အင်ဒပ်စထရီ ၄.၀

ဝီကီပီးဒီးယား မှ
စက်မှုတော်လှန်ရေး နှင့် အနာဂတ်

အင်ဒပ်စထရီ ၄.၀ (Industry 4.0) ဆိုသည်မှာ ကုန်ထုပ်လုပ်ရေး နည်းပညာများ၌ လက်ရှိ ဖြစ်ပေါ်နေသော အော်တိုမေးရှင်းနှင့် အချက်အလက် ဖလှယ်ခြင်း တို့ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းတွင် ဆိုင်ဘာ-ရူပစနစ်အင်တာနက်ချိတ်ဆက် ပစ္စည်းများမိုးတိမ်ကွန်ပျူတင်း[၁][၂][၃][၄] နှင့် သိမြင်မှု ကွန်ပျူတင်း တို့ ပါဝင်သည်။ အင်ဒပ်စထရီ ၄.၀ အားအများစုက စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟု အမည်ပေးထားကြသည်။

အင်ဒပ်စထရီ ၄.၀ သည် "စမတ်ကျသော စက်ရုံ" ဟု ခေါ်သော အရာကို ဖန်တီးပေးသည်။ စမတ်ကျသော စက်ရုံ၏ အပိုင်းလိုက် ခွဲခြားထားသော အစိတ်အပိုင်းများတွင်၊ ဆိုင်ဘာ-ရူပစနစ်သည် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စောင့်ကြည့်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ ပုံတူကို ဆော့ဖ်ဝဲလ်စနစ် အတွင်း ဖန်တီးပြီး တစ်နေရာတည်းမှ ဆုံးဖြတ်ချက်ချခြင်း မဟုတ်ဘဲ နေရာပေါင်းများစွာမှ ဆုံးဖြတ်ချက်ချခြင်းကို လုပ်ဆောင်သည်။ အင်တာနက်ချိတ်ဆက် ပစ္စည်းများ ပေါ်တွင် ဆိုင်ဘာ-ရူပစနစ်များသည် အချင်းချင်း အတွင်းထဲတွင် ဆက်သွယ်ကြသလို အဖွဲ့အစည်းတလျှောက်တွင်လည်း ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ကြပြီး လူသားများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြသည်။.

ကိုးကား[ပြင်ဆင်ရန်]

  1. Hermann, Pentek, Otto, 2016: Design Principles for Industrie 4.0 Scenarios, accessed on 4 May 2016
  2. Jürgen Jasperneite:Was hinter Begriffen wie Industrie 4.0 steckt Archived 1 April 2013 at the Wayback Machine. in Computer & Automation, 19 December 2012 accessed on 23 December 2012
  3. Kagermann, H., W. Wahlster and J. Helbig, eds., 2013: Recommendations for implementing the strategic initiative Industrie 4.0: Final report of the Industrie 4.0 Working Group
  4. Heiner Lasi, Hans-Georg Kemper, Peter Fettke, Thomas Feld, Michael Hoffmann: Industry 4.0. In: Business & Information Systems Engineering 4 (6), pp. 239-242