အင်တာနက် ပိတ်ဆို့မှုကို ကျော်လွှားခြင်း

ဝီကီပီးဒီးယား မှ

အင်တာနက် ဆင်ဆာပြုလုပ်ခြင်း၏ နည်းပညာရပ်များကို အသုံးပြုသူများ ရှောင်ရှားနိုင်ရန် အရင်းအမြစ်အချို့ ရှိသည်။ ဖြေရှင်းရာနည်းလမ်း တစ်ခုစီသည် အခြားနည်းလမ်းများနှင့် အသုံးပြုမှုလွယ်ကူခြင်း၊ အမြန်နှုန်းနှင့် လုံခြုံရေး တို့တွင် ကွဲပြားခြားနားကြသည်။ သို့သော် အများစုမှာ စစ်ထုတ်ထားသောအကြောင်းမပါပဲ အင်တာနက် ဆက်သွယ်မှုရရှိခြင်းအပေါ် မူတည်ပါသည်။ ၎င်းမှာ တူညီသည့် ဆင်ဆာပြုလုပ်ခြင်း ဥပဒေများကို အခြေမခံဘဲ ကွဲပြားသော ထိန်းချုပ်မှုများ မကြာခဏ ဖြစ်တတ်သော စစ်ထုတ်ခြင်းကို မူတည်မှုမရှိပါ။ ဤသည်မှာ အင်တာနက် ဆင်ဆာပြုလုပ်ခြင်းတွင် ရှိရင်းစွဲ ပြဿနာဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆင်ဆာပြုလုပ်ခြင်းမရှိသော အများသုံးစနစ် တစ်ခု ရှိမည်ဆိုပါက ဆင်ဆာပြုလုပ်ထားသော အချက်အလက်များကို ရယူရန် ဖြစ်နိုင်ပါလိမ့်မည်။

=== ပရောက်ဆီ ဝက်(ဘ်)ဆိုဒ် များ ===

ပရောက်ဆီ ဆာဗာ(Proxy

server)

proxy website များသည် ဆင်ဆာပြုလုပ်ခြင်း ခံရသော နိုင်ငံများတွင် တားမြစ်ထားသော website များကို ဆက်သွယ်ဝင်ရောက်ရန် အရိုးရှင်းဆုံးနှင့် အမြန်ဆုံး နည်းလမ်းဖြစ်သည်။ ထိုသို့သော website များသည် ပိတ်ပင်ခြင်းမခံရအောင်သူတို့ကိုယ် သူတို့ပြုလုပ်ထားပြီး ၎င်းတို့အထဲတွင်မူ ပိတ်ပင်ထားသော အရာများကို ဖော်ပြထားနိုင်သည်။ URL လိပ်စာကို ထည့်သွင်းကာ ပproxy website က ယူဆောင်ဖော်ပြပေးခြင်းအားဖြင့် ပိတ်ပင်ထားသော website များကို ကြည့်ရှုနိုင်သည်။ https protocol သည် လျှို့ဝှက်ကုတ်ကို အသုံးပြုသဖြင့် ပိတ်ဆို့ရန် ပိုမို ခက်ခဲသောကြောင့် ပproxy များက ၎င်းကို အသုံးပြုရန် အကြံပေးကြသည်။

Ultrasurf[ပြင်ဆင်ရန်]

Ultrareach ကို သတင်းစိစစ်ဖြတ်တောက်ခြင်းကို ဆန့်ကျင်သည့်ဆော့ဖ်ဝဲအဖြစ် ဖန်တီးခဲ့ပြီး Ultrasurf ဟုလည်းသိကြသည်။ ultrasurf ကို ဒီမှာ Archived 17 July 2011 at the Wayback Machine.ဆွဲချရယူနိုင်ပြီးဝင်းဒိုး တွင်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားသည်။ အသုံးပြုသူတစ်ဦးက ဆွဲချရယူရုံဖြင့် (တပ်ဆင်ထားရန်မလိုအပ်ပေ) ကွန်ပျူတာတွင်အသုံးပြုနိုင်သည်။ ၎င်းသည် အခမဲ့ဆော့ဖ်ဝဲ ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာတို့နှင့် ရရှိနိုင်သည်။ ၎င်းကို တစ်ကြိမ်စတင်ပြီးလျှင် ဆော့ဖ်ဝဲသည် အိုင်အီး ကို အလိုအလျောက် ပွင့်စေပြီး လိုအပ်သော အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်ပြီးမှ ဆော့ဖ်ဝဲကို အသုံးပြုနိုင်မည်ဖြစ်သည်။ အခြားအင်တာနက်စောင့်ကြည့်စနစ်များ (browsers) တွင် မိမိ ကိုယ်တိုင် အချက်အလက်များ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ဆက်သွယ်မှုများကို ဝှက်စာအသုံးပြုမည်ဖြစ်ပြီး၊ မပိတ်ဆို့ထားသော လိပ်စာများကိုလည်း နည်းပညာစုံသုံးကာ ရှာဖွေမှု လုပ်ဆောင်ထားသည် ultrasurf သည် အခြားသူများကိုယုံကြည်လိုသော သာမန်သုံးစွဲသူများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပြီး လက်ခံနိုင်သော အမြန်နှုန်း ကိုလည်း အခမဲ့ရရှိစေသည်။ အချို့နိုင်ငံများတွင် ultrareach ဝက်ဘ်ဆိုဒ်ကို ပိတ်ဆို့ထားပြီးဖြစ်ပါလိမ့်မည်။ ထိုအခါ သုံးစွဲသူအနေဖြင့် ထိုဆော့ဖ်ဝဲကို တစ်စုံတစ်ယောက်ထံမှ ရယူရန်လိုအပ်သည်။ ဝက်ဘ်ဆိုဒ်ကို ပိတ်ဆို့ထားခဲ့သောငြားလည်း ဝန်ဆောင်မှုများကိုမူ ရယူသုံးစွဲနိုင်ပါလိမ့်မည်။ မပိတ်ဆို့ထားသော IP လိပ်စာများကို နည်းမျိုးစုံဖြင့် ရှာဖွေရယူပေးပါလိမ့်မည်။ သို့သော်လည်း တိကျသေချာစွာ စိစစ်နေမည်ဆိုပါက ပိတ်ဆို့ကောင်းပိတ်ဆို့နိုင်လိမ့်မည်ဖြစ်သည်။ [၁]

ဂျာဗား အနွန် ပရောက်ဆီ (Java Anon Proxy)[ပြင်ဆင်ရန်]

ဂျာဗား အနွန် ပရောက်ဆီ သည် လုပ်ဆောင်ခြင်းစနစ် OS အားလုံးတွင် အသုံးပြုနိုင်သော အမည်မပေါ်အောင် ပြုလုပ်ပေးသည့် ခိုင်မာသည့် အခမဲ့ open source ဆော့(ဖ်)ဝဲ ဖြစ်သည်။ ၂၀၀၄ ခုနှစ် အထိ ၎င်းတွင် ပိတ်ဆို့မှုကို တွန်းလှန်နိုင်သော လုပ်ဆောင်ချက်များလည်း ပါဝင်သည်။ ဆော့(ဖ်)ဝဲ၏ အခြားအသုံးပြုသူများမှ တဆင့် ၎င်းကို အသုံးပြုခြင်း (သုံးစွဲသူကို ထပ်ဆင့်ပို့လိုက်ခြင်း) ဖြင့် အသုံးပြုသူကို အခြေခံ လျှို့ဝှက်ဝန်ဆောင်မှု AN.ON ၏ ပိတ်ဆို့ခြင်းမှ ရှောင်ရှားနိုင်စေသည်။

ပို့လွှတ်သော ဆာဗာတစ်ခုကို ပေးသော JAP အသုံးပြုသူများ၏ လိပ်စာများကို AN.ON ၏ InfoService ကွန်ယက်သို့ အလိုအလျောက် ဆက်သွယ် ရယူခြင်းဖြင့် သော်လည်းကောင်း၊ အကယ်၍ ဤကွန်ယက်သည်လည်း ပိတ်ဆို့ခံထားရပါက ဤ InfoService များထဲမှ တစ်ခုခုထံသို့ အီးမေးလ် ရေးခြင်းဖြင့်သော်လည်းကောင်း ရရှိနိုင်သည်။ အသုံးပြုသူက CAPTCHA ကို ဖြည့်စွက်ပြီးသည်နှင့် JAP ဆော့(ဖ်)ဝဲသည် အလိုအလျောက် အဖြေကို လျှို့ဝှက်ကုတ်ဖော်ပေးသည်။ ယခုအခါ ဖန်တီးပြုလုပ်သူများက [ကိုးကားရန်လိုသည်] ထပ်မံဖြည့်စွက်ထားသော၊ ပို၍ပင် ခိုင်မာသော ပိတ်ဆို့မှုကိုတွန်းလှန်သည့် လုပ်ငန်းများကို ပေါင်းထည့်ရန် စီစဉ်နေကြသည်။

ပုဂ္ဂလိက ကွန်ယက် ယောင်များ (Virtual Private Networks (VPNs))[ပြင်ဆင်ရန်]

အင်တာနက် ဆင်ဆာပြုလုပ်ခြင်းခံရသော အသုံးပြုသူသည် ပုဂ္ဂလိက ကွန်ယက်ယောင် များကို အသုံးပြုခြင်းဖြင့် ပို၍လွတ်လပ်မှုရှိသော နိုင်ငံသို့ လုံခြုံစိတ်ချရသည့် ဆက်သွယ်မှုကို ဖန်တီးနိုင်ပြီး ထိုနိုင်ငံတွင် နေထိုင်အသုံးပြုနေသကဲ့သို့ အင်တာနက်ပေါ်တွင် သွားလာကြည့်ရှုနိုင်သည်။ အချို့မှာ လစဉ်ကြေးဖြင့် ဝန်ဆောင်မှုများ ပေး၍ အချို့ဝန်ဆောင်မှုများကို ကြော်ငြာများကထောက်ပံ့ကြသည်။

ဆီဖွန် (Psiphon)[ပြင်ဆင်ရန်]

Psiphon software သည် တရုတ်နိုင်ငံကဲ့သို့ ဆင်ဆာပြုခြင်းခံရသော နိုင်ငံများတွင် အသုံးပြုသူများကို Wikipedia ကဲ့သို့သော တားမြစ် website များကို ဆက်သွှယ် ရရှိနိုင်စေသည်။ ဝန်ဆောင်မှု ရရှိရန် software ကို အင်တာနက်ကို ဆက်သွယ် အသုံးပြုရာတွင် ဆင်ဆာပြုခြင်း မခံရသော ကွန်ပျူတာတွင် တပ်ဆင်ရန် လိုအပ်သည်။ ထိုနည်းအားဖြင့် ကွန်ပျူတာသည် ဆင်ဆာပြုလုပ်ခြင်း ခံရသော ပတ်ဝန်းကျင်ရှိ အသုံးပြုသူများ အတွက် ကိုယ်စားလှယ် proxy အဖြစ် အလုပ်လုပ်နိုင်မည် ဖြစ်သည်။ ဖြစ်သည်။

I2P[ပြင်ဆင်ရန်]

I2P သည် အမည်မဖော်ပဲ ဝက်(ဘ်)ဆိုဒ်များ ကြည့်ရှုခြင်း၊ စကားပြောခြင်း၊ ဘလော့ဂ် ရေးသားခြင်းနှင့် ဖိုင်ပို့ခြင်း တို့အတွက် အသုံးပြုနိုင်သော open source ဆော့(ဖ်)ဝဲ ဖြစ်သည်။

Tor[ပြင်ဆင်ရန်]

Tor သည် အသုံးပြုသူများကို အမည်မဖော်ပြစေရန် ခိုင်မာစွာအာမခံလျှက် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းမှ လမ်းလွှဲပြောင်းနိုင်ရန် အခမဲ့ ဆော့(ဖ်)ဝဲ အသုံးပြုမှု တစ်ခု ဖြစ်သည်။

ဝက်ဘ် တောင်းဆိုမှုများကို ပြောင်းလဲဆက်သွယ်စေခြင်းနှင့် စကားဝှက်များ ပေါင်းစပ်အသုံးပြုစေခြင်းဖြင့် မည်သည်နေရာမှ လာသည်၊ မည်သည်နေရာသို့ သွားမည်ကို ကိရိယာများဖြင့် ကွန်ယက်အတွင်းမှ မမှန်းဆနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ အမည်ဝှက်ခြင်းကို အရေးကြီးလိုအပ်သူများအတွက် ရွေးချယ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် မည်သို့ ဆက်သွယ်မှုများပြုလုပ်သည်ကို Tor ကွန်ယက်ကိုသုံးစွဲနေသူအား ရှာဖွေရခက်ခဲသောကြောင့်ဖြစ်သည်။ Tor သည် လျှို့ဝှက်သွယ်တန်းခြင်းကို ကွန်ယက်အတွင်း တိုက်ရိုက်စကားပြောခြင်း နှင့် အီးမေးလ် စသောဆော့ဖ်ဝဲများအတွက် အခြားပုံစံမျိုးစုံဖြင့် ဆက်သွယ်မှုများကို ပံ့ပိုးပေးထားသည်။ ထိုဆော့ဖ်ဝဲတွင်ပါသော ထူးခြားမှုတစ်ခုမှာ ကွယ်ဝှက်မှုဝန်ဆောင်ခြင်း hidden services သုံးစွဲသူများ အမည်ဝှက်ကာ ကိုယ်ပိုင်ဝက်ဘ် စာမျက်နှာများ ရေးသားတင်ပြခြင်းကို Tor မှတဆင့် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ထိုဆော့ဖ်ဝဲစုကို ကူးယူသုံးစွဲရမည်ဆိုပါက အများသုံးစွဲသောနေရာများတွင် သုံးစွဲခြင်းနှင့် ကွန်ပျူတာအတွင်း ရှာဖွေဖမ်းဆီးနိုင်သောအနေအထားရှိသည့် သုံးစွဲသူများအတွက် မသင့်တော်ပါ။ ဘာသာစကားမျိုးစုံဖြင့်ရယူနိုင်ပြီး လူအများ တီထွင်ရေးသားနိုင်ရန် ပံ့ပိုးထားသည်။ အလွန်ကောင်းမွန်သော လုပ်ဆောင်မှု အဖွဲ့အစည်းနှင့် စာရွက်စာတမ်းများ ကိုလည်း ရရှိနိုင်သည်။ တပ်ဆပ်မှုများလုပ်ဆောင်ပြီးသောအခါ၊ ဝန်ဆောင်မှု စတင်မည် ဖြစ်သည်။ Firefox browser ကိုပိုမိုဦးစာပေးရွေးချယ်ပါသည်။ Torbutton ကို တွေ့မြင်နိုင်ပြီး လွယ်ကူစွာဖြင့် ဖွင့်ခြင်း၊ ပိတ်ခြင်းများကို လုပ်ဆောင်နိုင်သည်။ အခြား အင်တာနက် ကြည့်သော ဆော့ဖ်ဝဲများတွင် ကိုယ်တိုင် ပြောင်းလဲလုပ်ဆောင်မှုများ လိုအပ်သည်။ Tor သည်ကျော်လွှားခြင်းနည်းပညာအား လုံခြုံမှုအရေးကြီးသော နည်းပညာကျွမ်းကျင်သူများ ဆော့ဖ်ဝဲအမျိုးမျိုးကို မမြန်သောနှုန်းဖြင့် အသုံးပြုနိုင်ပေသည်။ Tor ဝက်ဘ်ဆိုဒ်ကို ပိတ်ဆို့ထားမှုများ တခါတရံ နိုင်ငံအချို့တွင် ရှိနိုင်သော်လည်း ဝန်ဆောင်မှုများကိုမူ ရယူသုံးစွဲနိုင်ပါလိမ့်မည်။ တိကျသေချာစွာ စိစစ်သော နိုင်ငံများတွင့် ပိတ်ဆို့နိုင်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ပရိုဂရမ်ရေးသားသူများသည် ပိုမိုကောင်းမွန်သော ကျော်လွှားခြင်းနည်းပညာများ ကိုဆက်လက် ရေးသားနေပါသည်။ များပြားသော Router များကို ဖြတ်သန်းရသောကြောင့် အင်တနက်ကို Tor ဖြင့်သုံးစွဲခြင်းသည် နှေးကွေးနေမည်ဖြစ်သည်။ Tor ကို အသုံးပြုမည်ဆိုပါက ကွန်ပျူတာ တတ်ကျွမ်းသူများအတွက်သာဖြစ်ပြီး စတင်အသုံးပြုသူများအတွက် မသင့်တော်ပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အင်တာနက် စိစစ်ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထုလက်စွဲ (PDF)။ The Citizen Lab The University of Toronto။