. မြောက် ရွှေပြည်တန်ခွန် ရဲဘက်မြင်းဝန်
  14. ကျုံးဝန်
  15. အုတ်ဝန်
  16. နန်းကံကျွေးဝန်
  17. ယွန်းစုဝန်
  18. သူရဲဝန်
  19. အမြောက်ဝန်
  20. ကျီဝန် (နတ်ထိန်း၊ နန်းအုပ်ဆေးသမား)
  21. အဝေးကျီဝန် (ဘဏ္ဍာတိုက်)
  22. ငွေခွန်ဝန်
  23. ကုဏ္ဏားဝန်
  24. ကုလားဝန်
  25. ကသည်းဝန်
  26. ဆတ္တာဝန်
  27. အရွတ်ဝန်(ကုဋ္ဌနူနာဆိုင်ရာ)
  28. အမွေဝန် (သုသာန်ဆိုင်ရာ)
  29. ဖောင်ဝန် (လှေသမ္ဗန်ဆိုင်ရာ)
  30. မဟာဒါန်ဝန်
  31. ဝတ်မြေဝန်
  32. တံဆိပ်ဝန်
  33. အိမ်ရှေ့ဝန်
  34. သံချက်ဝန်
  35. ဖျန်ချက်ဝန်
  36. ပန်းတဉ်းဝန်
  37. ပန်းပဲဝန်
  38. ဒနက်ပလာဆင်ဝန်
  39. ရွှေတိုက်ဝန်
  40. အချုပ်ဝန်
  41. မြေနန်းဝန်
  42. ခင်မမင်းဝန်
  43. ရေကြည်ဝန်
  44. စားတော်ဝန်
  45. စက်ဝန်
  46. တရုတ်ဝန်
  47. ယိုးဒယားဝန်
  48. တိရစ္ဆာန်ဝန်
  49. သဘင်ဝန်
  50. ပန်းထိမ်ဝန်


ဝင်းဒိုင်း ခုနစ်စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ရှေ့ဝင်း၊
  2. နောက်ဝင်း၊
  3. လက်ယာဝင်း၊
  4. လက်ဝဲဝင်း၊
  5. စို့လေးဆယ်ဒိုင်းဝန်၊
  6. ယွန်းစုဝန်၊
  7. ကောင်ဟန်။


သေနတ် ၁ဝ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. နတ်ရှင်ရွေး၊
  2. တောင်မာရတင်၊
  3. လင်းဇင်း၊
  4. ကင်းတား၊ ကုလားမြို၊
  5. ရွှေပြည်နောက် ဝန်းကျင်၊
  6. သူရဲ၊
  7. တံခါးနီ၊
  8. ဘုန်းတော်ပြည့်၊
  9. ရွှေလှံဗိုလ်၊
  10. ဘုန်းတော်တို


လှေတပ်ဖွဲ့သား ၁ဝ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. လှေသင်းဝန်
  2. ဖောင်ဝန်
  3. လှေသင်းဗိုလ်
  4. လှေသင်းစာရေးကြီး
  5. ထောင်ကဲ
  6. ပဲ့နင်း
  7. ပဲ့ချိတ်
  8. ခကြီး(ထမင်းချက်)
  9. ဦးစီး
  10. တက်စွဲအမှုထမ်း


ဆင်တပ်ဖွဲ့သား ၁ဝ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဆင်ဝန်၊
  2. ဆင်မင်းဝန်၊
  3. အောက်မားဝန်၊
  4. ဒနက်ပလာဝန်၊
  5. ဆင်ဝန်ထောက်၊
  6. ဆင်စာချီ၊
  7. ဆင်လက္ခဏာဖတ်၊
  8. ဆင်ဆေးသမား၊
  9. ဆင်ဦးစီ၊
  10. ဆင်ပဲ့စီး။


မြင်းဘက်ဆိုင်ရာ ဝန် ၁ဝ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. မြင်းစုကြီးဝန်၊
  2. စီးတော်မြင်းဝန်၊
  3. ကသည်းမြင်းဝန်၊
  4. အက္ကပတ်မြင်းဝန်၊
  5. နောက်တော်ပါ မြင်းဝန်၊
  6. ရဲဘက်မြင်းဝန်၊
  7. ရွှေပြည်ရန်အောင် မြင်းဝန်၊
  8. မင်္ဂလာမြင်းဝန်၊
  9. မြင်းသစ်မြင်းဝန်၊
  10. သစ္စာခံမြင်းဝန်
  11. နန်းဦးမင်္ဂလာမြင်းဝန်။


မြင်းတပ်ဖွဲ့သား ခြောက်စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. မြင်းဝန်၊
  2. မြင်းတပ်ဗိုလ်၊
  3. မြင်းစာရေး၊
  4. မြင်းခေါင်း၊
  5. မြင်းစီး၊
  6. မြင်းအမှုထမ်း။


မှူးစု ၁၁ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဝင်းမှူး၊
  2. သူရဲကြီးမှူး၊
  3. ဝေါကြီးမှူး၊
  4. ရတနာထမ်းစင်မှူး၊
  5. ပြော့ကြီးမှူး၊
  6. စမျှောမှူး၊
  7. အဆောင်နီမှူး၊
  8. လှေကားတော်မှူး၊
  9. ရှေ့တော်ပြေးမှူး၊
  10. တင်းတိမ်ယံမှူး၊
  11. ဆီမီးထွန်းမှူး။


ဗိုလ်စာရင်းအမှုထမ်း ၂၂ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. တောင်ထားဝယ်ဗိုလ်၊
  2. မြောက်ထားဝယ်ဗိုလ်၊
  3. တောင်တရာ့ငါးဆယ်ဗိုလ်၊
  4. မြောက်တရာ့ ငါးဆယ်ဗိုလ်၊
  5. ရွှေပြည်မှန်ကင်းဗိုလ်၊
  6. တောင်မာရဖင်ဗိုလ်၊
  7. မြောက်ဖာရဖင်ဗိုလ်၊
  8. ရွှေးလက်ဝဲ ဗိုလ်၊
  9. ရွှေးလက်ယာဗိုလ်၊
  10. လက်ဝဲကြောင်းဗိုလ်၊
  11. လက်ယာကြောင်းဗိုလ်၊
  12. နတ်ရှင်ရွေးဗိုလ်၊
  13. ဘုန်းတော်ပြည့်ဗိုလ်၊
  14. ရွှေလှံဗိုလ်၊
  15. တခါးနီတော်ဗိုလ်၊
  16. လင်းဇင်းဗိုလ်၊
  17. နတ်စုလက်ဝဲဗိုလ်၊
  18. ကင်းထားဗိုလ်၊
  19. နတ်စုလက်ယာဗိုလ်၊
  20. သူရဲဝန်ဗိုလ်၊
  21. ရွှေပြည်ဗိုလ်၊
  22. နောက်ဝန်းကျင်ဗိုလ်။


စစ်ဘက် အမှုထမ်း ၁၁ စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဗိုလ်မှူး၊
  2. ဗိုလ်ချုပ်၊
  3. စစ်ကဲ၊
  4. နာခံ၊
  5. တပ်ရေး၊
  6. ဗိုလ်၊
  7. သေနတ်စာရေး၊
  8. တပ်မှူး၊
  9. သွေးသောက်ကြီး၊
  10. အကြပ်၊
  11. ငယ်အမှုထမ်း၊


အတွင်းခြောက်စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. မြောက်ထားဝယ်၊
  2. တောင်ထားဝယ်၊
  3. တောင်တရာ့ငါးဆယ်၊
  4. မြောက်တရာ့ငါးဆယ်၊
  5. ရွှေပြည်မှန်ကင်း၊
  6. မြောက်မာရဖင်။


အပြင်ခြောက်စုမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. နတ်စုလက်ဝဲ၊
  2. နတ်စုလက်ယာ၊
  3. ရွေးလက်ဝဲ၊
  4. ရွေးလက်ယာ၊
  5. လက်ဝဲကြောင်း၊
  6. လက်ယာကြောင်း။


ယင်းအစုများအပြင် စုသေးစုနု အပါအဝင် အမှုထမ်းများကား အများအပြားပင်ရှိ၍ စာရင်းတိကျ ကောက်ယူခြင်း မရှိပေ။ စုသေးစုနု အပါအဝင် အမှုထမ်းများကား အောက်ပါ အတိုင်း ဖြစ်သည်။

  • စုသေးစုနုပါမှုထမ်းများ
  • ဆင်တိုင်အမှုထမ်း
  • ဆင်ကာ
  • နာရီစောင့်ပုဏ္ဏား
  • သန့်စင်တော်
  • မင်္ဂလာရထား
  • ပန်းပု
  • အချုပ်
  • ဒိုင်းတော်
  • ရွှေဇာယက်
  • အောက်ရောက်လက်သမား
  • ကြေးပန်းထိမ်
  • ဘဏ္ဍာလယ်သမား
  • ဂုန္တာန်ရွှေလုပ်
  • ဆေးရေးပန်းချီ
  • ခဝါတော်
  • နန်းမတော်ဘုရားကျွန်တော်မျိုး
  • ရွှေတိုက်စောင့်
  • သမီးတော်ကျွန်တော်မျိုး
  • မင်းခမ်းတိုက်စောင့်
  • အလုပ်ရုံစက်ရုံအမှုထမ်း
  • စာရင်းတိုက်စောင့်
  • ရွှေတိုက်လက်သမား
  • မြင်းတိုင်မြင်းမွေး
  • ဗိုလ်တရာအမှုထမ်း
  • အဆောင်နီ
  • အတွင်းတော်၊ လွှတ်တော်ခိုင်းပန်းပဲ
  • နန်းကံကျွေး
  • ပန်းချီ
  • လှေကားတော်
  • ရွှေပန်းထိမ်
  • ဆီမီးထွန်း
  • ကုလားပန်းရန်
  • မနော်ရမံအမှုထမ်း
  • စည်တော်
  • ဥယျာဉ်မှူး
  • ပိဋကတ်ပေလုပ်မျဉ်းကိုင်
  • ဒေါနပန်းစိုက်
  • လက်နက်တိုက်အမှုထမ်း
  • ကျီတော်
  • ယွန်းခယာပုံတောင်
  • ယမ်းပြန်ယမ်းတောင်း
  • သညာသည်အစု
  • ဆတ္တာ
  • ယက်ကန်းတော်
  • မင်္ဂလာရွှေမောင်း
  • စမြေ|ာင်
  • နေရာတော်
  • တုရင်
  • ဆင်စွယ်ပွတ်
  • တင်းတိမ်ရံ
  • ရွှေချည်ထိုး
  • စာဆိုတော်
  • ကြယ်ခတ်
  • အငြိမ့်ဝဲယာ
  • ဂုန္တာန်ထိုး
  • ရှေ့တော်ပြေး
  • ကျောက်သွေး
  • မတ္တရာစည်တော်စောင့်
  • သမားကိုင်
  • တောင်ပြုန်းနတ်ထိမ်း
  • ဖြတ်လွှ
  • နွားနို့တော်ဆက်
  • သစ်ပွတ်
  • မြင်းမကား
  • လက်ဆောင်ယူ
  • အနောက်ရွှေချည်ထိုး
  • လွှတ်စောင့်
  • ဆွမ်းတော်ချက်
  • ပြော့နေရာချ
  • မင်းဝံကုလားပျို
  • ပန်းတဉ်း
  • ကျိုင်းအစု
  • အနောက်ဝန်၊ ဝန်စု၊ စုသေး
  • အနောက်ရွှေပန်းထိမ်
  • ဖောင်ပရပတ်
  • ယာဉ်တော်
  • လှေခုတ်လက်သမား
  • တိုက်စောင့်
  • ပဟိုရ်တီး
  • လွှတ်စေလေးတန်း
  • စာပုံနှိပ်
  • လက်ရ
  • ဖွားဘက်ကျော်
  • ခြေကျင်တော်

ကိုးကား[ပြင်ဆင်ရန်]