အင်ကွီဇီးရှင်း

ဝီကီပီးဒီးယား မှ
Emblem of the Spanish Inquisition (1571)

လူ့မိစ္ဆာများအားနှိမ်နှင်းရန် ရောမကက်သ လစ်ခရစ်ယာန်ဂိုဏ်းက ဖွဲ့စည်းထားသော ခုံရုံးကို အင်ကွီဇီးရှင်း ဟုခေါ်သည်။ ဥရောပတိုက်၌ ၁၃ ရာစုနှစ်အတွင်း မိမိတို့ရိုးရာ အစဉ်အဆက် သက်ဝင်ယုံကြည်ခဲ့သော အယူဝါဒမှ အခြား အယူဝါဒသို့ပြောင်းလဲသူများ ပေါများခဲ့ရာ ထိုအယူဝါဒ ပြောင်း လဲမှုများကို ကာကွယ်တားမြစ်ရန်နှင့် စစ်ဆေးရန်အလို့ငှာ ရောမကက်သလစ်ဂိုဏ်းမှ အင်ကွီဇီးရှင်းခုံရုံးဟူသောအမည်ဖြင့် အထူးခုံရုံးတစ်ခုတစ်ကို ဖွဲ့ထားခဲ့၏။

တတိယအင်နိုးဆင့်အမည်ခံ ပုပ်ရဟန်းမင်းကြီးလက် ထက်က အယူဝါဒပြောင်းလဲသူများ ရှိမရှိစုံစမ်းရန် ပြင်သစ် နိုင်ငံတောင်ပိုင်းသို့ အထူးကိုယ်စားလှယ်တော်များ စေလွှတ်ခဲ့ဖူး ၍ ထိုသို့အယူဝါဒပြောင်းလဲမှုကို နှိမ်နှင်းရန်အတွက် ဒိုမီနီကန် ဖရိုင်ယာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ စတုတ္ထအင်နိုးဆင့် ပုပ်ရဟန်း မင်းကြီးလက်ထက်တွင် အင်ကွီဇီးရှင်းခုံရုံးကို ကျနစွာဖွဲ့စည်းပြီး လျှင် ဒိုမီနီကန်ဘုန်းတော်ကြီးများအား ကြိုးကိုင်အုပ်ချုပ်စေခဲ့ ၏။

အင်ကွီဇီးရှင်းခုံရုံးသည် ခရိုင်တစ်ခုသို့ရောက်သွား သောအခါ ထိုခရိုင်ရှိ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းကြီးနှင့် ခရိုင် အရာရှိများက ကူညီရ၏။ အယူဝါဒပြောင်းလဲသော မိစ္ဆာဒိဋ္ဌိ များကို ခုံရုံးသို့လာရောက်ဖြောင့်ဆိုရန်အတွက် တစ်လအချိန် ပေး၏။ ထိုအချိန်ကုန်ဆုံး၍ ရုံးတင်စစ်ဆေးသောအခါ သက် သေများ၏အမည်တို့ကို လျှို့ဝှက်ထားသော်လည်း တရားခံသည် သူနှင့်မသင့်မြတ်သောသူများ၏ စာရင်းကိုလျှို့ဝှက်စွာ တင်သွင်း နိုင်၏။ ထိုသူများအားတစ်ဖက်မှ သက်သေခံခွင့်မပြုချေ။ သို့ သော် ထိုခေတ်ရာ ဇဝတ်မှုများတွင် လုပ်လေ့လုပ်ထရှိသကဲ့သို့ တရားခံများထံမှ ဖြောင့်ဆိုဝန်ခံချက်ရစေရန် ည|ဉ်းပန်းမေးမြန်း သောနည်းများကိုလည်း အသုံးပြုတတ်ကြ၏။ ပြစ်မှုထင်ရှားသူ များအား အမည်ကိုထုတ်ဖော်၍ အတိအလင်းကျေညာပြီးလျှင် ငွေဒဏ်၊ ထောင်ဒဏ်တစ်သက်မှစ၍ မီးတင်ရှို့သောသေဒဏ် အထိ အပြစ်ပေးစီရင်လေသည်။

တစ်ဆယ့်ငါးရာစုနှစ်အတွင်းက စပိန်နိုင်ငံတွင် ထိုခုံရုံး မျိုးအထူးခေတ်စားခဲ့၍ တရားသူကြီးချုပ် တစ်ဦးကိုပင် ခန့် ထားစစ်ဆေးစေခဲ့၏။ ထိုအချိန်သည်ကား ဖာဒီနန်ဘုရင်နှင့် အစ္စဗဲလာဘုရင်မတို့ အုပ်စိုးချိန်ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် အယူဝါဒပြောင်းလဲမှုကိုဘန်းပြကာ ကိုယ်ရေးနှင့် နိုင်ငံရေးကိစ္စများအတွက် ရန်သူတို့အား လက်စား ချေရန် အင်ကွီးဇီးရှင်းခုံရုံးကို အသုံးပြုတတ်သဖြင့် မသန့်မရှင်း ဖြစ်ခဲ့၏။ စပိန်နိုင်ငံ၌ ထိုခုံရုံးမျိုးသည် ၁၈၂ဝ ပြည့်နှစ်သို့ တိုင်အောင် တစ်နည်းတစ်ဖုံအားဖြင့်ရှိနေခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)