အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) သည် သုခသိဒ္ဂိရပ်ကွက် ၊ ဇမ္ဗူသီရိမြို့နယ် ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းတွင် တည်ရှိသော အစိုးရနည်းပညာအထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။ အကျယ်အဝန်းမှာဧရိယာ(၄.၅)ဧကခန့်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ မေလ(၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤကျောင်း အဆောက်အဦနေရာသည် မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ရန်ရည်ရွယ် ဆောက်လုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) မှ လွဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။
သင်ကြားပေးလျက်ရှိသောအဓိကဘာသာရပ်များ
[ပြင်ဆင်ရန်]- (က)အဆောက်အဦနည်းပညာသင်တန်း(Building Technology)
- (ခ) လျှပ်စစ်နည်းပညာသင်တန်း(Electrical Technology)
- (ဂ) အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology )
- (ဃ) မော်တော်ယာဉ်နည်းပညာသင်တန်း (Auto Mechanics Technology))
- (င) သုတနည်းပညာသင်တန်း (Information Technology)
- (စ) စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း(Machining Technology)
- (ဆ)ရေခဲသေတ္တာနှင့်လေအေးပေးစက်နည်းပညာသင်တန်း(Refrigeration and Air Conditioning Technology)
အစိုးရနည်းပညာအထက်တန်းကျောင်းကို အခြေခံပညာအလယ်တန်း(အဌမတန်း)အောင်မြင်ပြီးသူများတက်ရောက်နိုင်သည်။