အင်း အိုင် ခါးလှည့်

ဝီကီပီးဒီးယား မှ

အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရားမျိုး ၇-ပါး[ပြင်ဆင်ရန်]

ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။

(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။

(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။

(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်းရသည့်အရာကိုဆိုသည်။

(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။

(၅) မန္တရား - ဩောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊ ဥပမာ ဩောင်း ဒူရေ ဒူရေ သွာဟစသည်မျိုး။

(၆) မန္တန် - ဥုံ အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊ ဥပမာ- ဥုံ စွာရတီကျ မေ မာတာ စသည်မျိုး။

(၇) ဂါထာ - ဥုံ ဩောင်း မပါသော ရွတ်ဆိုမှုမျိုး ပရိတ်ကြီး-စသည်။

အင်းကန်းခြင်း ၇ ပါး[ပြင်ဆင်ရန်]

အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇- ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏။

(၁) နက္ခတ် မမှန်ခြင်း၊

(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊

(၃) အင်းသွား အလှည့် မမှန်ခြင်း၊

(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊

(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊

(၆) အင်းချသူ၏ကိုယ်လက် မသန့် ညစ်ပတ်ခြင်း၊

(၇) ဂါထာဗန္ဓ မမှန်ခြင်း။

အင်းကျိုးခြင်း ၇ ပါး[ပြင်ဆင်ရန်]

အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊

(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊

(၂) စကားပြောခြင်း၊ တေးသီလေချွန်ခြင်း၊

(၃) လူးလည်း၍စီစဉ်ခြင်း၊

(၄) စီရင်မပြီးမီ ထ၍သွားခြင်း၊

(၅) အင်းအုံပြတ်ခြင်း၊

(၆) စတုရန်း ၄-မျက်နှာမျဉ်းမသားမီ အတွင်းမျဉ်းများကိုသားခြင်း၊

(၇) အင်းပေါင်ရွှေ့ခြင်း။

အင်းချသူ အင်္ဂါ ၈ ပါး[ပြင်ဆင်ရန်]

ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည်ဟူ၏။

(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊

(၂) ကောင်းသောအလိုဆန္ဒဝီရိယရှိရခြင်း၊

(၃) ကောင်းမှန်သောအသိဉာဏ်ရှိရခြင်း၊

(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊

(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊

(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊

(၇) မပြီးခင် ခေတ္တခဏမျှထ၍မသွားရခြင်း၊

(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကိုမအောက်မေ့ မတွေးတောရခြင်း။

အင်းပေါက်ခြင်း ၇ ပါး[ပြင်ဆင်ရန်]

ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိဟူ၏၊

(၁) အင်းပေါက်ချင်းမထိစပ်ခြင်း၊

(၂) အင်းပေါင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊

(၃) အင်းချမမှန်ခြင်း၊

(၄) အင်းပေါင်နှင့် အင်းဆန်ထိစပ်နေခြင်း၊

(၅) ဂဏန်းထောင့်မကိုက်ခြင်း၊

(၆) အက္ခရာမပီသမမှန်ခြင်း၊

(၇) အင်းကွက်ချမညီခြင်း။

  • မှတ်ချက်။ ။ အင်းကွက်ကို ဝက်ခေါင်းထိုးလျှင် ကိုက်နေရမည်ဟူ၏။

အင်း “နဝ”ဖို့တည်၊ အဝပြည်၊ ကိုးမည် အင်းတို့ အဘယ်နည်း[ပြင်ဆင်ရန်]

သဘင်ဝန်ဦးသော်မေး၍ တောင်ဖီလာဆရာတော်ဖြေမှတ်တမ်း ကဗျာနှင့် အင်းဝမြို့ဓာတ်ပေါင်းမ ဉ္ဇူဘုရား ကျောက်စာတော် တို့မှ ထုတ်ယူဖြေကြားလိုက်သည်။ ထိုမြို့ကို သက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားက အောက်ပါအင်းများကိုဖြည့်ဖို့ တည်ထောင်သည်ဟူ၏၊

(အင်းနဝ အင်းဝ၊ ယခုသော် အဝ) ခေါ်ကြ သည်။

(၁) ရွှေကြာပင်အင်း၊ (၂) ဇနီးအင်း၊ (၃) ညောင်စောက်အင်း၊ (၄) ဝက်ချေးအင်း၊ (၅) အုန္နဲအင်း၊ (၆) အင်းမ အင်း၊ (၇) လင်းစံအင်း၊ (၈) ဘေးမဲ့အင်း၊ (၉) ဝမ်းဘဲအင်း။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  • သုတေသန သရုပ်ပြ အဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော်