အင်ဂျင်ခန်း

ဝီကီပီးဒီးယား မှ
ကုန်တင်သင်္ဘော၏ ပင်မအင်ဂျင်ခန်း

သင်္ဘောပေါ်ရှိ အင်ဂျင်ခန်း (Engine Room) သို့ ER သည် သင်္ဘောတစ်စီးလုံး ရွေ့လျားသွားလာနိုင်ရန် စက်ပစ္စည်းများ ထည့်သွင်းထားသော နေရာတစ်ခုဖြစ်သည်။ သင်္ဘော၏ လုံခြုံမှုနှင့် ဘေးအန္တရာယ် ကျရောက်မှုတို့ကို ပိုမိုကြံကြံခံနိုင် စေရန်အတွက် စက်ပစ္စည်းများကို နေရာသတ်မှတ်၍ ခွဲခြားထားရသည်။ အင်ဂျင်ခန်းသည် ထိုနေရာများထဲမှ တစ်ခုဖြစ်ပြီး စက်ပစ္စည်းအများဆုံး နေရာတစ်ခုလည်းဖြစ်သည်။ အင်ဂျင်ခန်းသည် သင်္ဘောကိုရွေ့လျားစေရန် အဓိက စက်မကြီး (Main Engine) ကို အခြေပြု၍ တည်ဆောက်ထားသည်။ တချို့သော သင်္ဘောများတွင် အင်ဂျင်ခန်းကို တစ်ခုထက်ပို၍ တွေ့ရတက်သည်။ အရှေ့အင်ဂျင်ခန်း၊ အနောက်အင်ဂျင်ခန်း (Forward and aft) သို့မဟုတ် ဘေးဘယ်ညာအင်ဂျင်ခန်း (port and starboard) သို့မဟုတ် အင်ဂျင်ခန်း ၁ အင်ဂျင်ခန်း ၂ စသည်ဖြင့် တွေ့ရတတ်သည်။

အင်ဂျင်ခန်းကို သဘော်အများစုတွင် အနောက်ဘက် အောက်ဆုံးတွင် တွေ့ရတတ်သည်။ ထိုပုံစံသည် ကုန်စည်သယ်ဆောင်မည့် နေရာကို ပိုမိုရရှိစေနိုင်သည်။ တချို့ သင်္ဘောများတွင် အင်ဂျင်ခန်းသည် သင်္ဘော၏ အလည်တွင်တည်ရှိကြသည်။ များသောအားဖြင့် ၁၉၀၀ နှင့် ၁၉၆၀ ခုနှစ်များ ကြားတည်ဆောက်ထားသော သဘော်များတွင်တွေ့ရ တတ်သည်။ ယခုနောက်ပိုင်းတွင် Diesel electric propulsion package များပေါ်ပေါက်လာသည်နှင့် အမျှ အင်ဂျင်ခန်းကို သင်္ဘော၏ ပုံစံပေါ်မူတည်၍ တည်ဆောက်ကြသည်။

အင်ဂျင်ခန်းရှိ အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

အင်ဂျင် (Engine)[ပြင်ဆင်ရန်]

မော်တာသင်္ဘော (Motor Vessel) တစ်စီး၏ အင်ဂျင်ခန်းတွင် အမျိုးမျိုးတာဝန်ထမ်းဆောင်နိုင်သော အင်ဂျင်အများအပြားပါရှိသည်။ စက်မကြီး သို့မဟုတ် အဓိကအင်ဂျင် (Main, or propulsion engine) များသည် သင်္ဘောတစ်စီး၏ ပန်ကာ (propeller) ကို လှုပ်ရှားစေပြီး သင်္ဘောကိုရေပေါ်တွင် လှုပ်ရှားသွားလာနိုင်ရန်ပြုလုပ်ပေးသည်။ အင်ဂျင်များတွင် ပုံမှန်အားဖြင့် ဒီဇယ် (Diesel oil) သို့မဟုတ် ဆီကြမ်း (Heavy fuel oil) တို့ကို လောင်ကြွမ်းခြင်းအားဖြင့် လည်ပတ်လှုပ်ရှားကြသည်။ တချို့အင်ဂျင်များတွင် နှစ်မျိုးစလုံးကို လှည့်လည်အသုံးပြုနိုင်သည်။ မော်တာသင်္ဘောတစ်စီး လည်ပတ်စေရန် နည်းလမ်းများစွာ ရှိသည်။ တချို့မှာ အင်ဂျင်များဖြင့်လည်ပတ်စေခြင်း (multiple engines and propellers) နှင့် ဂီယာများဖြင့် လည်ပတ်စေခြင်း (Gearbox arrangement) တို့ဖြစ်ကြသည်။

သင်္ဘော၏ လျှပ်စစ် စနစ်တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်သော အင်ဂျင်ဖြင့်မောင်းနှင်သည့် လျှပ်စစ် ဂျင်နရေတာ(engines drive electrical generators) များ ပါရှိသည်။ ပုံမှန် သင်္ဘောတစ်စီးတွင် စိတ်ချစွာမောင်းနှင်နိုင်ရန် ထိုကဲ့သို ဂျင်နရေတာ ၃ လုံး သို့မဟုတ် ပိုမို၍ ပါဝင်သည်။ သင်္ဘောပေါ်ရှိ ဂျင်နရေတာ အားလုံးပေါင်း၏ ပါဝါထွက်ရှိမှုသည် သုံးမည့်ပမာဏထက် ပိုမိုများပြားရမည် ဖြစ်သည်။ သို့မှသာ ဂျင်နရေတာများကို ထိမ်းသိမ်းနိုင်မှု နှင့် ပျက်စီးမှုတို့ ကိုပြန်လည် ပြင်ဆင်ရန် အဆင်ပြေမည် ဖြစ်သည်။

ရေနွေးသုံးသင်္ဘောများတွင် ရွေ့လျားသွားလာနိုင်ရန်နှင့် လျှပ်စစ်သုံးစွဲမှုတို့ကို စွမ်းအင်ထောက်ပံ့ပေးနိုင်ရန် ဘွိုင်လာ (Boiler) ၁လုံး သို့မဟုတ် ပိုမို၍ ပါဝင်ကြသည်။ ဘွိုင်လာမှထွက်လာသော ဖိအားများရေနွေးငွေ့ (High Pressure Steam) များကို reciprocating engines များ သို့မဟုတ် turbines များ လည်ပတ်စေခြင်းဖြင့် သင်္ဘောကို ရွေ့လျားသွားလာစေနိုင်သည်။ ထိုကဲ့သို့ပင် Turbo generators များကို မောင်းနှင်၍ လျှပ်စစ် ထုတ်လုပ်ပေးကြသည်။

သင်္ဘောပေါ်တွင် သင်္ဘောကိုရွေ့လျားပေးသော Main Engine နှင့် လျှပ်စစ်ထုတ်လုပ်ပေးသော auxiliary engines (Generator) တို့အပြင် တခြားသော ပိုမိုသေးငယ်သည့် စက်ပစ္စည်းများလည်းပါဝင်ကြသည်။ လေဖိစက်(air compressor)၊ feed pumps နှင့် fuel pups ကဲ့သိုသော စက်များဖြစ်ကြသည်။ ယနေ့ခေတ်တွင် ထိုစက်များကို သေးငယ်သော ဒီဇယ်အင်ဂျင်များ သို့မဟုတ် လျှပ်စစ်မော်တာများ နှင့် မောင်းနှင်ကြသည်။ သို့သော် ရေနွေးငွေ့ဖြင့် အသုံးပြုမှုများလဲ ရှိကြသေးသည်။

အင်ဂျင်သို့ အအေးပေးမှု စနစ်[ပြင်ဆင်ရန်]

အင်ဂျင်များကို fresh water သို့မဟုတ် cooling oil တို့ဖြင့် အအေးခံသည်။ ထိုအင်ဂျင်အတွင်းသို့ အအေးပေးသော ရေ သို့မဟုတ် ဆီတို့ကို seawater ဖြင့်ပြန်လည် အအေးခံပေးသည်။ seawater နှင့် fresh water သို့မဟုတ် cooling oil တို့ကို အပူကူးပြောင်းမှု ပြုလုပ်ရာတွင် heat exchangers များအသုံးပြုကြသည်။ ထို heat exchanger များကို အသုံးပြုရာတွင် ပိုက်လိုင်းများအတွက် seawater ကို အစိမ်းရောင်ဖြင့် လည်းကောင်း fresh water ကို အပြာရောင်ဖြင့် လည်းကောင်း cooling oil (lubricating oil) ကို အဝါရောင်ဖြင့် လည်းကောင်း သတ်မှတ်ပြီး အမှတ်အသားများပြုလုပ်ကြသည်။

လုံခြုံရေးစနစ်များ (Safety)[ပြင်ဆင်ရန်]

မီးသတိထားမှုများ (Fire precaution)[ပြင်ဆင်ရန်]

အင်ဂျင်ခန်းသည် အပူများ ဆူညံမှုများ နှင့် တခါတလေ ဆီများဖြင့် ညစ်ပတ်နေတတ်သည်။ မီးလောင်လွယ်သော ဆီငွေ့များ၊ High voltage (HV) လျှပ်စစ် ပစ္စည်းများ နှင့် internal combustion engine (ICE) တို့ကြောင့် အင်ဂျင်ခန်းသည် မီးလောင်ရန်အတွက် လွယ်ကူသောနေရာတစ်ခုဖြစ်လာသည်။ ထို့ကြောင့် အင်ဂျင်ခန်းတွင်တာဝန်ယူရသော အင်ဂျင်နီယာ တို့သည် အနီးကပ် စောင့်ကြည့်လေ့လာနေကြသည်။ ထိုမျှမက စောင့်ကြည့်လေ့လာမှုစနစ်များ (monitoring system) ကိုလည်းတပ်ဆင်ထားသည်။

လေဝင်လေထွက်စနစ်များ (Ventilation)[ပြင်ဆင်ရန်]

Internal Combustion Engines (ICE) သို့မဟုတ် Turbine Engines များသုံးနေသမျှ ကာလပတ်လုံးတွင် လုံလောက်သော လေရရှိရန်အတွက် အင်ဂျင်ခန်းထဲသို့ လေဝင်လေထွက်စနစ်တစ်ခု ထားရှိရမည် ဖြစ်သည်။ ပုံမှန်လေဝင်လေထွက်စနစ်ရှိသည်ဖြစ်စေ ထပ်မံ၍ လေဝင်လေထွက်စနစ် တစ်ခုပြုလုပ်ပေးရမည်ဖြစ်သည်။ သို့မှသာ အင်ဂျင်ခန်းအတွက် လက်ခံနိုင်သော အပူချိန်တစ်ခု ရရှိမည်ဖြစ်သည်။

သမိုင်း (History)[ပြင်ဆင်ရန်]

၁၉၈၈ မှ ၁၉၆၀ ခုနှစ်များတွင် အင်ဂျင်ခန်းနှင့် မီးသတ်ခန်းကို ခွဲခြားတည်ဆောက်လာကြသည်။ သိုမှသာ အရေးပေါ်အခြေအနေတွင် အင်ဂျင်ခန်းမီးလောင်သည့် အခါ မီးသတ်ခန်း (Fire room) မှ ပြန်လည်ငြိမ်းသတ်နိုင်မည်ဖြစ်သည်။