အင်မနျူရယ် ကန့်

ဝီကီပီးဒီးယား မှ
အီမန်နျူရယ် ကန့်
မွေးဖွား(၁၇၂၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-၂၂)၂၂ ဧပြီ၊ ၁၇၂၄
ကင်းနစ္စဗတ်, ပရပ်ရှား ဘုရင့်နိုင်ငံ( ယခု ကာလင်နင်ဂရတ်, ရုရှား)
ကွယ်လွန်၁၂ ဖေဖော်ဝါရီ၊ ၁၈၀၄(၁၈၀၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၂) (အသက် ၇၈)
ကင်းနစ္စဗတ်, ပရပ်ရှား
ဌာနေကင်းနစ္စဗတ်, ပရပ်ရှား
နိုင်ငံလူမျိုးပရပ်ရှားနိုင်ငံသား
ခေတ်(၁၈)ရာစု ဒဿနိကဗေဒ
ဒေသအနောက်တိုင်းဒဿနိကဗေဒ
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)
  • ကန့်ဝါဒ
  • ဉာဏ်အလင်းခေတ်
အဓိက စိတ်ဝင်စားရာ
  • သိမှုဗေဒ
  • တက္ကိကဗေဒ
  • ကျင့်ဝတ်
  • Cosmogony
မှတ်သားလောက်သည့် အတွေးအကြံ
  • Categorical imperative
  • Transcendental idealism
  • Synthetic a priori
    • Noumenon
    • Sapere aude
  • Nebular hypothesis
လက်မှတ်


နာမည်ကျော် ဂျာမန်လူမျိုး ယထာဘူတကဝိကြီး အီမနျူရယ် ကန့်သည် ၁၇၂၄ခု ဧပြီလ ၂၂ရက်နေ့၌ အရှေ့ပရပ်ရှားပြည်၊ ကေးနစ္စဗတ်မြို့တွင် ဖွားမြင်သည်။ အဖိုးဖြစ်သူမှာ စကော့တလန် ပြည်မှ ပြောင်းရွေ့လာခဲ့သူ ဖြစ်၍ ဖခင်ဖြစ်သူမှာ ထိုမြို့တွင် မြင်းကုန်းနှီးကကြိုးတန်ဆာများ လုပ်ကိုင်ရောင်းချသူ ဖြစ်၏။ ကန့်အား အသက် ၁၀နှစ်သား လောက်တွင် သီယိုလိုဂျီခေါ် ဗြဟဒေဝ ဗေဒကို လေ့လာရန်အတွက် ကျောင်းသို့ ပို့ခဲ့၏။ သို့သော် ထိုစဉ်က သူသည် ဂရိနှင့် လက်တင်စာပေ တို့ကို အထူးလေ့လာခဲ့ရာ အလားအလာများစွာ ရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရ သည်။ ၁၇၄၀ပြည့်နှစ်၌ တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည့်အခါတွင်လည်း ကန့်သည် သင်္ချာဘာသာနှင့် ရူပဗေဒဘာသာရပ်များ၌ ပိုမိုစိတ်ဝင်စားခဲ့သည်။ ယင်းသို့ ပညာကို ရှာမှီးနေဆဲ တွင် သူ၏ဖခင်သည် ၁၇၄၆ခုနှစ်၌ ကွယ်လွန်သွားခဲ့သဖြင့် ကန့်သည် ဆရာတစ်လှည့်၊ ကျောင်းသား တစ်လှည့်ဖြင့် ပညာကို ဆက်လက်သင်ကြားခဲ့ရသည်။ တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ဆွတ်ခူးပြီးနောက် ၁၅နှစ်မျှ အလွတ်ပြ ဆရာအဖြစ် အသက်မွေးခဲ့သည်။ ထိုအတောအတွင်း သူ၏နာမည်မှာ စာရေး ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ကထိကအဖြစ်ဖြင့်လည်းကောင်း တဖြည်းဖြည်းထင်ရှားလာခဲ့၏။ ကေးနစ္စဗတ်တက္ကသိုလ်တွင် ပါမောက္ခရာထူးရရှိရန် ၂ကြိမ်မျှ ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ခေျ။ သို့သော် အခြားတက္ကသိုလ်များက သူ့အား ပါမောက္ခရာထူး၌ ခန့်အပ်ရန် စကားကမ်းလှမ်းကြသည် ကိုလည်း ကန့်သည် လက်မခံခဲ့ပေ။ ၁၇၇၀ပြည့်နှစ်တွင် ကေးနစ္စဗတ်တက္ကသိုလ်၌ တက္ကဗေဒနှင့် အနု မာနယထာဘူတ ပညာရပ်ဆိုင်ရာ ပါမောက္ခရာထူးကို ရရှိလေသည်။ ထိုရာထူးတွင် ၂၇နှစ်မျှ အမှု ထမ်းခဲ့၏။

ထိုသို့ မိမိစိတ်ကြိုက်ရာထူးကို ရခဲ့ပြီးနောက် ကန့်သည် တပည့်တို့အား တက္ကဗေဒနှင့် အနုမာနယ ထာဘူတပညာတို့ကို သင်ကြားပို့ချရာ၌ သူ၏အယူအဆ၊ သဘောထားများကို ထည့်သွင်း သင်ကြားပို့ချပေးခဲ့သည်။ ထို့ပြင် ထိုပညာရပ်များဆိုင်ရာ စာအုပ်စာတမ်းများကို ရေးသားခဲ့ရာတွင် လည်း သူ၏အယူအဆသဘောတရားများကို ထည့်သွင်းဖော်ပြခဲ့၏။ ကန့် ရေးသားခဲ့သော စာအုပ် များမှာ အလွန်ခက်ခဲနက်နဲလှသဖြင့် သာမန်လူများ သဘောပေါက် နားလည်နိုင်မည်မဟုတ်ခေျ။ သို့ သော် ကန့်၏စာအုပ်များမှာ ကမ္ဘာကျော်စာအုပ်များဖြစ်ပေသည်။ ၁၇၈၁ခုနှစ်တွင် သူ၏အကောင်းဆုံးလက်ရာဖြစ်သော ဒကရစ်တစ် အော့ ပျူးဝါး ရီးဇင်း ခေါ် စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၏။ ထိုစာအုပ်မှာ သူ၏စာအုပ်များ အနက် အခက်ဆုံးနှင့် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးစာအုပ်ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀၀အတွင်း ထုတ်ဝေခဲ့သော ယထာဘူတပညာရပ်ဆိုင်ရာ ကျမ်းများတွင် ထိပ်တန်းမှနေသော ကျမ်းဖြစ်၍ ယင်းကို ယခုတိုင် လူအများဖတ်ရှု့လေ့လာနေကြဆဲဖြစ်၏။ ထိုစာအုပ်သည် အခြားသော ယထာဘူတကဝိမျာက စဉ်းစားဆင်ခြင် တိုင်းထွာခြင်းဖြင့် မည်ရွေ့မည်မျှ သိရှိနိုင်သည်ဆိုသော အချက်ကို ဝေဖန်ပြခဲ့လေ သည်။ သူ၏သဘောအရ ထာဝရဘုရားရှိသည်ဆိုသော အချက်ကဲ့သို့သော အချက်မျိုးများကို မည်သည့် အခါမျှ သက်သေထုတ်၍ မပြနိုင်၊ စဉ်းစား ဆင်ခြင်ရန်လည်း ဉာဏ်မှီနိုင်မည် မဟုတ်ဟု ဆို၏။ သို့သော် ယင်းတို့ကို မဟုတ်ဟုလည်း မဆိုနိုင်ဟု ဆိုထားပြန်၏။ သူ့သဘောအရဆိုသော် ထိုကဲ့သို့သော အချက်များကို စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ယုံကြည်ချက်ဖြင့်သာ သိထားရသည်ဟု ဆိုလေသည်။ ကန့်၏ ယထာဘူတပညာကို လေ့လာလိုက်စားလိုသူများသည် ကတ္ကဗေဒနှင့် အနုမာန ယထာဘူတပညာရပ်ကို အတန်ပင် ခေါက်မိထားရပေမည်။ ထို့ပြင် ကန့်၏ နက်နဲသော အယူအဆများကို သဘောပေါက်နိုင်ရန် မူလ ဂျာမန်စာကိုယ်ကို ဖတ်ရှုသင့်သည်ဟု ဆိုလေသည်။

ကန့်နှင့်စပ်လျဉ်းသည့် ထူးခြားချက်တစ်ရပ်မှာ ကန့်သည် နေရင်းအရပ်မှ တခါမျှခွာ၍ ခရီးဝေး မထွက်ခဲ့ဘူးခြင်းပင်ဖြစ်သည်။ ကန့်သည် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်ကဲ့သို့ မှန်မှန်ဆောင်ရွက်ခဲ့သူဖြစ်၍ ထိုမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီးမှ နာရီသည် သူ့လောက် အချိန်မှန်မည် မဟုတ်ဟု ဆိုကြ၏။ နေ့စဉ် နံနက် ၅နာရီ တွင် သူ၏အစေခံက လာရောက်နှိုးသည်။ အနှစ် ၃၀အတွင်း ထိုသို့ လာနှိုးသည့် အခါတိုင်း တစ်ခါမျှ မထဘဲ မနေခဲ့ခေျ။ ၂နာရီ စာဖတ်၍ ၂နာရီ စာပို့ချ၏။ ထို့နောက် ၁နာရီခန့် စာဖတ်ကာ ရေးစရာရှိသည်တို့ကို ရေးလျက် ဟိုတယ်တစ်ခုခုတွင် ညနေစာစားသည်။ ညနေစာစားယင်း မိတ်ဆွေများနှင့် တွေ့ဆုံစကားပြောသည်။ ကန့်မှာ စကားပြောကောင်းသူဖြစ်၍ မကြာခဏ လူစုလူဝေး ကောင်းလာသဖြင့် ဟိုတယ်မကြာခဏ ပြောင်းကာ ညနေစာ စားသောက်ရသည်။ ညနေ၄နာရီခွဲတွင် လမ်းလျှောက်ထွက်သည်။ သူသည် ညနေစာစားပြီးတိုင်း နေပူ မိုးရွာ မရှောင် နေ့စဉ် အချိန်မှန် လမ်းလျှောက်ထွက်လေ့ရှိသည်။ မည်မျှ အချိန်မှန်သနည်းဆိုသော် သူ လမ်းလျှောက်ထွက်လာသည်ကို တွေ့သောအခါ ကေးနစ္စဗတ်မြို့သူ မြို့သားများသည် သူတို့၏နာရီများကို အချိန်တိုက်လေ့ရှိသည်ဟုပင် ဆိုကြသည်။ ကန့်သည် အသက်ထက်ဆုံး အိမ်ထောင်မပြုဘဲ နေခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ စာမျက်နှာ ၃၅၃/>